Unicode…အမေရိကန် သဲကန္တာရအတွင်းက ပဟေဠိဆန်တဲ့ သတ္ထုတိုင်ကြီး ပြန်လည် ပျောက်ကွယ်
အမေရိကန် Utah သဲကန္တာရအတွင်းမှာ တွေ့ရှိခဲ့ရတဲ့ အမျိုးအမည်မသိတဲ့ သတ္ထုတိုင်ကြီးက ပျောက်ကွယ်သွားခဲ့ပြီလို့ ဒေသခံအာဏာပိုင်တွေက ပြောဆိုလိုက်တာပါ။
၁၂ ပေခန့် ရှည်လျားတဲ့ ဒီသတ္ထုတိုင်ကြီးကတော့ အနီရောင်ကျောက်တုံးတွေကြားမှာ စိုက်ဝင်နေတာဖြစ်ပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရှိခဲ့တာပါ။ဒီဧရိယာတဝိုက်မှာ အခုလိုမျိုး စိုက်ထူမှုဟာ တရားမဝင်ဘူးလို့ အာဏာပိုင်တွေက
ပြောဆိုခဲ့ပြီးတော့ ပိုင်ရှင်ဖြစ်သူ ဘယ်သူလဲဆိုတာကို စုံစမ်းစောင့်ဆိုင်းနေခဲ့ပါတယ်နော်။သောကြာနေ့ညနေပိုင်းမှာ သုံးဘက်မြင်သတ္ထုတိုင်ကြီးကို လာရောက်နုတ်ယူသွားခဲ့တာလို့
သိရပြီး တော့ ဘယ်အဖွဲ့အစည်းက ပြုလုပ်သွားလဲဆိုတာကိုမ သိရသေးဘူးလို့ Bureau of Land Management’s Utah ဌာနက စာရေးသားထုတ်ပြန်ခဲ့တာပါ။အခုလိုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး BLM ဘက်က
စုံစမ်းမှုတွေပြုလုပ်သွားဖို့မရှိဘူးလို့လည်း ပြောဆိုခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့ရဲ့ တာဝန်သာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ Google Earth ကတဆင့် ဖမ်းယူရရှိတဲ့ ပုံရိပ်များအရဆိုရင် ဒီသတ္ထုချောင်းဟာ ဘယ်နေရာကနေ ရောက်ရှိလာသလဲဆိုတာကို
အရိပ်လက္ခဏာပြသခြင်းမရှိဘူးလို့ Insider ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပြီးတော့ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်ကြားကတည်းက ပေါ်လာခဲ့တယ်လို့လည်း ယူဆကြောင်း ရေးသားခဲ့ပါတယ်။ဒါဟာ ပဟေဠိဆန်ဆန်ဖြစ်နေတဲ့ သတ္ထုတိုင်ကြီး နဲ့ပတ်သက်ပြီး
တော့ နောက်ထပ်ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပါ။ ဘယ်သူဘယ်ဝါက လာရောက်စိုက်ထူခဲ့လဲဆိုတာကို မသိရှိရသလို ပျောက်ကွယ်သွားချိန်မှာလည်း ဘယ်သူတွေက လာရောက်ပြုလုပ်သွားလဲဆိုတာကို မသိရတာက
အံ့အားသင့်စရာကောင်းနေခဲ့ပြီး ရှာဖွေတွေ့ရှိပြီး တော့သိပ်မကြာခင်မှာပဲ ပြန်လည်ပျောက်ကွယ်ခဲ့တာကလည်း ထူးခြားမှုတစ်ခုဖြစ်ခဲ့တာပါ။Bureau of Land Management ကတော့ တွစ်တာကတဆင့် ပုဂ္ဂလိကပိုင်ဆိုင်မှုလို့
ယူဆရတဲ့ အရာကို ကျွန်တော်တို့မဖယ်ရှားခဲ့ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီသတ္ထုတိုင်ကြီး နဲ့ပတ်သက်ပြီး တော့ တွေးဆချင်စရာတွေကများပြားလာခဲ့ကာ ပိုပြီးတော့ ပဟေဠိဆန်လာခဲ့ပြီလည်းဖြစ်ပါတယ်။source;Green Jade
Add a Comment
Your email address will not be published. Required fields are marked *