ကမၻာ့အထီးက်န္အဆန္ဆုံး ဆင္ကေလး အေပါင္းအသင္းမ်ားရွိရာ ေဘးမဲ့ေတာသို့သြားရေတာ့မည္

ကမၻာ့အထီးက်န္အဆန္ဆုံး ဆင္ကေလး အေပါင္းအသင္းမ်ားရွိရာ ေဘးမဲ့ေတာသို့ သြားရေတာ့မည္

Kaavan လို့အမည္ရတဲ့ ဆင္တစ္ေကာင္ဟာ အစၥလာမ္မာဘတ္က Marghazar တိရစၧာန္႐ုံထဲမွာ ၁၉၈၅ ခုႏွစ္ကတည္းက ေရာက္ရွိေနတာ ျဖစ္ျပီးေတာ့ ေန႔စဥ္ဘဝကို

တစ္ေကာင္တည္းနဲ့ အထီးက်န္ဆန္စြာနဲ႔ ျဖတ္သန္းေနရတာပါ။Kaavan ကေတာ့ အသက္ (၁) ႏွစ္သားအရြယ္ကတည္းက သီရိလကၤာနိုင္ငံကေန အစၥလာမ္မာဘတ္ကို ေရာက္ရွိေနခဲ့တာ ျဖစ္တယ္လို့ သိရပါတယ္။

သူဟာ ၁၉၉၀ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အထိ Saheli ဆိုတဲ့ ဆင္ေလးတစ္ေကာင္ကို အေဖာ္ျပဳၿပီး ေတာ့ ေနခဲ့ေပမယ့္ Saheli ဟာ ကူးစက္ေရာဂါနဲ႔ ေသဆုံးသြားၿပီးေနာက္မွာေတာ့ အင္မတန္ ဝမ္းနည္းၿပီး ေတာ့အဲ့ဒီကတည္းက

တစ္ေကာင္တည္းသာ ေနထိုင္ခဲ့ရတာပါ။ဝမ္းသာစရာ သတင္းက်တာ့ Kaavan ေလးကုိ အခုလာမယ့္ တနဂၤေႏြေန႔မွာ ကိုလံဘီယာနိုင္ငံက တိရစၧာန္ေဘးမဲ့ေတာကို ပို့ေဆာင္ေပးေတာ့မွာပါတဲ့။ Kaavan ကိုေတာ့ ကိုလံဘီယာနိုင္ငံသို့

ပို့ေဆာင္ရာမွာ ေလယာဥ္ပ်ံနဲ႔ ပို့ေဆာင္ေပးမွာ ျဖစ္တဲ့အတြက္ သမိုင္းမွာ ပထမဦးဆုံးအႀကိမ္အျဖစ္ အရြယ္ေရာက္ၿပီးသား ဆင္တစ္ေကာင္ကို ေလယာဥ္ပ်ံနဲ႔ သယ္ေဆာင္ဖူးတဲ့ မွတ္တမ္းဝင္ေတာ့မွာ ျဖစ္ပါတယ္ေနာ္။

အရြယ္ေရာက္ၿပီးသားဆင္ကို ေလယာဥ္ပ်ံနဲ႔ ပို့တယ္ဆိုတာ အင္မတန္႔ အင္မတန္မွာ ရွားပါးတဲ့ ျဖစ္စဥ္ပါ။ ဒီေလာက္ႀကီးတဲ့ ဆင္တစ္ေကာင္ကို က်ေနာ္သိသေလာက္ေတာ့ တခါမွ ေလယာဥ္နဲ႔ မပို့ေဆာင္ဖူးပါဘူး။

ဒီေတာ့ က်ေနာ္တို့ သမိုင္းမွတ္တမ္းသစ္ ေရးထိုးၾကေတာ့မွာပါ လို့ သားရိုင္းတိရစၧာန္ ကာကြယ္ေထာက္ပံ့ေရး အဖြဲ႕အစည္းျဖစ္တဲ့ Four Paws အဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ Martin Bauer က ေျပာခဲ့တာပါ။Kaavan ကို အထူးတည္ေဆာင္ထားတဲ့ ေလွာင္အိမ္နဲ႔ ထည့္ၿပီးေတာ့

ကုန္တင္ေလယာဥ္နဲ႔ ပို့ေဆာင္မွာပါ။ ၁၀ နာရီၾကာျမင့္မယ့္ ေလယာဥ္ခရီးစဥ္တစ္ေလၽွာက္လုံး Kaavan ကို ေမ့ေဆးမေပးဘဲ ဒီအတိုင္း လန္းလန္းဆန္းဆန္းျဖင့္သာ ေခၚေဆာင္သြားမွာျဖစ္ပါတယ္ေနာ္။ ေလယာဥ္ဆိုက္ကပ္တဲ့အခါ

ေလဆိပ္ကေန ကိုလံဘီယာ သဘာဝသားရိုင္း ေဘးမဲ့ေတာသို့ တစ္နာရီခြဲၾကာ ကားလမ္းခရီးျဖင့္ ဆက္လက္သယ္ေဆာင္သြားမွာ ျဖစ္တယ္လို့ Martin က ဆိုပါတယ္။

အဲ့ဒီမွာ ဆင္အမေလး သုံးေကာင္ရွိတယ္ဗ်၊ Kaavan အေဖာ္ရမွာပါ။ သူ႔အတြက္ အေကာင္းဆုံးျဖစ္မယ္လို့ ေမၽွာ္လင့္ရတာပဲ လို့ ၎က ဆက္လက္ေျပာခဲ့တာဘဲ ျဖစ္ပါတယ္ေနာ္။Ref:NPR Photo:Anjum Naveed/AP

Unicode…ကမ္ဘာ့အထီးကျန်အဆန်ဆုံး ဆင်ကလေး အပေါင်းအသင်းများရှိရာ ဘေးမဲ့တောသို့ သွားရတော့မည်

Kaavan လို့အမည်ရတဲ့ ဆင်တစ်ကောင်ဟာ အစ္စလာမ်မာဘတ်က Marghazar တိရစ္ဆာန်ရုံထဲမှာ ၁၉၈၅ ခုနှစ်ကတည်းက ရောက်ရှိနေတာ ဖြစ်ပြီးတော့ နေ့စဉ်ဘဝကို

တစ်ကောင်တည်းနဲ့ အထီးကျန်ဆန်စွာနဲ့ ဖြတ်သန်းနေရတာပါ။Kaavan ကတော့ အသက် (၁) နှစ်သားအရွယ်ကတည်းက သီရိလင်္ကာနိုင်ငံကနေ အစ္စလာမ်မာဘတ်ကို ရောက်ရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ Saheli ဆိုတဲ့ ဆင်လေးတစ်ကောင်ကို အဖော်ပြုပြီး တော့ နေခဲ့ပေမယ့် Saheli ဟာ ကူးစက်ရောဂါနဲ့ သေဆုံးသွားပြီးနောက်မှာတော့ အင်မတန် ဝမ်းနည်းပြီး တော့အဲ့ဒီကတည်းက

တစ်ကောင်တည်းသာ နေထိုင်ခဲ့ရတာပါ။ဝမ်းသာစရာ သတင်းကျတာ့ Kaavan လေးကို အခုလာမယ့် တနင်္ဂနွေနေ့မှာ ကိုလံဘီယာနိုင်ငံက တိရစ္ဆာန်ဘေးမဲ့တောကို ပို့ဆောင်ပေးတော့မှာပါတဲ့။ Kaavan ကိုတော့ ကိုလံဘီယာနိုင်ငံသို့

ပို့ဆောင်ရာမှာ လေယာဉ်ပျံနဲ့ ပို့ဆောင်ပေးမှာ ဖြစ်တဲ့အတွက် သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အရွယ်ရောက်ပြီးသား ဆင်တစ်ကောင်ကို လေယာဉ်ပျံနဲ့ သယ်ဆောင်ဖူးတဲ့ မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်နော်

အရွယ်ရောက်ပြီးသားဆင်ကို လေယာဉ်ပျံနဲ့ ပို့တယ်ဆိုတာ အင်မတန့် အင်မတန်မှာ ရှားပါးတဲ့ ဖြစ်စဉ်ပါ။ ဒီလောက်ကြီးတဲ့ ဆင်တစ်ကောင်ကို ကျနော်သိသလောက်တော့ တခါမှ လေယာဉ်နဲ့ မပို့ဆောင်ဖူးပါဘူး။

ဒီတော့ ကျနော်တို့ သမိုင်းမှတ်တမ်းသစ် ရေးထိုးကြတော့မှာပါ လို့ သားရိုင်းတိရစ္ဆာန် ကာကွယ်ထောက်ပံ့ရေး အဖွဲ့အစည်းဖြစ်တဲ့ Four Paws အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Martin Bauer က ပြောခဲ့တာပါ။Kaavan ကို အထူးတည်ဆောင်ထားတဲ့ လှောင်အိမ်နဲ့ ထည့်ပြီးတော့

ကုန်တင်လေယာဉ်နဲ့ ပို့ဆောင်မှာပါ။ ၁၀ နာရီကြာမြင့်မယ့် လေယာဉ်ခရီးစဉ်တစ်လျှောက်လုံး Kaavan ကို မေ့ဆေးမပေးဘဲ ဒီအတိုင်း လန်းလန်းဆန်းဆန်းဖြင့်သာ ခေါ်ဆောင်သွားမှာဖြစ်ပါတယ်နော်။ လေယာဉ်ဆိုက်ကပ်တဲ့အခါ

လေဆိပ်ကနေ ကိုလံဘီယာ သဘာဝသားရိုင်း ဘေးမဲ့တောသို့ တစ်နာရီခွဲကြာ ကားလမ်းခရီးဖြင့် ဆက်လက်သယ်ဆောင်သွားမှာ ဖြစ်တယ်လို့ Martin က ဆိုပါတယ်။

အဲ့ဒီမှာ ဆင်အမလေး သုံးကောင်ရှိတယ်ဗျ၊ Kaavan အဖော်ရမှာပါ။ သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ရတာပဲ လို့ ၎င်းက ဆက်လက်ပြောခဲ့တာဘဲ ဖြစ်ပါတယ်နော်။Ref:NPR Photo:Anjum Naveed/AP

Tags:

Add a Comment

Your email address will not be published. Required fields are marked *