Unicode…အိပ်ချင်နေတဲ့ တက္ကစီဒရိုင်ဘာအဘကို ပေးအိပ်ပြီး သူကိုယ်တိုင် ကားမောင်ပေးတဲ့ စာနာတတ်တဲ့ ခရီးသည်မလေး
ဖီလစ်ပိုင်မှာ Christina Tan လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးက တက္ကစီတစ်စီးကို ငှားစီးခဲ့တာပါ။ သူငှားစီးတဲ့ တက္ကစီဒရိုင်ဘာဦးလေးကြီးဟာ အသက် ၇၀ အရွယ် အဘတစ်ယောက်ဖြစ်ပါတယ်နော်။
အဆိုပါ အဘက သူအရမ်းအိပ်ချင်နေတယ်လို့ ကားမောင်းဖို့အတွက်ကို အဆင်မပြေကြောင်းပြောတဲ့အခါမှာ ခရီးသည်အမျိုးသမီးက သူသွားချင်တဲ့နေရာကို သူကိုယ်တိုင်ဘဲ ကားကို မောင်းပြီး တော့ တက္ကစီသမားအဘကို
ကားနောက်ခန်းမှာ အိပ်ခိုင်းလိုက်ပါတယ်နော်။ခရီးရောက်တဲ့အခါမှာတော့ တက္ကစီးမောင်းတဲ့ အဘကို ကျသင့်တဲ့ငွေကို ပေးပြီး တော့ အသက်ကို မေးလိုက်တာပါ။အသက် ၇၀ရှိပြီဆိုတာ သိတဲ့အခါ ကားကို
အနားယူပြီးမှ ဆက်မောင်းဖို့ ပြောခဲ့ပါတယ်နော်။ ဒါပေမဲ့လည်း အဘဟာ owner ကြေးပေးရတာနဲ့ မိသားစုကို စားဖို့နေရေးအတွက်ရယ် အဆင်မပြေမှာဆိုးတယ်လို့ ပြောခဲ့ပါတယ်။
Christina ရဲ့ အဆိုအရ တက္ကစီသမားအဖိုးဟာ အရမ်းကို ပင်ပန်းနေတဲ့ပုံပေါက်ပြီးတော့ အရမ်းလည်း အိပ်ချင်နေပါတယ်။ သူပေးအိပ်လိုက်တဲ့ အချိန်မှာတော့ အဖိုးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးတော့ ဟောက်တောင် ဟောက်နေပါတယ်။
ခရီရောက်ပြီး အဖိုးအိုနိုးလာတဲ့နောက်မှာတော့ Christina ဟာ အဖိုးအိုနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ပြီး ဒီအဖြစ်အပျက်လေးကို facebook ပေါ်မှာ မျှဝေခဲ့ပါတယ်နော်။
facebook သုံးစွဲသူတွေတော်တော်များများက သူမရဲ့ ကြင်နာတတ်တဲ့အကျင့်လေးကို ချီးကျူးပြီးတော့ မှတ်ချက်ပေးခဲ့ကြတာပါ။ လောကမှာ တကယ်လိုအပ်တဲ့အချိန်မှာ
ဘာလေးပဲဖြစ်ဖြစ်ကူညီလိုက်ရတာ တစ်ဖက်သူအတွက် တန်ဖိုးမဖြတ်နိုင်သလို ကိုယ့်အတွက်လည်း ဘာနဲ့မှ လဲလို့မရတဲ့ ကြည်နူးမှုမျိုးကို ခံစားစေရပါတယ်နော်။Credit
Add a Comment
Your email address will not be published. Required fields are marked *