Unicode…စားလို့ရပါသေးတယ် ဆိုပြီး လမ်းပေါ်မှာပြန့်ကျဲနေတဲ့ ဆန်တွေကိုပြန်ကောက်နေခဲ့တဲ့ အလုပ်သမားကြီး
ယခုလိုမျိုး အသွားအလာကန့်သတ် ထိန်းချုပ်ထားတဲ့ အချိန် မျိုးဟာ လူအတော်များများကတော့ နေအိမ် အတွင်း၌သာ နေထိုင်ပြီးတော့ အနားယူနေကြပေမဲ့လည်း ၊
အချို့သော တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့လူတွေကတော့ အချိန်ကြာလာတာနဲ့ အမျှ အလုပ်လက်မဲ့ဖြစ်နေခဲ့လို့ အဆင်မပြေမှုတွေ တစ်ရက်ထက် တစ်ရက်တိုးလာခဲ့ပါနော်။ယခု တစ်ခါမှာလည်း မလေးရှားနိုင်ငံမှာ သွားရောက်
အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားတစ်ဦးကတော့ ဆန် ထည့် ထားသော ကျွတ်ကျွတ်အိတ်ပေါက်ပြဲ သွားခဲ့လို့ လမ်းပေါ် ပြန့်ကျဲသွားခဲ့တဲ့ ဆန်တွေကို ပြန်ကောက်ထည့်နေခဲ့တဲ့ ဓာတ်ပုံဟာ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ
အတော်လေး ကြည့်ရှုသူများနေခဲ့တာပါ။အဆိုပါအမျိုးသားဟာ သူ့ရဲ့အဖြစ်ကို အတော်လေးစိတ်မကောင်းဖြစ်နေပုံရပြီးတော့ သူ၏နှုတ်ကနေ  အဆင်ပြေပါတယ် ၊ ငါဒါတွေ ရေ ပြန်ဆေးလို့ရတယ် ၊ ဒီဆန်တွေက စားလို့ရပါသေးတယ်
ဆိုပြီးတော့လည်း ရေရွတ်နေခဲ့ကြောင်း ဖော်ပြထားပါတယ်နော်။ထို့ကြောင့် အချို့ သော သူ များ က လူတွေက ဆင်းရဲနေပါစေ ၊ ချမ်းသာနေပါစေ ဆာလောင် နေရင် အကုန်လုံးက အတူတူပါပဲ  ဆိုပြီးတော့လည်း ဝေဖန်သုံးသပ်ချက်များရေးသားခဲ့ကြတာပါ။
ထို့ကြောင့်ဘဲ ယခုလို အချိန်တွေမှာ နိုင်ငံခြား အလုပ်သမား တွေသာမက၊ပြည်တွင်းရှိ ဆင်းရဲလွန်းလှတဲ့ ပြည်သူများဟာလည်း အလုပ် လက်မဲ့ဖြစ်နေခဲ့လို့
ယခုလို အခက် အခဲမျိုး ကြုံတွေ့ နေရသူ များ ပားစွာရှိနေကြောင်း မလေးရှားနိုင်ငံရှိလူအများစုက မျိုးစုံသုံးသပ်ရေးသားခဲ့ကြတာ ဖြစ်ပါတယ်နော်။ credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *