Unicode…လူနာတေကို ကုသပေးရင်း ကိုဗစ်ကူးစက်ခံရတဲ့ ဒေါက်တာမလေး ငြိမ်းသိရီအတွက် အားပေးစကားပြောခဲ့တဲ့ ဒေါင်း
လူနာတေကို ကုသပေးရင်း COVID-19 ကူးစက်ခံရတဲ့ အမာခံ ပရိသတ် ဆရာဝန်တစ်ဦးကို သရုပ်ဆောင် ဒေါင်းကနေ အားပေးစကားပြောခဲ့ပါတယ်နော်။
ရခိုင်ပြည်နယ်တွင် ရှေ့တန်းမှာ လူ နာတွေကိုကုသပေးရင်းနဲ့ COVID-19ကူးစက်ခံခဲ့ရသည့် သူ့ရဲ့ အမာခံပရိ သတ် ဆရာဝန်တစ်ဦးကို အွန်လိုင်းကနေ ပြီးတော့ အားပေးစကားပြောခဲ့ကြောင်းကို ဒေါင်းက ပြောခဲ့ပါတယ်။
ဒေါင်းက ကျွန်တော့် Fan Group ထဲမှာ သူ့ကို ဂုဏ်ပြုတဲ့ Ambu-lance ပေါ်တက်သွားတဲ့ ဗီဒီယို ကလစ်လေး တက်လာတယ်။ Peachick ဂရု(ပ်)ထဲကဆိုတာ ပရိသတ်တွေပြောတော့ သိလိုက် တယ်။
အဲဒီဆရာဝန်မလေးကို ဂုဏ်ပြုချင်တဲ့စိတ်ပါ။ သူ့ကို အားပေးရင်း ဘာတွေ လိုအပ်မလဲဆို တာသိချင်လို့ အွန်လိုင်းကနေ ချိတ်လိုက်တာ ဟု ဆိုပြီး ဒေါင်းက ပြောခဲ့တာပါ။ရခိုင်ပြည်နယ်ကို အွန်လိုင်းကနေဘဲ ဆက်သွယ်လို့ ရခြင်းသာ
ဖြစ်တဲ့အတွက် အခက်အခဲရှိခဲ့သော် လည်း ဒေါက်တာငြိမ်းသီရိနှင့် အ ဆက်အသွယ်ရခဲ့ကြောင်းကို ပြောလာခဲ့ပါတယ်။သူက သေချာရှင်းပြတယ်။ ပထမတစ်ခေါက်လောက် အရမ်းမပြင်းထန်ဘူး။ ခပ်ပျော့ပျော့ပဲ။
အဓိကကတော့ လူတွေအများကြီး မကူးသွားဖို့ ကြိုးစားကြတယ်။ ကူးသွားတဲ့အတွက် ကျန်းမာရေး ဂရုစိုက်ဖို့ရယ်၊ ဘာလိုလို ဝိုင်းအ ကူအညီပေးဖို့ ပြောဖြစ်တယ် လို့ ဒေါက်တာမလေး ငြိမ်းသီရိကို အားပေးစကားပြောဖြစ်သည့်အကြောင်း ကို ဒေါင်းက ခုလိုဘဲ ပြောခဲ့ပါတယ်။
ဒါ့အပြင် နောက်ရက်တွေ အတွင်းမှာ ရခိုင်ပြည်နယ်အတွက် ကျန်း မာရေး အထောက်အကူပြုပစ္စည်း များ လှူဒါန်းရန် စီစဉ်နေကြောင်း ပြောခဲ့ပါသည်။ရခိုင်ပြည်နယ်မှာ ပြည် တွင်းကူးစက်မှု တွေ့ရှိခဲ့ပြီးနောက်
ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အများပြားကူးစက်နေတဲ့ အပေါ်ဒေါင်းက Quarantine ဝင်တဲ့ သူတွေ စည်းကမ်းသိပ် မလိုက်နာဘူးလို့ သတင်းကြား တယ်။ အမျိုးတွေလာတွေ့ရင် လူတွေအများကြီးလာတွေ့တာမျိုး ရှိတယ်။
အဲဒီအခါကျတော့ စေတနာ့ ဝန်ထမ်းတွေရော၊ ကျန်းမာ ရေးဝန်ထမ်းတွေရော အခက် တွေ့တာပေါ့။ ထိန်းချုပ်ရတဲ့အပိုင်းမှာ။ ဘာပဲဖြစ်ဖြစ် အားလုံးအတူတူပူးပေါင်းပြီး စည်းကမ်းရှိရှိလေးနေ ရင် အားလုံးကို ကူညီရာရောက် မယ်လို့
ခံစားမိပါတယ် လို့ ပြောလာခဲ့တာပါ။သရုပ်ဆောင် ဒေါင်းကတော့ ခုလို စိတ်ထားစေတနာ ကောင်းမူတွေကြောင့် အောင်မြင်နေတာဘဲ ဖြစ်မှာပါနော်။Source: 7Day
Add a Comment
Your email address will not be published. Required fields are marked *