တစ်ဘဝလုံး ပင်ပန်းဆင်းရဲစွာ ရုန်းကန်ပြီး ဘွဲ့ရသည်ထိ ကျောင်းထားပေးတဲ့ ဖခင်ကို ဘွဲ့ယူချိန်မှာ ဂုဏ်ယူစွာ ဖော်ပြခဲ့တဲ့ သမီးလေး
ဘဝတစ်ခုလုံးပင်ပန်းဆင်းရဲစွာ ရုန်းကန်ပြီး ဘွဲ့ရသည်ထိ ကျောင်းထားပေးတဲ့ ဖခင်ကို ဘွဲ့ယူချိန်မှာ ဂုဏ်ယူစွာ ဖော်ပြခဲ့တဲ့ သမီးလေး
Unicode…ဘဝတစ်ခုလုံးပင်ပန်းဆင်းရဲစွာ ရုန်းကန်ပြီး ဘွဲ့ရသည်ထိ ကျောင်းထားပေးတဲ့ ဖခင်ကို ဘွဲ့ယူချိန်မှာ ဂုဏ်ယူစွာ ဖော်ပြခဲ့တဲ့ သမီး
မိဘတွေဆိုတာဟာ ကိုကိုယ်တိုင် ဆားနဲ့လျှက်စားနေရရင်တောင်မှ သူတို့ သားတွေသမီးတွေ ကို ထမင်းပန်းကန်ထဲမှာ အရသာရှိတဲ့ ကောင်းမွန်တဲ့ စားကောင်းသောက်ဖွယ်တွေကို ကျွေးချင်တာ သဘာဝပါနော်။
မိမိကိုယ်တိုင်က လုံခြုံအောင်ဝတ်ဖို့ နေဖို့ ရုန်းကန်နေရရင်တောင် သူတို့ ချစ်တဲ့ သားတွေသမီးတွေကိုတော့ လူတန်းစေ့ ဝတ်စားစေချင်ကြတာပါနော်။ သားတွေသမီးတွေရဲ့ ပညာရေးဘက်မှာလည်း သူတို့တက်နိုင်တာထက်
ပိုပြီး ထောက်ပံ့ကြပြီး၊ပညာတတ်တဲ့ လူတော်လူကောင်းတွေ အမြဲတမ်း ဖြစ်စေချင်ကြတာပါနော်။ခုပြောပြပေးမယ့် ကျောင်းသူမလေးတစ်ယောက်ကတော့ သူမတို့မိသားစုကိုင်တိုင်က အစစအရာရာ မပြည့်စုံပေမယ့်
သူမကို တခြားကလေးတွေနဲ့တန်းတူ တက်နိုင်အောင်လို့၊ တခြားကလေးတွေလိုလည်း ဝတ်စားဆင်ယင်နိုင်အောင်ပြီး တခြားကလေးတွေလို သုံးစွဲနိုင်အောင်လို့ ဘဝတစ်ခုလုံး ကြိုးစားရုန်းကန်ပေးတဲ့ လယ်သမားဖခင်ကြီးကို
သူမ ဘွဲ့ယူတဲ့နေ့မှာ ဂုဏ်ယူစွာ ပွဲထုတ်ခဲ့ပါတယ်နော်။ကျောင်းသူလေးအမည်ကတော့ Ela Marfil Sullano ဖြစ်ပါတယ်နော်။ သူမရဲ့ဖခင်ဟာ ဘယ်လိုတောင် ခက်ခဲကြမ်းတမ်းတဲ့ ဘဝဒဏ်တွေကို ရင်စည်းခံခဲ့ရသလဲဆိုတာကို
သူ့ရဲ့ ရုပ်ရည်ရုပကာကိုကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်နော်။ အကောင်းဆုံးလို့ ယူဆရတဲ့ အဝတ်စားတွေကို ရွေးချယ်ဝတ်ဆင်ခဲ့ပေမယ့်လည်း သူ့ရဲ့ပုံစံဟာ နွမ်းပါးလွန်းတဲ့ပုံ ပေါက်နေပါတယ်နော်။သူ့ရဲ့ ကြမ်းတမ်းတဲ့
လက်ချောင်းတွေကို မြင်လိုက်တာနဲ့တင် သူ့ဖခင်ဟာ မိသားစုအတွက် ဘယ်လောက်တောင် တာဝန်ကျေခဲ့သလဲဆိုတာကို မြင်သာစေမှာပါနော်။ Ela ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Iloilo ပြည်နယ်၊
Leganes မှာတည်ရှိတဲ့ St. Vincent College of Science and Technology ကနေ ဂုဏ်ထူးတွေနဲ့အတူ ဘွဲ့ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်နော်။ ဘွဲ့ယူအမှတ်တရမှာ ဖခင်က မပါမဖြစ်အရေးပါးတဲ့
လူတစ်ယောက်ပါတယိနော်။သူမဟာ ဖခင်နဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကို Facebook Profile အဖြစ် ထားပြီး ဖော်ပြဂုဏ်ပြုခဲ့ရာ၊ သူမရဲ့ဓာတ်ပုံကို Like and Reaction ပြုလုပ်သူ
(၁၁၅၀၀၀)ဦးအထိ ရှိနေခဲ့ပြီး၊ ပြန်လည်မျှဝေသူ (၂၆၀၀၀)အထိ ရှိခဲ့ပါတယ်နော်။ comment ရေးသူပေါင်း (၃၈၀၀)အထိ ရှိခဲ့ကြောင်း သိရပါတယ်နော်။Ela က သူမအနေနဲ့ ဒီလို
လူတလုံးသူတလုံး ဖြစ်လာဖို့အတွက် တစ်ယောက်တည်းစွမ်းအားနဲ့ မရနိုင်ကြောင်း၊ မိဘတွေရဲ့ အကူအညီမပါဘဲ၊ သားသမီးဆိုတာ ထိပ်ဆုံးနေရာ ရောက်နိုင်ဖို့ မလွယ်ကြောင်း၊ သူမဘဝမှာ အရေးပါဆုံးသော
လူပုဂ္ဂိုလ်ကတော့ ဖခင်ဖြစ်တဲ့အတွက် အခုလို ဂုဏ်ပြုခဲ့တာလို့ ဆိုပါတယ်နော်။ဖတ်ရူအားပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်နော်။Source– shwemom
Tags:
Add a Comment
Your email address will not be published. Required fields are marked *