Unicode…မြန်မာ လူမျိုးများ တန်ဖိုးထား အတုယူသင့်တဲ့ ဗုဒ္ဓဘာသာပေါ် တန်ဖိုးထားတဲ့ ပထမဆုရ ကိုးရီးယား သီသရှင်လေးရဲ့ အမြင်
မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိသော ကိုးရီးယားသီလရှင်ဆရာလေးဟာ မြန်မာပေါ်မှာ ထားတဲ့ သူ့ရဲ့ အမြင် ကိုပြောပြလာပါတယ်။ မြန်မာတနိုင်ငံတစ်နိုင်ငံလုံးတွင် ပထမ အကြီးတန်းတွင် ပထမဆုရရှိခဲ့သောကိုးရီးယားလူမျိုး
သီလရှင် မ မနာပိကာ (၃၁) နှစ်၏ မြန်မာနိုင်ငံပေါ်မှာ ထားတဲ့အမြင်လေးတေကို ဖော်ပြပေးလိုက်ပါတယ်နော်။ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတုယူသင့်တယ် ထင်လို့ ပြန်လည်မျှဝေပေးပါတယ်။ ဆရာလေးက မြန်မာပြည်မှာမွေးတယ်ဆိုကတည်းက ကုသိုလ်ကံကောင်းပါတယ်။
ပတိရူပ ဖြစ်ပါတယ် မြန်မာတွေကမွေးကတည်းကဗုဒ္ဓယဉ်ကျေးမှုနဲ့ထိတွေ့ရပါတယ်။ ဒါ့ကြောင့်မြန်မာတွေ ကံကောင်းပါတယ်ဆရာလေးတို့ကိုးရီးယားမှာ ငါးပါးသီလတို့ ဘာတို့ရှိဖို့မလွယ်ပါဘူး သင်ပေးမဲ့ဆရာသမားတွေလည်းမရှိကြပါဘူး။ ဒါပေမဲ့ မြန်မာတွေက အမေရိကန်ယဉ်ကျေးမှု
၊နိူင်ငံခြားယဉ်ကျေးမှုကိုအထင်ကြီးကြတယ်။ အဲဒါက စိတ်မကောင်းစရာပါကိုယ့်အနီးမှာဒီထက်အဆပေါင်းများစွာကောင်းတဲ့ယဉ်ကျေးမှုတွေရှိနေပါလျှက်နဲ့အဲဒါကိုစိတ်မဝင်စားပဲ တခြားကိုစိတ်ဝင်စားအထင်ကြီးနေတာ စိတ်မကောင်းစရာပါ
မြန်မာတွေ ဗုဒ္ဓယဉ်ကျေးမှုကိုပိုပြီးတန်ဘိုးထားစေချင်တယ်။ တစ်ဘဝစာမဟုတ်ပဲ သံသရာတလျောက်လုံးအတွက် အင်မတန်အကျိုးကျေးဇူးများတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကိုအသိတရားရော အကျင့်တရားပါ။
မြန်မာလူမျိုးအားလုံးထိုက်သင့်သလောက် အားထုတ်စေချင်ပါတယ် လို့ ဆရာလေးက သူရဲ့ သဘောထား အမြင်ကို ပြောခဲ့တာပါနော်။
ပရိတ်သတ်ကြီးလည်း ဗုဒ္ဓဘာသာပေါ်မှာ ပိုပြီးတော့ ယုံကြည် သက်ဝင် နိုင်ကြပါစေနော်။ဖတ်ရူအားပေးတဲ့ ပရိတ်သတ်ကြီးလည်း ရောဂါ ဗယတေ ကင်းဝေးကြပါစေနော်။ Source ; စာပေ ချစ်မြတ် နိုးသူ
Add a Comment
Your email address will not be published. Required fields are marked *