ေဆး႐ုံက ဝန္ထမ္းနဲ႔လူနာေတြကို ျပဳံးျပႏႈတ္ဆက္ေပးဖို႔ အတြက္ ေစတနာ့ဝန္ထမ္းအျဖစ္ အလုပ္ခန္႔အပ္ခံလိုက္ရတဲ့ ေခြးေလး

ေဆး႐ုံက ဝန္ထမ္းနဲ႔လူနာေတြကို ျပဳံးျပႏႈတ္ဆက္ေပးဖို႔ အတြက္ ေစတနာ့ဝန္ထမ္းအျဖစ္ အလုပ္ခန္႔အပ္ခံလိုက္ရတဲ့ ေခြးေလး

Shiloh အမည္ရွိတဲ့ေခြးေလးကေတာ့ ၿပီးခဲ့တဲ့နိုဝင္ဘာလ ၂၂ရက္ေန႔က Ohio ျပည္နယ္တကၠသိုလ္ရဲ့ Wexner ေဆး႐ုံစင္တာမွာ လူနာေတြနဲ႔ ဝန္ထမ္းေတြကို ႏွုတ္ဆက္ေပးဖို့အတြက္

ေစတနာ့ဝန္ထမ္းအျဖစ္ အလုပ္ရသြားခဲ့ပါတယ္ေနာ္။သူေလးကေတာ့ နာမည္ကဒ္အျပည့္အစုံပါရထားပါေသးတာပါ။အဆိုပါေဆး႐ုံရဲ့MDျဖစ္တဲ့ Shari Dunaway က ကၽြန္မေဆး႐ုံက ဝန္ထမ္းေတြနဲ႔လူနာေတြကို

ႏွုတ္ဆက္စကားေျပာေပးၿပီး အင္အားျဖစ္ေစဖို့ ဝန္ထမ္းတစ္ဦးကို အလုပ္ခန္႔ခဲ့တယ္ လို့ဆိုၿပီးေတာ့ သူမရဲ့social media မွာ ေဝမၽွခဲ့ၿပီးေနာက္မွာေတာ့ တိရိစၧာန္ခ်စ္သူေလးေတြအတြက္ သေဘာက်မဆုံးျဖစ္သြားခဲ့ရပါတယ္ေနာ္။

လူတစ္ေယာက္က အကယ္လို့ Shilohက ေစတနာ့ဝန္ထမ္းဆိုရင္ သူလည္းလုပ္အားခအျပည့္အဝရထိုက္တယ္လို့ဆိုေတာ့ Shariက Shilohဟာ က်န္းမာေရးဝန္ထမ္းေတြနဲ႔ လူနာေတြကို ေႏြးေထြးတဲ့အျပဳံးေတြ

ေပးနိုင္တာေၾကာင့္ ဘဲ အဲ့တာေတြက သူကိုယ္တိုင္အတြက္ အေကာင္းဆုံးဆုနဲ႔ အျပည့္အဝေလ်ာ္ေၾကးေငြပါလို့ ျပန္ေျဖေပးခဲ့ပါတယ္ေနာ္။Shilohရဲ့ ပုံေတြပ်ံ႕ႏွံ့သြားတဲ့ေနာက္မွာေတာ့ အျခားေဆး႐ုံအသီးသီးကလည္း

သူတို့ရဲ့ေစတနာ့ဝန္ထမ္းေလးေတြကို ထုတ္ႂကြားျပခဲ့တာပါ။ယခုႏွစ္အေစာပိုင္းတုန္းကလည္း ဝန္ေဆာင္မွုအျပည့္ေပးနိုင္တဲ့ Wynnအမည္ရွိတဲ့ေခြးေလးက Covid-19 ေရာဂါကို ေရွ႕တန္းကေနတိုက္ထုတ္ေပးေနတဲ့က်န္းမာေရးဝန္ထမ္းေတြကို

ကူညီေပးခဲ့ပါေသးတယ္ေနာ္။၁ႏွစ္အရြယ္ Wynnဟာ က်န္းမာေရးဝန္ထမ္းေတြအတြက္ စိတ္ပိုင္းဆိုင္ရာထိခိုက္မွုေတြကို အေကာင္းဆုံးကူညီေျဖသိမ့္ေပးနိုင္တဲ့ အေဖာ္ေလးျဖစ္ေစခဲ့ပါတယ္ေနာ္။

တကယ္လည္း အျခားတိရိစၧာန္ေတြထက္ လူနဲ႔ပိုအေနနီးၿပီးစိတ္ခံစားခ်က္ေတြကို ခန္႔မွန္းနိုင္တဲ့ေခြးေလးေတြကသာ လူသားတို့ရဲ့စိတ္ပင္ပန္းႏြမ္းနယ္မွုေတြကို အမွန္တကယ္ေျဖေပ်ာက္ေပးနိုင္တာပါေနာ္။Mia (Mckzone Daily)Source : ladbible

Unicode…ဆေးရုံက ဝန်ထမ်းနဲ့လူနာတွေကို ပြုံးပြနှုတ်ဆက်ပေးဖို့ အတွက် စေတနာ့ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်ခံလိုက်ရတဲ့ ခွေးလေး

Shiloh အမည်ရှိတဲ့ခွေးလေးကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၂ရက်နေ့က Ohio ပြည်နယ်တက္ကသိုလ်ရဲ့ Wexner ဆေးရုံစင်တာမှာ လူနာတွေနဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်ပေးဖို့အတွက်

စေတနာ့ဝန်ထမ်းအဖြစ် အလုပ်ရသွားခဲ့ပါတယ်နော်။သူလေးကတော့ နာမည်ကဒ်အပြည့်အစုံပါရထားပါသေးတာပါ။အဆိုပါဆေးရုံရဲ့MDဖြစ်တဲ့ Shari Dunaway က ကျွန်မဆေးရုံက ဝန်ထမ်းတွေနဲ့လူနာတွေကို

နှုတ်ဆက်စကားပြောပေးပြီး အင်အားဖြစ်စေဖို့ ဝန်ထမ်းတစ်ဦးကို အလုပ်ခန့်ခဲ့တယ် လို့ဆိုပြီးတော့ သူမရဲ့social media မှာ ဝေမျှခဲ့ပြီးနောက်မှာတော့ တိရိစ္ဆာန်ချစ်သူလေးတွေအတွက် သဘောကျမဆုံးဖြစ်သွားခဲ့ရပါတယ်နော်။

လူတစ်ယောက်က အကယ်လို့ Shilohက စေတနာ့ဝန်ထမ်းဆိုရင် သူလည်းလုပ်အားခအပြည့်အဝရထိုက်တယ်လို့ဆိုတော့ Shariက Shilohဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို နွေးထွေးတဲ့အပြုံးတွေ

ပေးနိုင်တာကြောင့် ဘဲ အဲ့တာတွေက သူကိုယ်တိုင်အတွက် အကောင်းဆုံးဆုနဲ့ အပြည့်အဝလျော်ကြေးငွေပါလို့ ပြန်ဖြေပေးခဲ့ပါတယ်နော်။Shilohရဲ့ ပုံတွေပျံ့နှံ့သွားတဲ့နောက်မှာတော့ အခြားဆေးရုံအသီးသီးကလည်း

သူတို့ရဲ့စေတနာ့ဝန်ထမ်းလေးတွေကို ထုတ်ကြွားပြခဲ့တာပါ။ယခုနှစ်အစောပိုင်းတုန်းကလည်း ဝန်ဆောင်မှုအပြည့်ပေးနိုင်တဲ့ Wynnအမည်ရှိတဲ့ခွေးလေးက Covid-19 ရောဂါကို ရှေ့တန်းကနေတိုက်ထုတ်ပေးနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကို

ကူညီပေးခဲ့ပါသေးတယ်နော်။၁နှစ်အရွယ် Wynnဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို အကောင်းဆုံးကူညီဖြေသိမ့်ပေးနိုင်တဲ့ အဖော်လေးဖြစ်စေခဲ့ပါတယ်နော်။

တကယ်လည်း အခြားတိရိစ္ဆာန်တွေထက် လူနဲ့ပိုအနေနီးပြီးစိတ်ခံစားချက်တွေကို ခန့်မှန်းနိုင်တဲ့ခွေးလေးတွေကသာ လူသားတို့ရဲ့စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို အမှန်တကယ်ဖြေပျောက်ပေးနိုင်တာပါနော်။Mia (Mckzone Daily)Source : ladbible

Tags:

Add a Comment

Your email address will not be published. Required fields are marked *