ေအာင္ျမင္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ရဲ့ ေနာက္ဆုံး ေနာင္တ

ေအာင္ျမင္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္ရဲ့ ေနာက္ဆုံး ေနာင္တ

ပိုက္ဆံေတာ္ေတာ္ေလး ခ်မ္းသာတဲ့ စီးပြားေရးလုပ္ငန္းရွင္တေယာက္နဲ႔ ကၽြန္ေတာ္ မိတ္ေဆြျဖစ္ခဲ့ဖူးတယ္။သူက ေလာကႀကီးကေန ထြက္သြားတာ သုံး ေလးႏွစ္ေလာက္ရွိေနပါျပီ။

သူ႔ဆီမွာ ကင္ဆာေရာဂါရွိေနမွန္း သိရခ်ိန္မွာေတာ့ တေန႔ သူ ကၽြန္ေတာ့္ဆီ ဖုန္းဆက္လာတယ္။ညေနဖက္ အားရင္ ေရႊတိဂုံဘုရားသြားဖူးၾကရေအာင္တဲ့။အဲ့ဒီညေန ကၽြန္ေတာ္လဲ အားေနတာနဲ႔ ညေန ေျခာက္နာရီေလာက္

ေရႊတိဂုံ ဘုရားေရာက္သြားတာ။ဘုရား ရင္ျပင္ေတာ္ရဲ့ ေထာင့္တေနရာမွာ ထိုင္ေနရင္းနဲ့ ဆရာေက်ာ္ ကၽြန္ေတာ့္ကို ဘယ္လိုျမင္လဲတဲ့။ကၽြန္ေတာ္လဲ သူ ေနာက္ေနတယ္ထင္ၿပီးေတာ့ အကို ဒီေန႔ ဝတ္ထားတာ ေတာ္ေတာ္ေလး ၾကည့္ေကာင္းပါတယ္လို့ ျပန္ေျဖလိုက္တယ္။သူက ထပ္ေျပာတယ္။

သူ အတည္ေျပာေနတာ သူ႔ကို ဘယ္လိုျမင္လဲ။စိတ္ေနသေဘာထားနဲ့ စသည္ျဖင့္ စိတ္ထဲရွိတာ ပြင့္ပြင့္လင္းလင္းေျပာပါတဲ့။ကၽြန္ေတာ္လဲ အကိုက ခ်မ္းသာတယ္၊ သူတပါးကို ကူညီတယ္၊ တပည့္ေတြကလဲ ခ်စ္တယ္၊ ဘာသာေရးလဲ ကိုင္းရွိုင္းတယ္။ကၽြန္ေတာ္ အေျဖကို ျပဳံးၿပီးနားေထာင္ေနတယ္။

ခဏၾကာေတာ့ ေခါင္းခါတယ္။မဟုတ္ဖူး.. ဆရာေက်ာ္တဲ့။ကၽြန္ေတာ့္ဘဝမွာ အခုလို ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္တေယာက္ျဖစ္လာဖို့အတြက္ကုိ လူႏွစ္ေယာက္ရဲ့ ဘဝကို ရက္ရက္စက္စက္ ခ်နင္းခဲ့ဖူးတယ္တဲ့။

လုပ္ေဖာ္ကိုင္ဖက္ေတြပါ။ စီးပြားေရး partner ေတြေပါ့ဗ်ာ။ကၽြန္ေတာ္ေၾကာင့္ သူတို့ေတြ ဘဝပ်က္သြားတယ္၊သူတို့ စီးပြားေရးေတြကို ကၽြန္ေတာ္ သိမ္းပိုက္ခဲ့တယ္တဲ့ လုပ္ေနတဲ့ အခ်ိန္၊ လုပ္ၿပီးတဲ့အခ်ိန္အထိေပါ့။

ကၽြန္ေတာ္ ကိုယ္ ကၽြန္ေတာ္ မွန္တယ္လို့ဘဲ ထင္ေနခဲ့တာဗ်ာ။အခ်ိန္ၾကာလာတာနဲ႔ အမၽွ ကၽြန္ေတာ္ မွားမွန္း သိလာတယ္၊ ေနာက္ပိုင္း ညဖက္ေတြ အိပ္မေပ်ာ္ေတာ့ဘူးဗ်ာ။အိပ္ေဆးေတြေသာက္ၿပီး ႀကိဳးစား အိပ္ ခဏဘဲ အိပ္လို့ရတယ္တဲ့။ဒီလိုနဲ႔ ေနာက္ပိုင္း ဘာသာေရးေတြ အရမ္းလုပ္လာျဖစ္တယ္တဲ့။

အခုလို ကင္ဆာေရာဂါရွိေနမွန္း သိလိုက္ရခ်ိန္ ကၽြန္ေတာ့္ အမွားကို ကၽြန္ေတာ္ ပိုၿပီး ေနာင္တရလာတယ္။ တစုံတေယာက္ကို ဖြင့္ေျပာဖို့ ႀကိဳးစားေပမယ့္ ေျပာမထြက္ခဲ့ဘူးဗ်ာ။ကၽြန္ေတာ္ သိပ္မွားသြားတယ္တဲ့။

ေငြေၾကး၊ ခ်မ္းသာမွုဆိုတာ တကယ္ေတာ့ ကိုယ္ေသရင္ ထားခဲ့ရမယ့္အရာေတြပါ။ကၽြန္ေတာ့္ကို ယုံၾကည္ၿပီး ကၽြန္ေတာ္နဲ႔ အလုပ္တြဲလုပ္ခဲ့တဲ့ လူႏွစ္ေယာက္ကိုေတာ့ ဘဝပ်က္တဲ့အထိ လုပ္ခဲ့တဲ့အမွားႀကီးကို ကၽြန္ေတာ္ သံသရာတစ္ေလ်ာက္လုံး သယ္သြားရေတာ့မယ္တဲ့။

ကၽြန္ေတာ္လဲ အကို အဲ့ဒီမိသားစုေတြကို ရွာၾကည့္ပါလား။သူတို့ကို တခုခု ေထာက္ပံ့ေပးလိုက္ပါလားဆိုေတာ့ဗ်ာ သူေၾကာင့္ ဘဝပ်က္သြားခဲ့ရတဲ့ လူႏွစ္ေယာက္ရဲ့ သားသမီးေတြကို သူ႔အလုပ္မွာ ခန္႔ထားတာ ၾကာပါၿပီတဲ့ဗ်ာ။လိုေလေသးမရွိလဲ ေထာက္ပံ့ထားပါတယ္တဲ့ေလ။တခုဘဲ

သူေၾကာင့္ သူတို့မိသားစု ဘဝပ်က္သြားခဲ့ရတယ္ဆိုတာေတာ့ သူတို့ေတြ မသိၾကဘူးတဲ့ေလတဲ့။“ေက်းဇူးတင္ပါတယ္ သူေဌး”လို့…တခြန္းေျပာလိုက္တိုင္း ခင္ဗ်ားေၾကာင့္ က်ဳပ္တို့မိသားစု ဘဝပ်က္ခဲ့ရတာ ဆိုၿပီးဘဲ ၾကားေနမိတယ္တဲ့ေလဗ်ာ။သူ ေနာက္ဆုံးေျပာခဲ့တာကေတာ့ မေတာ္ေလာဘ

ကိုယ္စားမယ့္ ထမင္းလုတ္ထဲမွာ သူတပါးမ်က္ရည္ ဘယ္ေတာ့မွ မပါေစနဲ႔ တဲ့ေလ ႏွစ္ေတြၾကာေညာင္းခဲ့ၿပီတဲ့။သူလဲ ဘယ္ဘုံဘဝေတြ ေရာက္ေနၿပီလဲ မသိ…လူ့ဘဝဆိုတာ ခဏတာပါ။

ဒီဘဝမွာ ဘယ္လိုရွင္သန္ခဲ့သလဲ ကိုယ့္ဘဝကိုရွင္သန္ေအာင္ တည္ေဆာက္ရင္း…ဘာေတြေကာင္းေအာင္လုပ္ခဲ့မိသလဲ။ဘာေတြဆိုးေအာင္လုပ္ခဲ့မိသလဲ ဆိုတာက မွ

သံသရာတစ္ေလၽွာက္မွာ အရိပ္လို လိုက္ေနမွာျဖစ္ပါတယ္။ဒီေတာ့…. ကိုယ္စားမယ္ ထမင္းလုပ္ထဲမွာ …သူတပါးမ်က္ရည္ မပါေအာင္…သတိထားပါ.. မိတ္ေဆြတဲ့။credit:NDDPT – Zalun

Unicode…အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ရဲ့ နောက်ဆုံး နောင်တ

ပိုက်ဆံတော်တော်လေး ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့ ကျွန်တော် မိတ်ဆွေဖြစ်ခဲ့ဖူးတယ်။သူက လောကကြီးကနေ ထွက်သွားတာ သုံး လေးနှစ်လောက်ရှိနေပါပြီ။

သူ့ဆီမှာ ကင်ဆာရောဂါရှိနေမှန်း သိရချိန်မှာတော့ တနေ့ သူ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ညနေဖက် အားရင် ရွှေတိဂုံဘုရားသွားဖူးကြရအောင်တဲ့။အဲ့ဒီညနေ ကျွန်တော်လဲ အားနေတာနဲ့ ညနေ ခြောက်နာရီလောက်

ရွှေတိဂုံ ဘုရားရောက်သွားတာ။ဘုရား ရင်ပြင်တော်ရဲ့ ထောင့်တနေရာမှာ ထိုင်နေရင်းနဲ့ ဆရာကျော် ကျွန်တော့်ကို ဘယ်လိုမြင်လဲတဲ့။ကျွန်တော်လဲ သူ နောက်နေတယ်ထင်ပြီးတော့ အကို ဒီနေ့ ဝတ်ထားတာ တော်တော်လေး ကြည့်ကောင်းပါတယ်လို့ ပြန်ဖြေလိုက်တယ်။သူက ထပ်ပြောတယ်။

သူ အတည်ပြောနေတာ သူ့ကို ဘယ်လိုမြင်လဲ။စိတ်နေသဘောထားနဲ့ စသည်ဖြင့် စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောပါတဲ့။ကျွန်တော်လဲ အကိုက ချမ်းသာတယ်၊ သူတပါးကို ကူညီတယ်၊ တပည့်တွေကလဲ ချစ်တယ်၊ ဘာသာရေးလဲ ကိုင်းရှိုင်းတယ်။ကျွန်တော် အဖြေကို ပြုံးပြီးနားထောင်နေတယ်။

ခဏကြာတော့ ခေါင်းခါတယ်။မဟုတ်ဖူး.. ဆရာကျော်တဲ့။ကျွန်တော့်ဘဝမှာ အခုလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာဖို့အတွက်ကို လူနှစ်ယောက်ရဲ့ ဘဝကို ရက်ရက်စက်စက် ချနင်းခဲ့ဖူးတယ်တဲ့။

လုပ်ဖော်ကိုင်ဖက်တွေပါ။ စီးပွားရေး partner တွေပေါ့ဗျာ။ကျွန်တော်ကြောင့် သူတို့တွေ ဘဝပျက်သွားတယ်၊သူတို့ စီးပွားရေးတွေကို ကျွန်တော် သိမ်းပိုက်ခဲ့တယ်တဲ့ လုပ်နေတဲ့ အချိန်၊ လုပ်ပြီးတဲ့အချိန်အထိပေါ့။

ကျွန်တော် ကိုယ် ကျွန်တော် မှန်တယ်လို့ဘဲ ထင်နေခဲ့တာဗျာ။အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော် မှားမှန်း သိလာတယ်၊ နောက်ပိုင်း ညဖက်တွေ အိပ်မပျော်တော့ဘူးဗျာ။အိပ်ဆေးတွေသောက်ပြီး ကြိုးစား အိပ် ခဏဘဲ အိပ်လို့ရတယ်တဲ့။ဒီလိုနဲ့ နောက်ပိုင်း ဘာသာရေးတွေ အရမ်းလုပ်လာဖြစ်တယ်တဲ့။

အခုလို ကင်ဆာရောဂါရှိနေမှန်း သိလိုက်ရချိန် ကျွန်တော့် အမှားကို ကျွန်တော် ပိုပြီး နောင်တရလာတယ်။ တစုံတယောက်ကို ဖွင့်ပြောဖို့ ကြိုးစားပေမယ့် ပြောမထွက်ခဲ့ဘူးဗျာ။ကျွန်တော် သိပ်မှားသွားတယ်တဲ့။

ငွေကြေး၊ ချမ်းသာမှုဆိုတာ တကယ်တော့ ကိုယ်သေရင် ထားခဲ့ရမယ့်အရာတွေပါ။ကျွန်တော့်ကို ယုံကြည်ပြီး ကျွန်တော်နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ လူနှစ်ယောက်ကိုတော့ ဘဝပျက်တဲ့အထိ လုပ်ခဲ့တဲ့အမှားကြီးကို ကျွန်တော် သံသရာတစ်လျောက်လုံး သယ်သွားရတော့မယ်တဲ့။

ကျွန်တော်လဲ အကို အဲ့ဒီမိသားစုတွေကို ရှာကြည့်ပါလား။သူတို့ကို တခုခု ထောက်ပံ့ပေးလိုက်ပါလားဆိုတော့ဗျာ သူကြောင့် ဘဝပျက်သွားခဲ့ရတဲ့ လူနှစ်ယောက်ရဲ့ သားသမီးတွေကို သူ့အလုပ်မှာ ခန့်ထားတာ ကြာပါပြီတဲ့ဗျာ။လိုလေသေးမရှိလဲ ထောက်ပံ့ထားပါတယ်တဲ့လေ။တခုဘဲ

သူကြောင့် သူတို့မိသားစု ဘဝပျက်သွားခဲ့ရတယ်ဆိုတာတော့ သူတို့တွေ မသိကြဘူးတဲ့လေတဲ့။“ကျေးဇူးတင်ပါတယ် သူဌေး”လို့…တခွန်းပြောလိုက်တိုင်း ခင်ဗျားကြောင့် ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ရတာ ဆိုပြီးဘဲ ကြားနေမိတယ်တဲ့လေဗျာ။သူ နောက်ဆုံးပြောခဲ့တာကတော့ မတော်လောဘ

ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ သူတပါးမျက်ရည် ဘယ်တော့မှ မပါစေနဲ့ တဲ့လေ နှစ်တွေကြာညောင်းခဲ့ပြီတဲ့။သူလဲ ဘယ်ဘုံဘဝတွေ ရောက်နေပြီလဲ မသိ…လူ့ဘဝဆိုတာ ခဏတာပါ။

ဒီဘဝမှာ ဘယ်လိုရှင်သန်ခဲ့သလဲ ကိုယ့်ဘဝကိုရှင်သန်အောင် တည်ဆောက်ရင်း…ဘာတွေကောင်းအောင်လုပ်ခဲ့မိသလဲ။ဘာတွေဆိုးအောင်လုပ်ခဲ့မိသလဲ ဆိုတာက မှ

သံသရာတစ်လျှောက်မှာ အရိပ်လို လိုက်နေမှာဖြစ်ပါတယ်။ဒီတော့…. ကိုယ်စားမယ် ထမင်းလုပ်ထဲမှာ …သူတပါးမျက်ရည် မပါအောင်…သတိထားပါ.. မိတ်ဆွေတဲ့။credit:NDDPT – Zalun

Add a Comment

Your email address will not be published. Required fields are marked *