“မယားကမုန္း ဖဲကရူံးနွင့္” ကံဆုိးမူေတ ျကားထဲက ေန့ခ်င္း သူေဌး ျဖစ္ခဲ့တဲ့သူ

“မယားကမုန္း ဖဲကရူံးနွင့္” ကံဆုိးမူေတ ျကားထဲက ေန့ခ်င္း သူေဌး ျဖစ္ခဲ့တဲ့သူ

ေက်ာက္အေၾကာင္းကုိိ နားမလည္ခဲ့ေသာ္လည္း တစ္ရက္တည္းနဲ့ ေက်ာက္ရွာၿပီး သူေဌးျဖစ္ခဲ့သူ။သူရဲ့ အမည္ကေတာ့ ဦးကံထြန္း အသက္က ၄၀။အသက္ ၃၀မွာကတည္းက အိမ္ေထာင္က်ခဲ့ေပမယ့္ မထြန္းကားၾကဘူး။

အိမ္ေထာင္သက္ ၁၀ ႏွစ္ခန႔္သာ ရွိလာခဲ့ေပမယ့္ အလုပ္အကိုင္ျဖစ္တဲ့ ေတာင္သူလုပ္ငန္းလည္း သီးႏွံေတြမထြက္ေတာ့ စီးပြားကလည္းမျဖစ္။ မိန္းမျဖစ္သူကလည္း ေငြေၾကးဥစၥာအလြန္မက္ေမာသူ။

စီးပြားကလည္းမျဖစ္ေတာ့အေႂကြးကလည္းတင္ေနေတာ့ ေယာက္်ားျဖစ္တဲ့သူကို ပစ္ထားခဲ့ၿပီး ေငြေၾကးခ်မ္းသာသူေနာက္ေယာက္်ားေနာက္ကို လိုက္ေျပး။ဇာတိေခ်ာက္ၿမိဳ႕မွာ မေနခ်င္ေတာ့ေပ။အဲ့တာနဲ့ လက္ထဲတြင္

ရွိေသာေငြငါးေထာင္က်ပ္ေလးကို ကိုင္ျပီး ရွမ္းျပည္ေတာင္ပိုင္း မိုင္းရႉးရတနာေျမကို ထြက္ခဲ့ပါတယ္။မိုင္းရႉးေခတ္ ပတၱျမားေတြထြက္ေနခ်ိန္ ေ႐ႊတစ္က်ပ္သားမွ ၃ေသာင္းဝန္းက်င္သာရွိခဲ့သည္။ထိုေငြငါးေထာင္စရိတ္လုပ္၍ လာလိုက္ရာ

မိုင္းရႉးေရာက္တဲ့အခါမွာ လက္ထဲ ေငြတစ္ေထာင္ေက်ာ္သာ က်န္ေတာ့သည္။အသိအကြၽမ္းမိတ္ေဆြလည္းမရွိ ေမးစမ္းရင္း မုန႔္သည္လင္မယားႏွင့္ ဦးကံထြန္း တုိ့ ခင္မင္ရင္းႏွီးသြားခဲ့သည္။မုန႔္သည္လင္မယားကလည္း

သူတို႔အိမ္တြင္ဦးကံထြန္းကို တည္းခိုခြင့္ေပးျပီး ေက်ာက္ရွာေစသည္။မုန႔္သည္လင္မယားတို့ရဲ့ လမ္းၫႊန္မႈျဖင့္ ဦးကံထြန္းေက်ာက္ရွာရန္ MEC လုပ္ကြက္သို႔ ထြက္လာခဲ့ပါတယ္။ေက်ာက္ရွာခြင့္ရရန္အတြက္ နယ္ေျမခံ အဖြဲ႕အစည္းကို ေငြတစ္ရာေပးျပီး ရွာခဲ့ပါသည္။

ေက်ာက္ဆိုတာမသိေသာ ဦးကံထြန္း ဟာ တစ္နာရီေက်ာ္ခန႔္ေလာက္ ရွာၿပီးတဲ့အခါမွာေတာ့ ကာရက္ခ်ိန္ ၅၀ခန႔္ အနီေရာင္ပတၱျမားႀကီးကိုေတြ႕ခဲ့ပါၿပီ။ မုန႔္သည္လင္မယားကလည္း ဦးေလး ေက်ာက္ရခဲ့လွ်င္မည္သူ႔ကိုမွမျပပဲ

အိမ္သို႔ယူခဲ့ပါဟု မွာလိုက္တာေၾကာင့္ အိတ္ထဲသို႔ အသာထည့္ကာ ျပန္လာခဲ့ပါေတာ့တယ္။ ေက်ာက္ကာရက္ ၅၀ခ်ိန္ေလာက္ရွိေသာ္လည္း ဦးကံထြန္းမွာေက်ာက္ေလးကို ေသးေနသည္ဟု စိတ္ထဲတြင္ေတြးေနမိသည္။

လမ္းေလ်ာက္ျပန္လာရာ ေမာျပီး ေခ်ာင္းေဘးတြင္ေရေသာက္ နားေနစဥ္ေလာပန္းတစ္ေယာက္မွ ဦးကံထြန္းအားဦးေလးေက်ာက္ရလာလား ေက်ာက္ရရင္ဝယ္ပါရေစဟု အနားသို႔လာျပီး ေျပာပါသည္။ဦးကံထြန္းမွာလည္း အနားသို႔လာေျပာသူမွာ ႐ုပ္ရည္စကားေျပာပုံအေနအထားအရ

သေဘာေကာင္းမည္ဟု ခန႔္မွန္း၍ ေက်ာက္အားထုတ္ျပေပးသည္။ ေလာပန္းျဖစ္သူ ေက်ာက္ဝယ္သူမွ ေသခ်ာၾကည့္ရႈ႕စစ္ေဆးၿပီး ဘယ္ေလာက္နဲ႔ ေရာင္းမွာလဲဟုေမးရာတြင္ ဦးကံထြန္းမွ ၅ေထာင္ရမည္ဟု ေျပာခဲ့ပါသည္။

ထိုအခါ ဦးေလး ၅၀ေတာ့ေပးႏိုင္သည္ဟုေျပာရာ ဦးကံထြန္းမွ ငါေက်ာက္ရွာဖို႔ ေငြတစ္ရာေပးထားရတာ သူက၅၀ပဲေပးတယ္ ၅၀ ေတာ့မယူဘူး ေက်ာက္ပဲ ထုခြဲပစ္မယ္လို႔ေတြးၿပီး ေက်ာက္ကို ထုခြဲပစ္လိုက္ပါေတာ့တယ္။ ေလာပန္းျဖစ္သူလည္း မ်က္စိပ်က္ မ်က္ႏွာပ်က္ျဖင့္အတင္းလိုက္ဆြဲျပီး

ေဒါသတႀကီး ဘာလို႔ထုခြဲတာလည္းေမးပါေတာ့တယ္။ထိုအခါ ဦးကံထြန္းက ငါေက်ာက္ရွာဖို႔ ဝင္ခြင့္ ၁၀၀ ေပးၿပီးရွာရတာ မင္းက ၅၀ ပဲေပးလို႔ ထုခြဲတာဟုဆိုေတာ့မွ ေလာပန္းက ဦးေလးေရာက္တာမၾကာေသးဘူးထင္တယ္ က်ေနာ္ေျပာတဲ့ ၅၀က သိန္း၅၀ေျပာတာပါ။

ဦးေလးမထုခြဲခင္ဒီေက်ာက္ဟာ သိန္းေထာင္ေက်ာ္တန္တဲ့ေက်ာက္ပါ။အခုလို ဦးေလးထုခြဲလိုက္လို႔ ၃ပိုင္းကြဲသြားၿပီ ဦးေလးကို သိန္း ၆၀ပဲေပးႏိုင္ေတာ့မယ္ ဦးေလးအိမ္လိုက္ခဲ့ပါဟုဆိုကာ ဦးကံထြန္းကို ေခၚသြားပါေတာ့သည္။

အိမ္သို႔ေရာက္ေသာ အခါ ေလာပန္းမွ ေက်ာက္ဖိုးသိန္း ၆၀ ေပးေခ်၍ ဦးကံထြန္းကိုလည္း အေစာင့္အေရွာက္မ်ားျဖင့္ ဇာတိၿမိဳ႕သို႔ျပန္ပို႔ေပးခဲ့ပါတယ္။ ထိုေခတ္က ေငြ သိန္း ၆၀ မွာ အလြန္တန္ဖိုးႀကီးလွသည္။

ေ႐ႊေဈးႏွင့္တြက္လွ်င္ ေ႐ႊ ၂ပိႆာဖိုးျဖစ္ပါသည္။ ဦးကံထြန္းမွာလည္း မိုင္းရႉးရတနာေျမေတြ ေက်ာက္အေၾကာင္း မသိခဲ့ေသာ္လည္းတစ္ရက္တည္းႏွင့္ေက်ာက္ရသူဟု နာမည္ႀကီးျပီး ပုံျပင္သဖြယ္ ေျပာစမွတ္ ျဖစ္ေနပါေတာ့သည္။

ေက်ာက္စိမ္းျမင့္ေရးသားထားေသာ ဝတၳဳတိုအား မွီျငမ္း၍ ျပန္ေရသားတင္ဆက္ပါသည္။ မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္

Unicode…”မယားကမုန်း ဖဲကရူံးနှင့်” ကံဆိုးမူတေ ကြားထဲက နေ့ချင်း သူဌေး ဖြစ်ခဲ့တဲ့သူ

ကျောက်အကြောင်းကိို နားမလည်ခဲ့သော်လည်း တစ်ရက်တည်းနဲ့ ကျောက်ရှာပြီး သူဌေးဖြစ်ခဲ့သူ။သူရဲ့ အမည်ကတော့ ဦးကံထွန်း အသက်က ၄၀။အသက် ၃၀မှာကတည်းက အိမ်ထောင်ကျခဲ့ပေမယ့် မထွန်းကားကြဘူး။

အိမ်ထောင်သက် ၁၀ နှစ်ခန့်သာ ရှိလာခဲ့ပေမယ့် အလုပ်အကိုင်ဖြစ်တဲ့ တောင်သူလုပ်ငန်းလည်း သီးနှံတွေမထွက်တော့ စီးပွားကလည်းမဖြစ်။ မိန်းမဖြစ်သူကလည်း ငွေကြေးဥစ္စာအလွန်မက်မောသူ။

စီးပွားကလည်းမဖြစ်တော့အကြွေးကလည်းတင်နေတော့ ယောက်ျားဖြစ်တဲ့သူကို ပစ်ထားခဲ့ပြီး ငွေကြေးချမ်းသာသူနောက်ယောက်ျားနောက်ကို လိုက်ပြေး။ဇာတိချောက်မြို့မှာ မနေချင်တော့ပေ။အဲ့တာနဲ့ လက်ထဲတွင်

ရှိသောငွေငါးထောင်ကျပ်လေးကို ကိုင်ပြီး ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးရတနာမြေကို ထွက်ခဲ့ပါတယ်။မိုင်းရှူးခေတ် ပတ္တမြားတွေထွက်နေချိန် ရွှေတစ်ကျပ်သားမှ ၃သောင်းဝန်းကျင်သာရှိခဲ့သည်။ထိုငွေငါးထောင်စရိတ်လုပ်၍ လာလိုက်ရာ

မိုင်းရှူးရောက်တဲ့အခါမှာ လက်ထဲ ငွေတစ်ထောင်ကျော်သာ ကျန်တော့သည်။အသိအကျွမ်းမိတ်ဆွေလည်းမရှိ မေးစမ်းရင်း မုန့်သည်လင်မယားနှင့် ဦးကံထွန်း တို့ ခင်မင်ရင်းနှီးသွားခဲ့သည်။မုန့်သည်လင်မယားကလည်း

သူတို့အိမ်တွင်ဦးကံထွန်းကို တည်းခိုခွင့်ပေးပြီး ကျောက်ရှာစေသည်။မုန့်သည်လင်မယားတို့ရဲ့ လမ်းညွှန်မှုဖြင့် ဦးကံထွန်းကျောက်ရှာရန် MEC လုပ်ကွက်သို့ ထွက်လာခဲ့ပါတယ်။ကျောက်ရှာခွင့်ရရန်အတွက် နယ်မြေခံ အဖွဲ့အစည်းကို ငွေတစ်ရာပေးပြီး ရှာခဲ့ပါသည်။

ကျောက်ဆိုတာမသိသော ဦးကံထွန်း ဟာ တစ်နာရီကျော်ခန့်လောက် ရှာပြီးတဲ့အခါမှာတော့ ကာရက်ချိန် ၅၀ခန့် အနီရောင်ပတ္တမြားကြီးကိုတွေ့ခဲ့ပါပြီ။ မုန့်သည်လင်မယားကလည်း ဦးလေး ကျောက်ရခဲ့လျှင်မည်သူ့ကိုမှမပြပဲ

အိမ်သို့ယူခဲ့ပါဟု မှာလိုက်တာကြောင့် အိတ်ထဲသို့ အသာထည့်ကာ ပြန်လာခဲ့ပါတော့တယ်။ ကျောက်ကာရက် ၅၀ချိန်လောက်ရှိသော်လည်း ဦးကံထွန်းမှာကျောက်လေးကို သေးနေသည်ဟု စိတ်ထဲတွင်တွေးနေမိသည်။

လမ်းလျောက်ပြန်လာရာ မောပြီး ချောင်းဘေးတွင်ရေသောက် နားနေစဉ်လောပန်းတစ်ယောက်မှ ဦးကံထွန်းအားဦးလေးကျောက်ရလာလား ကျောက်ရရင်ဝယ်ပါရစေဟု အနားသို့လာပြီး ပြောပါသည်။ဦးကံထွန်းမှာလည်း အနားသို့လာပြောသူမှာ ရုပ်ရည်စကားပြောပုံအနေအထားအရ

သဘောကောင်းမည်ဟု ခန့်မှန်း၍ ကျောက်အားထုတ်ပြပေးသည်။ လောပန်းဖြစ်သူ ကျောက်ဝယ်သူမှ သေချာကြည့်ရှု့စစ်ဆေးပြီး ဘယ်လောက်နဲ့ ရောင်းမှာလဲဟုမေးရာတွင် ဦးကံထွန်းမှ ၅ထောင်ရမည်ဟု ပြောခဲ့ပါသည်။

ထိုအခါ ဦးလေး ၅၀တော့ပေးနိုင်သည်ဟုပြောရာ ဦးကံထွန်းမှ ငါကျောက်ရှာဖို့ ငွေတစ်ရာပေးထားရတာ သူက၅၀ပဲပေးတယ် ၅၀ တော့မယူဘူး ကျောက်ပဲ ထုခွဲပစ်မယ်လို့တွေးပြီး ကျောက်ကို ထုခွဲပစ်လိုက်ပါတော့တယ်။ လောပန်းဖြစ်သူလည်း မျက်စိပျက် မျက်နှာပျက်ဖြင့်အတင်းလိုက်ဆွဲပြီး

ဒေါသတကြီး ဘာလို့ထုခွဲတာလည်းမေးပါတော့တယ်။ထိုအခါ ဦးကံထွန်းက ငါကျောက်ရှာဖို့ ဝင်ခွင့် ၁၀၀ ပေးပြီးရှာရတာ မင်းက ၅၀ ပဲပေးလို့ ထုခွဲတာဟုဆိုတော့မှ လောပန်းက ဦးလေးရောက်တာမကြာသေးဘူးထင်တယ် ကျနော်ပြောတဲ့ ၅၀က သိန်း၅၀ပြောတာပါ။

ဦးလေးမထုခွဲခင်ဒီကျောက်ဟာ သိန်းထောင်ကျော်တန်တဲ့ကျောက်ပါ။အခုလို ဦးလေးထုခွဲလိုက်လို့ ၃ပိုင်းကွဲသွားပြီ ဦးလေးကို သိန်း ၆၀ပဲပေးနိုင်တော့မယ် ဦးလေးအိမ်လိုက်ခဲ့ပါဟုဆိုကာ ဦးကံထွန်းကို ခေါ်သွားပါတော့သည်။

အိမ်သို့ရောက်သော အခါ လောပန်းမှ ကျောက်ဖိုးသိန်း ၆၀ ပေးချေ၍ ဦးကံထွန်းကိုလည်း အစောင့်အရှောက်များဖြင့် ဇာတိမြို့သို့ပြန်ပို့ပေးခဲ့ပါတယ်။ ထိုခေတ်က ငွေ သိန်း ၆၀ မှာ အလွန်တန်ဖိုးကြီးလှသည်။

ရွှေဈေးနှင့်တွက်လျှင် ရွှေ ၂ပိဿာဖိုးဖြစ်ပါသည်။ ဦးကံထွန်းမှာလည်း မိုင်းရှူးရတနာမြေတွေ ကျောက်အကြောင်း မသိခဲ့သော်လည်းတစ်ရက်တည်းနှင့်ကျောက်ရသူဟု နာမည်ကြီးပြီး ပုံပြင်သဖွယ် ပြောစမှတ် ဖြစ်နေပါတော့သည်။

ကျောက်စိမ်းမြင့်ရေးသားထားသော ဝတ္ထုတိုအား မှီငြမ်း၍ ပြန်ရေသားတင်ဆက်ပါသည်။ မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်

Add a Comment

Your email address will not be published. Required fields are marked *