Unicode…ကိုဗစ်ကာလမှာ mask နှင့် သုံးမရတော့တဲ့ စွန့်ပစ် ပစ္စည်းတေကို လဲလှယ်ပေးတဲ့ ထီကားလေး
ယခုလို ကိုဗစ်ကာလ အကျပ်အတည်းမှာ ငွေရေးကြေးရေး ကြပ်တည်းနေသူများကို မိမိတို့အိမ်ရှိ စွန့်ပစ် ပစ္စည်းတေကို အကျိုးရှိစွာ အသုံးချတတ်ရန် အသိပညာပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့သော ပြုံးပြုံးလေး အမည်ရှိသော
စွန့်ပစ် ပစ္စည်းများနှင့် ထီ၊ စားသောက်ကုန်များ ရောင်းချ၊ လဲလှယ်ပေးသော ထီကားလေးတွင် စွန့်ပစ်ပစ္စည်း များနှင့် Mask များ လဲလှယ်ပေးနေသည့်အစီအစဉ်ကို စတင်လိုက်ပါတယ်နော်။ ပြု့းပြုံးလေး ထီကားမှာ ထီ
၊ ကြက်ဥ၊ပန်းသီး ၊စပျစ်သီး စသည်တို့ကို ယခုလ ၈ရက်မှစတင်ကာ ရောင်းနေတာဖြစ်ပြီး ဝယ်သူတေ ယူလာတဲ့ဘ စွန့်ပစ်ပစ္စည်းတေကို တန်ဖိုးသင့်ပြီး ငွေပေးချေနေကြောင်း သိရှိရပါတယ်။ကျွန်တော်တို့ ရောင်းတာကိုတော့ ဆန္ဒရှိမှ
ဝယ်လို့ရပါတယ်။ အတင်းမ ရောင်းပါဘူး။ နောက်ပိုင်း ကြက်သွန်၊ ဆား၊ အချိုမုန့် တို့ ထပ်တိုးထားပါတယ်။ ဈေးကတော့ မြို့ပေါ်က လက်လီဈေးထက် ပိုမရောင်းပါဘူး။ ဥပမအားဖြင့် ကြက် ဥ ၁၁၀ -၁၂၀ ၊ ကြက်သွန် ၁ ပိဿာ ၈၀၀ ၊
Mask ကိုတော့ ၁ ခု ၁၀၀၊ ၃ ခု ၂၀၀ ရောင်းပါတယ်။ စွန့်ပစ် ပစ္စည်းနဲ့ လဲရင်တော့ Mask ကို အရင်းဈေးတိုင်း ၅၀ နဲ့ ရောင်းပေးပါတယ် ။ Mask ကျွန်တော်တို့ ဝယ်လို့ရနေသရွေ့ ရောင်း ပေးသွားမှာပါ။ အမှိုက်နဲ့လဲရင်
အရင်းတိုင်း ပဲ လဲပေးသွားမှာပါ။အဓိက ကတော့ ဒီကိုဗစ်ကာလမှာ ငွေရေးကြေးရေး ကြပ်တည်းနေသူတွေအနေနဲ့ အိမ်မှာရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို အကျိုးရှိရှိ အသုံးချတတ်အောင် အသိပညာပေး ချင် တာလည်းပါပါတယ် ဟု
ပြုံးပြုံးလေး ထီကားပိုင်ရှင် ကိုဇော်မင်းနိုင်က ပြောကြားခဲ့တာပါ။ယခုမှာတော့ ထီကားဖြင့် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း မြို့နယ်များရှိ ရွာများကို အလှည့်ကျ သွား ရောက်ရောင်းပေးနေတာဖြစိပြီး ကျောက်တန်းရှိ
အမှိုက်ကောက်သည့် ပရဟိတ အဖွဲ့များက ခေါ်ပါက သွား ရောက်ဝယ်ယူရောင်းချပေးခြင်းများလည်းရှိကြောင်း ၊ စွန့်ပစ်ပစ္စည်းတေနဲ့ Mask များ လဲလှယ်မည် ဆိုမာရင်လည်း တစ်ခု ကို အရင်းအတိုင်း ကျပ်၅၀ ဖြင့်
ရောင်း ချပေးမည်ဖြစ်ကြောင်း၊ဥပမာ ဘီယာ ပုလင်း ခွံ ကို၁ ပုလင်း Mask ၁ ခု၊ဘီယာဘူးခွံ ၁၀ ဗူးလျှင် Mask ၁ ခုမှ ၂ ခု၊ ကတ္ထူ ၁ ပိဿာလျှင် Mask ၃ ခု၊ပလပ် စတစ် ၁ ပိဿာလျှင် Mask ၄ ခု၊ ကော် ၁ ပိဿာလျှင်
Mask ၅ ခုမှ ၆ ခု၊ပီနံအိတ်စုတ် ၁ ပိဿာလျှင် Mask ၅ ခုမှ ၆ ခု၊သံတိုသံစ ၁ ပိဿာလျှင် Mask ၈ ခု မှ ၁၀ ခုအထိ လဲလှယ်ပေးနေတာ ဖြစ်ကြောင်း
သိရသည်။ပရိတ်သတ်ကြီးလည်း ထီကား ပိုင်ရှင်ရဲ့ စိတ်ကူးလေးကို သဘောကျနေပြီ ထငိပါတ်နော်။ Credit: burmese asia
Add a Comment
Your email address will not be published. Required fields are marked *