ယူနိုက်တဒ်တိုက်စစ်အတွဲအနာဂတ်အတွက် ကြိုတင်ဟောကိန်းထုတ်လိုက်တဲ့ ဂယ်ရီနဗီးလ်

ယခုရာသီမှာသူံးဦးပေါင်းသွင်းဂိုး (၅၆)ဂိူးထိရရှိထားတဲ့ မန်ယူနိုက်တဒ်ရဲ့ M သုံးလူံး တိုက်စစ်ဟာ လီဗာပူးလ် နဲ့ မန်စီးတီး တိုက်စစ်တွေကိုကျော်လွန်ပြီးအနာဂတ်မှာ အကောင်းဆူံးတိုက်စစ်ဖြစ်လာလိမ့်မယ်လို့ နဗီးလ်ကဆိုပါတယ်။ ယူနိုက်တဒ် အတွက် ယခုရာသီမှာ ပြိုင်ပွဲစုံ မာစီရယ်(၂၀)၊မားကပ်စ်(၂၀)၊မေဆင်(၁၆) တို့ က အသီးသီးသွင်းယူပေးထားပြီး ရာသီအစက မယုံကြည်ခဲ့မှု့တွေကို ချေဖျတ်ပြနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။လက်ရှိမှာ ဒီသုံးယောက်ဟာ ဥရောပဘအကောင်းဆုံးတိုက်စစ်သုံးယောက်တွဲ ၅တွဲမှာ ပါဝင်နေပြီး ပျမ်းမျှအသက် ၂၁.၃ နှစ်သာ ရှိလို့ အသက်ငယ်ဆုံးတိုက်စစ်အတွဲဖက်လည်းဖြစ်‌ေိပါတယ်။

နဗီးလ် က ” ဆာလာ၊ဖာမီနို နဲ့ မာနေး တို့က ရင့်ကျက်နေပါပြီ။သူတို့က ကိုယ်တိုင်သက်သေပြပြီးသားကစားသမားတွေဖြစ်သလို စိန်ခေါ်မှူ့တိုင်းကိုလက်ခံနိုင်တဲ့သူတွေပါ။သူတို့သုံးယောက်က လက်ရှိမှာလိဂ်ရဲ့အကောင်းဆူံးတိုက်စစ်အတွဲပါပဲ။မန်စီးတီး လိဂ်ချန်ပီယံဖြစ်ခဲ့ရင်တောင် ကျနော်ကတော့ ဒီတိုင်းပဲပြောမှာပါ။မန်ယူနိုက်တဒ်ရဲ့တိုက်စစ်သုံးယောက်က လီဗာပူးလ် တိုက်စစ်ရဲ့အနေထားမျိုးမရှိသေးပါဘူး။ဒါကြောင့်သူတို့အပေါ်အရမ်းကြီးမျှော်လင့်လို့မရသေးပေမယ့် သုံးယောက်လုံးကစွမ်းရည်နဲ့ အရည်အချင်းအပြည့်အဝရှိတဲ့သူတွေပါ။”

Add a Comment

Your email address will not be published. Required fields are marked *