Unicode…ကိုဗစ် second wave မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီ ဆိုပြီး ရင်ဖွင့်လာတဲ့ ဒေါက်တာနန္ဒဝင်း
ကျွန်တော့်အမြင်ပြောရရင် COVID second wave မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီ.…လူနေထူထပ်တဲ့မြို့ကြီးတွေ ဆက်တိုက်တိုးဖြစ်လာပါပြီ…လူသေနှုန်းတက်လာပါပြီ…
A symptomatic carrier တွေအတွေ့များနေတာ အရမ်းခံသာလို့ပါ… တကယ်တန်း COVID က သူတိုက်ရမယ့် သူကိုတွေ့ရင် လုံးဝ မညှာပါဘူးနော်…ဆေးလိပ် အရက် ကွမ်း မသောက်တဲ့ကျွန်တော့်အဆုတ်ကိုတောင်
လေးရက်အတွင်း စုတ်ပျက်အောင်ဆော်နိုင်ပါတယ်နော်…နိုင်ငံတော်က Ramedsivir Plasma CS2 Mucopenum dexa တွေအကုန်အကျခံထိုး D Dimer LDh AST LFT HBA1c urea creatinine CRP investigation တွေ
တန်းစီစစ် ပေါင်း သိန်းဆယ်ချီ အကုန်ကျခံကုပေးခဲ့ရပါလိမ့်မယ်…(ကတောင်ကပါ့မလား)မမျှော်လင့်ခဲ့ပေမယ့်လည်း နိုင်ငံတော်ရဲ့စောင့်ရှောက်မှုကိုပြန်ရတာ ဝန်ထမ်းဘဝကိုဂုဏ်ယူပါတယ်…ကျန်ကိုဗစ်လူနာတွေကိုရောနိုင်ငံတော်က
အကုန်အကျခံကုပေးတာပါ… အများကြီးကုန်ပါတယ်…ကျွန်တော်ဆို YGH မှာနေစဉ်ရောဂါမကူးအောင်နေနိုင်ခဲ့တယ်… မြဝတီအရောက်မှာ သတိလက်အလွတ် အချီကြီးကူးခဲ့တယ် ဆက်တိုက်ကိုယ်ခံအားကျနေချိန်လည်းဖြစ်ပါလိမ့်မယ်…
လူနာတွေ အထူးသဖြင့် asymptomaticတွေ အရမ်းများလာတာကလည်း ပိုပျံ့စေပါတယ်နော်…ရောဂါကြီးကြီးမရှိသူ သက်ငယ်သူတွေကလည်း ကိုယ်ခံအားကောင်းရင် သိပ်မခံစားရပဲ ပျောက်သွားတတ်ကြတာကိုး…
သက်ကြီးတွေရောဂါအခံရှိသူတွေကတော့ သေတတ်ပါတယ် နော်…ခံစားရပါတယ်မြို့ကြီးတွေမှာ သက်ကြီး ရောဂါရင့်တွေ စသေ နေကြပါပြီ… အဖြစ်နည်းတဲ့ကလေးတွမှာလည်းစတွ့နေပါပြီ…Third wave လို့ဆိုရမလားဗျာ…
နယ်တွေအားလုံးလဲပျံ့တော့မှာပါကျန်းမာရေးဝန်ထမ်းတွေရဲ့ မိသားစုတွေ အမေတွေအဖေတွေ ယောက္ခမတွေ ကလေးတွေ ဦးကြီးဒေါ်လေး ညီမကိုယ်ဝန်ဆောင်တွေ ကူးကုန်ပါပြီ…ဘယ်လောက်သတိထားထား ဝန်နှင့်အားမမျှရင် အားနည်းချက်ဆိုတာ
ပေါ်ပေါက်လာတတ်ပါတယ်။ကမရ ဝန်ထမ်းတွေအိမ်တွင်းရော အလုပ်ခွင်မှာပါ ဗျာများရပါပြီ ……ပူပန်နေကြရပါပြီ…ရွေးကောက်ပွဲဆန့်ကျင်ပွဲ ကထိန် လပြည့် ပံ့သကူရာပြည့်
စတုဒီသာ လူစုလူဝေးတွေ အော်နေ ပျော်နေကြ ကူးကွ ဒါတောင်မလျော့ကြ …ကမရ ဝန်ထမ်းခါးဆက်ပြတ်တော့မယ် အင်အားနည်းနေပါပြီ ဆေးရုံတွေ duty မနိုင်တော့ပါဘူး။နီးသယောင်နဲ့ လှမ်းနေသေးတဲ့ကာကွယ်ဆေးကိုမမျှော်ပါနဲ့ဦးနော်…
မိဘပြည်သူလက်ထဲက ကံကြမ္မာကိုသာသေချာ ဆုတ်ကိုင်ထားစေလိုပါတယ်…mask တပ်ပါလူစုလူဝေးရှောင်ပါ… မလိုအပြင်မထွက်ပါနဲ့ကိုယ့်မိသားစုကိုရော ကျန်မိသားစုတွေကိုပါ သနားပါ ကိုယ်ချင်းစာပါ …
ဥပဒေ ဆိုတာထက် ဆင်ခြင်တုံတရားကို ပိုအားထားကြစေလိုပါတယ်…source; ဒေါက်တာနန္ဒဝင်း (ခေတ္တတောင်ဥက္ကလာ ကိုဗစ် ကုသရေးဆေးရုံ)
Tags:
Add a Comment
Your email address will not be published. Required fields are marked *