ယခုချိန်ထိ ကမ္ဘာပေါ်မှာ ကိုဗစ် လုံးဝ မဖြစ်သေးတဲ့ နိုင်ငံများ

ယခုချိန်ထိ ကမ္ဘာပေါ်မှာ ကိုဗစ် လုံးဝ မဖြစ်သေးတဲ့ နိုင်ငံများ

ကိုဗစ်ရောဂါ ဟာ မူလဗီဇက ပြောင်းသွားတ ယ်လို့ သိရှိရပါတယ်။ ယခုချိန်မှာ နိုင်ငံတချို့တွေမှာ ဒုတိယလှိုင်းလို့ပြောတဲ့  မူလဗီဇထက်ကို ကူးစက်မှုဆယ်ဆ ပိုမြန်တဲ့အနေအထားကို ရောက်ရှိသွားပြီလို့ ဆိုကြပါတယ်။

သို့သော်လည်း ရောဂါရဲ့ ပြင်းအားကတော့ အရင်ကထက် အဆပေါင်းများစွာ လျှော့နည်း သွားတယ်လို့ ပညာရှင်တချို က ပြောကြားထားပါတယ်။ယခုချိန်ထိ ကိုဗစ်လုံးဝ မဖြစ်သေးကြောင်း ကြေညာထားတဲ့နိုင်ငံ (၁၄)နိုင်ငံအထိ ရှိနေပြီး ၊

ယခု ဆောင်းပါးကတော့ Mirror သတင်းဌာနက သြဂုတ်လ(၂၄)ရက်နေ့က ဖော်ပြထားတဲ့ ဆောင်းပါးကို ဖော်ပြတာဖြစ်ပါတယ်။ ရက်ပိုင်းနဲ့ ကာလပြောင်းလဲမူတေအရ ဆောင်းပါးမှာ ပါဝင်ခဲ့တဲ့အချက်အလက်တစ်ချို့ဟာ

မှန်/မမှန် မူဟာ ရှိကောင်းရှိနိုင်မယ်လို့ ကြိုတင်ဝန်ခံပါရစေနော်။ပရိတ်သတ်ကြီး အတွက် ဗဟုသုတရအောင်လို့ ဖြော်ပြပေးလိုက်ပါတယ်နော်။

(၁) The Cook Islands

တောင်ပစိဖိတ်ကမ်းလွန်ပင်လယ်အတွင်းမှာ တည်ရှိတဲ့ The Cook Islands ဟာ ကျွန်းစုနိုင်ငံလေးတစ်ခု ဖြစ်ပါတယ်။ လူဦးရေမှာ (၂၀၁၆)ခုနှစ် သန်းခေါင်စာရင်းအရ (၁၇၄၅၉)သာ ရှိပြီး၊ ကိုဗစ်ဖြစ်နေတဲ့ ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ဖို့ရာအတွက် ကုန်းတွင်း/တိုက်မကြီးတွေက

နိုင်ငံတွေလောက် အခက်အခဲမရှိပါဘူး။ ထို့ကြောင့် ကိုဗစ်ကင်းစင်တဲ့နိုင်ငံတစ်ခု ဖြစ်နေတာပါ။ သူတို့ဝန်ကြီးချုပ်ဟောင်း ဂျိုးဆက်ဝီလီယံကတော့ ကိုဗစ်ကူးစက်ပြီး ဆေးရုံတက်ရောက်နေရပါတယ်။ ဒါပေမယ့် သူက နယူးဇီလန်နိုင်ငံမှာ ရောက်နေတာပါ။ လက်ရှိဝန်ကြီးချုပ် ဟင်နရီပူးနားကတော့ သူ့တို့လူမျိုးတွေကို ကာကွယ်ဖို့အတွက် တင်းကျပ်တဲ့စည်းမျည်းစည်းကမ်းတွေနဲ့ ကာကွယ်မှာဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။

(၂) မိုက်ခရိုနီးရှား

ဖက်ဒရယ်ပြည်ထောင်စု ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ကျွန်းငယ်ပေါင်း(၆၀၀)ကျော်နဲ့ ဖွဲ့စည်းထားတဲ့ မိုက်ခရိုနီးရှားနိုင်ငံကလည်း ကိုဗစ်ကင်းစင်နေဆဲလို့ သိရှိရပါတယ်နော်။

(၂၀၁၈)ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၁၁၂၆၄၀)သာရှိပါတယ်နော်။ ကိုဗစ်စကတည်းက နိုင်ငံတွင်းဝင်ပေါက်တွေကို ပိတ်စို့လိုက်ပြီး၊ ချက်ချင်း အထူးတပ်ဖွဲ့ ဖွဲ့စည်းကာ ကိုဗစ်ကို တုန့်ပြန်ဖို့ အဆင်သင့် ဖြစ်နေခဲ့တာပါနော်။

ပြည်ပက ပြန်လာတဲ့လူတွေကိုလည်း သီးခြားကျွန်းတွေပေါ်မှာ Quarantine center တွေမှာ ထားပါတယ်တဲ့။

(၃) ခီရီဘာတီနိုင်ငံ

လူဦးရေ (၁၁၅၈၄၇)ဦးသာရှိတဲ့ ခီရီဘာတီနိုင်ငံလေးဟာ လက်ရှိအချိန်ထိ ကိုဗစ်ကင်းစင်နေဆဲပါ။ လက်ရှိအချိန်ထိတော့ ဘယ်နိုင်ငံကနေ လာလာ သတ်မှတ်ထားတဲ့ Q ရက်ပြည့်အောင် ဝင်ရမှာပါ။ နောက်ပြီး နိုင်ငံတွင်းကို ဝင်ခွင့်ရယူလိုသူတွေအနေနဲ့ ကိုဗစ်ကူးစက်မှုကင်းစင်ကြောင်း

ဆေးထောက်ခံချက်လည်း ပါရှိရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ကိုဗစ်ဆိုးရွားလွန်းတဲ့နိုင်ငံတွေကို ဗီဇာတွေ ပိတ်ထားဆဲလို့ တခြားရင်းမြစ်တစ်ခုက ဆိုပါတယ်။

(၄) မာရှယ်ကျွန်းစုနိုင်ငံ

မာရှယ်ကျွန်းစုနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ တည်ရှိပြီး၊ (၅၈၄၁၃)ဦးသာရှိတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။ ကျွန်းစုပေါင်း (၁၁၅၆)ခုနဲ့ ပေါင်းစပ်ထားပြီး၊ လက်ရှိအချိန်ထိ ပြည်တွင်းဝင်ရောက်ခွင့်ကို အထူးကန့်သတ်ထားဆဲဖြစ်ပြီး၊

လေကြောင်းခရီးစဉ်တွေ ပိတ်ဆို့ထားတာလည်း ကာလအတော်လေး ရှည်နေပါပြီ။ လက်ရှိအချိန်ထိ ကိုဗစ်ကင်းစင်နေဆဲပါတယ်။

(၅) နာအူရူနိုင်ငံ

ikimedia commons လူဦးရေ (၁၂၇၀၄)ဦးသာရှိတဲ့ နာအူရူနိုင်ငံဟာ မိုက်ခရိုနေးရှားဖက်ဒယ်ပြည်ထောင်စုရဲ့ အဝင်အပါ၊ လက်ခွဲနိုင်ငံလေး ဖြစ်ပါတယ်နော်။ ကမ္ဘာ့အသေးဆုံးနိုင်ငံတစ်ခုလို့ ပြောလို့ရပါတယ်။ နိုင်ငံအကျယ်အဝန်းမှာ (၈)မိုင်ပတ်လည်သာ ကျယ်ဝန်းပါတယ်။

ရေပြင်ထိစပ်နိုင်ငံကြီးတွေဖြစ်တဲ့ သြစတေးလျနဲ့ နယူးဇီလန်တို့မှာ စိုးရိမ်ဖွယ်ရာအနေအထားတွေ စတွေ့ကတည်းက နိုင်ငံတွင်း ကို ဝင်ရောက်ခွင့်ကို ကန့်သတ်လိုက်ပါတယ်နော်။ထို့ကြာင့် ခုလက်ရှိအချိန်ထိ ကိုဗစ်ကင်းစင်နေဆဲပါ။

(၆) Niue နိုင်ငံ

Niue နိုင်ငံကတော့ ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံလေးဖြစ်ပါတယ်။ လူဦးရေ (၁၆၂၄)ဦးသာ ရှိပြီး၊ သာမန်ရွာလေးတစ်ရွာလောက်သာ ရှိပါတယ်။ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ တည်ရှိပြီး၊

နယူးဇီလန်နဲ့ ရေပြင်နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံလေးပါ။ တွန်ဂါနဲ့ Cook Islands အကြားမှာ တည်ရှိပြီး ကိုဗစ်ကင်းစင်နေဆဲပါတယ်။

(၇) မြောက်ကိုရီးယား

ikimedia commons ခေါင်းဆောင်ကင်နဲ့ နိုင်ငံပိုင်သတင်းစာတွေကတော့ ကိုဗစ်ရိုက်ခတ်မှုနဲ့ပတ်သက်ပြီး ငြင်းဆန်နေဆဲပါနော်။ မကြာသေးခင်ကမှ တောင်ကိုရီးယားကနေ ထွက်ပြေးလာသူတစ်ဦး ကိုဗစ်ကူးစက်ခံရတယ်လို့

ကြားသိခဲ့ရပေမယ့် နောက်ပိုင်းတော့ မဟုတ်မှန်ဘူးလို့ ဆက်လက်ငြင်းဆန်ခဲ့ပါတယ်နော်။ ထိုစဉ်တုန်းကတော့ ထွက်ပြေးလာသူရောက်ရှိရာမြို့ကို ချက်ချင်း Lockdown ချလိုက်တယ်လို့ သိရါတယ်နော်။

(၈) ပလာအူနိုင်ငံ

ပလာအူနိုင်ငံကလည်း မိုက်ခရိုနေးရှားဖက်ဒယ်ပြည်ထောင်စုတွင်း ပါဝင်တဲ့ နိုင်ငံငယ်လေးတစ်ခု ဖြစ်ပါတယ်နော်။ ကျွန်းစုပေါင်း(၈၀၀)လောက်မှာ ရွာငယ်လေးတွေနဲ့ လူဦးရေ (၁၈၀၀၀)လောက် ပျံ့နှံ့နေထိုင်ကြပါတယ်။

သူတို နိုင်ငံတွင်းကို ဝင်ရောက်လာမှုကို ကန့်သတ်ထားပြီး၊ နိုင်ငံတွင်းဝင်ရောက်လာသူတွေကိုလည်း သတ်မှတ်ထားတဲ့စံနှုန်းတွေ ပြည့်မီမှ လက်ခံကြောင်း သိရပါတယ်နော်။

(၉) ဆာမိုအာနိုင်ငံ

ဆာမိုအာကျွန်းနိုင်ငံငယ်လေးကလည်း လူဦးရေ (၂)သိန်းနီးပါးသာရှိပါတယ်နော်။ ပေါ်လီနီးရှားကျွန်းစုတစ်ခု ဖြစ်ပြီး၊ မတ်လကတည်းက နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာကာ လေကြောင်းခရီးစဉ်တွေ၊ လှေခရီးစဉ်တွေ၊

သင်္ဘောခရီးစဉ်တွေအားလုံးကို ပိတ်ပင်လိုက်ပါတယ်။ နိုင်ငံတွင်းကို ဝင်ရောက်လာသူတွေကို တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်တွေနဲ့ လက်ခံမှုတွေ စတင်နေပါတယ်နော်။

(၁၀) ဆော်လမွန်ကျွန်းစုနိုင်ငံ

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းမှာတည်ရှိတဲ့ ဆော်လမွန်ကျွန်းစုနိုင်ငံဟာ လူဦးရေ (၆၅၂၈၅၈)ဦးရှိတဲ့ နိုင်ငံငယ်လေးပါ။ ကိုဗစ်ကပ်ဆိုးကြီး ဟာ နိုင်ငံတော်တော်များများမှာ စတင်ကတည်းက တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့

နိုင်ငံတွင်းအဝင်ထွက်ကို ကန့်သတ်လိုက်တာပါ။ လက်ရှိအချိန်ထိတော့ စည်းမျည်းတွေ ရေးဆွဲနေဆဲဖြစ်ပြီး၊ နိုင်ငံတွင်းဝင်ရောက်မှုကို ပြန်လည်လက်ခံဖို့ ပြင်ဆင်နေပါတယ်နော်။

(၁၁) တွန်ဂါနိုင်ငံ

တွန်ဂါနိုင်ငံကလည်း ပေါ်လီနီးရှားကျွန်းစုတစ်ခု ဖြစ်ပြီး၊ မတ်လတုန်းက သံသယရှိလူနာတစ်ယောက် ပေါ်ခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ဒါက သတင်းမှား သာဖြစ်ကြောင်း အစိုးရကတော့ ဖြေရှင်းခဲ့ပါတယ်နော်။

လူဦးရေ တစ်သိန်းကျော်သာရှိပြီး၊ မတ်လကတည်းက နိုင်ငံတွင်း ဝင်ရောက်သူတွေကို Q ထားရှိပါတယ်။ အခမ်းအနားတွေအကုန်၊ လူစုလူဝေး လုပ်တာတွေကို ပိတ်ပင်ခဲ့ပြီး၊ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်တားမြစ်ထားပါတယ်နော်။

(၁၂) တာ့ခ်မင်နစ္စတန်နိုင်ငံ

အာရှအလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ လူဦးရေ (၆)သန်းနီးပါးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ ဖိနှိပ်ချုပ်ခြယ်မှုအရှိဆုံးနဲ့၊ လျှို့ဝှက်ချက်အမြင့်ဆုံးနိုင်ငံတစ်ခုပါ။ (၁၉၉၁)ခုနှစ်မှာ ဆိုဗီယက်ယူနီယံလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီး၊

မကြာသေးမီက သူတို့နိုင်ငံမှာ HIV/AIDS ရောဂါကူးစက်သူတစ်ဦးမှ မရှိဘူးလို့ ထုတ်ပြန်ခဲ့ရာ၊ ကျွမ်းကျင်သူတွေကတော့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ကိုဗစ်မဖြစ်ခင်ကတည်းကတောင် နိုင်ငံတွင်း အဖြစ်အပျက်တွေကို ကမ္ဘာ့သတင်းစာမျက်နှာတွေက မသိရနိုင်ပါဘူး။ ကိုဗစ်လည်း မဖြစ်သေးဘူးလို့ ထုတ်ပြန်ထားတဲ့နိုင်ငံပါနော်။

(၁၃) တူဗာလူနိုင်ငံ

လူဦးရေ (၁၁၀၀၀)လောက်သာရှိတဲ့ တူဗာလူနိုင်ငံလေးဟာ ပေါ်လီနီးရှားကျွန်းစုနိုင်ငံလေးတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့အသေးဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး၊ ကိုဗစ်ကူးစက်သူ မရှိသေးတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။

(၁၄) ဗန်နူဝါတူနိုင်ငံ

ဗန်နူဝါတူနိုင်ငံ (ဗန်နွာတူဟုလည်း ခေါ်ကြ)လေးကလည်း လူဦးရေ (၃)သိန်းကျော်ရှိတဲ့နိုင်ငံလေးပါ။ တောင်ပစိဖိတ်နိုင်ငံအတွင်းမှာ တည်ရှိပြီး၊ မတ်လကနေ အခုနှစ် နှစ်ကုန်အထိ အရေးပေါ်အခြေအနေကြေညာထားပြီး၊ အမိန့်ရုပ်သိမ်းခြင်းလည်း မရှိသေးပါဘူး။ လက်ရှိအချိန်ထိ

နိုင်ငံတွင်းဝင်ရောက်သူတွေကို လက်ခံဖို့ အစီအစဉ်တွေ ရေးဆွဲနေဆဲသာဖြစ်ပြီး၊ ကိုဗစ်ကူးစက်လူနာလည်း မရှိသေးပါဘူး။ ဖတ်ရူအားပေးတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမားပျော်ရွှင်ကြပါစေနော်။ Credit:လင်းသူရိန်

Add a Comment

Your email address will not be published. Required fields are marked *