ဆန်ချိုနေရာကိုအစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေရပြီလို့ ဒေါ့မွန် အတည်ပြု

ဒေါ့မွန် အားကစားဒါရိုက်တာ Michael Zorc က လာမယ့်နွေရာသီမှာ ဂျာဒန်ဆန်ချို ထွက်ခွာဖွယ်ရှိတာကြောင့် ကစားသမားသစ်တွေခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

COVID 19 ကပ်ရောဂါဆိုး ဖြစ်ပွားနေပေမယ့် ယူနိုက်တက်က အင်္ဂလန်လက်ရွေးစင်ကို ထိပ်တန်းပစ်မှတ် ကစားသမားအဖြစ် သတ်မှတ်ထားပါတယ်။

ဒေါ့မွန်ဟာ အသက် ၂၀ နှစ်အရွယ် တောင်ပံတိုက်စစ်မှူးကို ရောင်းချလိုခြင်း မရှိတာကြောင့် မြင့်မားတဲ့ပြောင်းရွေ့ကြေး သတ်မှတ်ထားပါတယ်။

ဒါပေမယ့် Zorc က ဆန်ချို အသင်းကထွက်ခွာဖို့ ရှိနေတာကြောင့် ကစားသမားသစ်တွေခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

“တကယ်လို့ ဂျာဒန်ထွက်သွားရင် ကျွန်တော်တို့က တိုက်စစ်ပိုင်းအတွက် တခုခု ထပ်လုပ်ရမှာပါ။” လို့ Zorc က Kicker သို့ ဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *