ဆေးရုံရောက်ပြီး (၄)ရက်အကြာမှာ အနံ့ပြန်ရခဲ့တဲ့အကြောင်းကို ရယ်စရာအမှတ်တရလေးတွေနဲ့ ပြောပြလာခဲ့တဲ့ သရုပ်ဆောင် နေလင်း
ကိုဗစ်ရောဂါပိုးကိုကူးစက်ခံထားရတယ်ဆိုပေမယ့်လည်း စိတ်ဓာတ်လုံးဝမကျပဲ မှန်ကန်တဲ့ ဆေးကုသမှုတွေ ခံယူရင်းပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်။ Credit
Unicode…ဆေးရုံရောက်ပြီးတော့ (၄) ရက်အတွင်းမှာ အနံ့ပြန်ရခဲ့တဲ့အကြောင်းကို ရယ်စရာအမှတ်တရလေးတွေနဲ့ ပြောပြလာခဲ့တဲ့ သရုပ်ဆောင် နေလင်း
သရုပ်ဆောင် နေလင်းကတော့ ကျရာဇာတ်ရုပ်မှာ ကောင်းမွန်တဲ့ သရုပ်ဆောင်နိုင်တဲ့ သူဆိုလဲ မမှားပါဘူးနော်။ လက်ရှိမှာတော့ နေလင်းဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရလို့
ဧရာဝတီကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်နော်။ ကိုဗစ်လူနာဖြစ်ပေမယ့်လည်း ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် တစ်နေ.ထက်တစ်နေ့ နေကောင်းသက်သာလာတဲ့ နေလင်းဟာ
ဒီကနေ့မှာတော့ဆေးရုံရောက်တဲ့ (၄)ရက်အတွင်းမှာအနံ.့ပြန်ရခဲ့တဲ့အကြောင်း ရယ်စရာအမှတ်တရလေးတွေနဲ့ ပြောပြလာတာပါ။နေလင်းက မင်္ဂလာပါ။ဒီနေ့မနက်အစကတော့တကယ့်ကို မင်္ဂလာပါပဲ…အိပ်ယာနိုးလို့ထပြီး Maskလေးတပ်
မျက်နှာသစ်ဖို့ရေချိုးခန်းကိုရောက်သွားချိန်မှာအရမ်းကိုပျော်သွားပါတယ်…ဆပ်ပြာအနံ့ပေါင်းစုံဟာ ကျွန်တော်လိုအနံ့ပျောက်သတ္တဝါလေးရဲ့နှာ‌ခေါင်းကိုMaskရဲ့အကာအကွယ်ကိုကျော်ဖြတ်လို့ရောက်ရှိလာပါတော့တယ်။
ကျွန်တော်ရဲ့အာရုံခံစနစ်များဟာ မောင်ငဗစ်ကိုစတင်တိုက်ခိုက်အနိုင်ယူနေပြီဆိုတာကိုသိလိုက်ရလို့ပါပဲ။ ဒါတင်ပဲလားဆိုတော့မကသေးပါဘူး။ အိမ်သာထဲဝင်ကမုတ်ကိုဖွင့်ထိုင်လိုက်ချိန်မှာလည်း အင်မတန်မှတန်ဖိုးရှိသောအနံ့ကလေးကလည်း
ကျွန်တော့်ကိုထပ်ဆင့်ပျော်စေရပါတယ်…လူတစ်ယောက်အတွက်ဘာအရေးကြီးဆုံးလဲဆိုတာကိုအယ့်မှာပိုသိသွားခဲ့ရပါတယ်။ဆာလောင်နေသူအတွက်ကဝမ်းပြည့်ဖို့ဟာအဓိကပါ။ ပူလောင်သူအတွက်အေးချမ်းဖို့ကလည်းအရေးကြီးဆုံးပါပဲ။
အဲ့ဒါကြောင့်အနံ့ပျောက်သူအတွက်ဟာ အနံ့တိုင်းဟာ တန်ဖိုးရှိနေတော့တာပါပဲ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အနံ့ပြန်ရတဲ့နေ့မှာပဲကျွန်တော့်ကိုခွန်အားဖြစ်စေခဲ့တဲ့ PPE အောက်ကမျက်ဝန်းတစုံလေးဟာ
ဘယ်ကိုပျောက်သွားမှန်းမသိ ရှာဖွေလို့မရတော့ပါဘူးခင်ဗျာ။အော် ကံဆိုးကံကောင်းပါလားနော် အနံ့လေးတောင် မရှူလိုက်ရပါလား  ဆိုပြီးျတာ့ ရယ်စရာလေးကို ပြောလာတာပါ။သရုပ်ဆောင် နေလင်းကတော့
ကိုဗစ်ရောဂါပိုးကိုကူးစက်ခံထားရတယ်ဆိုပေမယ့်လည်း စိတ်ဓာတ်လုံးဝမကျပဲ မှန်ကန်တဲ့ ဆေးကုသမှုတွေ ခံယူရင်းပေ့ါပေါ့ပါးပါးသာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်။ Credit
Add a Comment
Your email address will not be published. Required fields are marked *