Unicode…အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကို ချစ်သူရွေးဖြစ်ပုံနဲ့ အချစ်ပေါ်မှာ ထားတဲ့ ခံယူချက်ကို ပြောလာတဲ့ မအေးသောင်း
နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ချစ်သူအဖြစ်ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ သူမရဲ့အချစ်ရေးအကြောင်ကို အေးဝတ်ရည်သောင်းက ပြောလာခဲ့ပါတယ်။မအေးသောင်းဟာ ၂၀၀၇ ခုနှစ်မှာ အနုပညာလောကထဲကို
ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့ အရင် ကထက်တောင် ပရိတ်သတ်တေရဲ့ အားပေးချစ်ခင်မူ ကို ရရှိလာပါတယ်။ အေးဝတ်ရည်သောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့
ဇာတ်လမ်းတွဲတွေမှာပါ အမြဲ သရုပ်ဆောင် နေတဲ့ မင်းသမီးချောလေးတစ်လက်ဘဲဖြစ်ပါတယ်။ ယခုချိန်မှာ မအေးသောင်းဟာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေချည်လွှာ နဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကို ဦးဆောင်ပြီး
လုပ်ကိုင်နေတာပါဖြစ်ပါတယ်နော်။  ယခင် ရက်ပိုင်းလောက်က မအေးသောင်းက သူမရဲ့ ချစ်တဲ့သူ ကို ပရိတ်သတ်တေကို ချပြလာခဲ့တာဖြစ်ပြီး သူူမရဲ့ ပရိသတ်တွေကလည်း လိုက်ဖက်တဲ့စုံတွဲလေးအဖြစ် ဝိုင်းဝန်းပြောဆိုနေကြတာဖြစ်ပါတယ်။
သူမရဲ့ ချစ်သူကို ချပြခဲ့တာကို မအေးသောင်းက “Facebook မှာ တစ်ခါမှ ချစ်သူ ပုံ ချမပြခဲ့ဖူးဘူး။ ချစ်သူ ရဲ့ မွေးနေ့မှာ Surprise လုပ်ပေးချင်လို့ စုံတွဲ ပုံလေး တင်လိုက်တာပါ။ သူကိုယ်တိုင်လည်း
Surprise ဖြစ်သွားတယ်။ ယောကျ်ားတစ်ယောက်ကို ရွေးချယ်ရင် သစ္စာတရား ကို အဓိကထားပါတယ်။ အကောင်းဆုံးဖြစ်မယ့် သူကို ရွေးချယ်ခဲ့တာပါ” ဆိုပြီးတော့ပြောပြလာခဲ့တာဖြစ်ပါတယ်နော်။
အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ရွေးချယ်ဖြစ်ခဲ့ပုံကိုလည်း ” စီးပွားရေးလုပ်ငန်းရှင်ရယ်လို့ရွေးချယ်ခဲ့တာတော့ မဟုတ်ဘူး အမခံယူထားတာက ယောကျာ်းလေးတစ်ယောက်က
ကိုယ့်ကိုနားလည်ရမယ် သစ္စာ ရှိရမယ် အမရဲ့ အလုပ်အပေါ်မှာ နားလည်မှုရှိရမယ် သူ့အလုပ်ကိုလည်း အမနားလည်လို့ရတယ်ဆိုတော့ အများကြီးပါပဲ တစ်ယောက်ကို တစ်ယောက်ချစ်တာတွေရော ပေါင်းစပ်ပြီးရွေးချယ်ဖြစ်ခဲ့တာပါ ”
လို့ဆိုပြီးတော့ ခုလိုဘဲ ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။ မအေးသောင်းကတော့ အချိန်ကာလ တစ်ခုထိ ချမပြခဲ့တဲ့ သူမချစ်သူကို ပြောပြလာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့
ချီးကျူးခြင်းကိုရရှိနေခဲ့တာဘဲဖြစ်ပါတယ်။အေးချမ်း ဖြူစင်တဲ့ သူမ ရဲ့ အလှလို သူမ ဘဝလေးတစ်လျောက်လုံး အေးချမ်းသာယာနိုင်ပါစေနော်။ Credit:Shwe yaung myanmar
Add a Comment
Your email address will not be published. Required fields are marked *