Unicode…စီးလာတဲ့ဖိနပ်ကို လမ်းဘေးကလေးကို ပေးပြီးတော့ ခြေဗလာနဲ့ လမ်းလျှောက်တဲ့ ကလေးငယ်လေး
ကလေးငယ်လေးဖြစ်တဲ့ Cheikh Faizal ဆိုတဲ့ ကလေးလေးကတော့ ဖခင်ဖြစ်သူနဲ့အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှာရှိတဲ့ MRTဘူတာရုံအနီးမှာ လမ်းလျှောက်လာခဲ့တာပါ။
လမ်းလျှေက်လာရင်း Faizal ဟာ လမ်းဘေးမှာထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့ သားမိ ၂ယောက်ကို တွေ့လိုက်တာပါ။လမ်းဘေးမှာ ထီးလေးကို အကာအကွယ်ယူပြီးတော့ ထိုင်နေတဲ့ အသက်ရွယ်တူ လမ်းဘေးကလေးလေးကိုတွေ့တော့
Faizal ဟာ ထိုကလေးအနားကို သွားခဲ့တာပါ။ကလေးကလေးနားရောက်တော့ ဖိနပ်မရှိတာကို Faizal တစ်ယောက်တွေ့လိုက်ရတာပါ။အဲ့ဒါနဲ့ သူ့ဆီမှာပါလာတဲ့
ဖိနပ်နဲ့ ခြေအိတ်ကို မဆိုင်းမတွပဲ ချွတ်ကာ ထိုကလေးလေးရှေ့မှာ ဒူးထောက်ချလိုက်ပြီး သေသေချာချာစီးပေးခဲ့တာပါ။ Faizal နဲ့ ထိုကလေးလေးဟာ အသက်အရွယ်အားဖြစ် သိပ်မကွာပေမဲ့ ညီကိုအရင်းအချာတစ်ယောက်လို
တရင်းတနှီးနဲ့ ပွေ့ဖက်ပြီး နှုတ်ဆက်ခဲ့ပါတယ်နော်။အဲ့ဒီနောက် Faizal တစ်ယောက် ခြေဗလာနဲ့ လမ်းဆက်လျှောက်ခဲ့ပါတယ်။ လမ်းတစ်လျှောက် အိုးမဲ့အိမ်မဲ့ မိသားစုတွေ ထပ်တွေ့တော့ ပိုက်ဆံအချို့ နဲ့ သူဆော့နေတဲ့
ထရပ်ကားလေးကို ပေးထားခဲ့ပါသေးတယ်နော်။ပြီးတဲ့အခါ ထိုအိုးမဲ့ အိမ်မဲ့ကလေးတွေကို သူငယ်ချင်းဖွဲ့ပြီးတော့ သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်တိုင်းပြေးတိုင်း ကစားခဲ့ကြတာပါ။ အသက်အရွယ်အားဖြင့် ငယ်ရွယ်ပေမဲ့
လူသားဆန်ပြီး တော့ အကြင်နာတရားရှိလိုက်ပုံက အသက်အရွယ်နဲ့တောင်မလိုက်ပါဘူး။Faizal ရဲ့ စိတ်ဓာတ်လေးကိုတော့ တကယ့်ကိုလေးစားချင်စရာကောင်းပြီး လူသားမျိုနွယ်တွေအတွက်တော့ သင်ခန်းစာယူစရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်နော်။Credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *