(၅)နှစ်ကြာ ကိုမာဖြစ်ပြီး သတိရလာခဲ့တဲ့ခင်ပွန်းက သစ္စာရှိလွန်းတဲ့ဇနီးသည်ကို ပြောခဲ့တဲ့စကားတစ်ခွန်း
Unicode…ကိုမာဖြစ်ပြီးတော့ 5နှစ်အကြာမှာ သတိရလာခဲ့တဲ့ခင်ပွန်းက သစ္စာရှိလွန်းလှတဲ့ဇနီးသည်ကို ပြောခဲ့တဲ့စကားတစ်ခွန်း
ယခု အမျိုးသမီးကတော့ ခင်ပွန်းဖြစ်တဲ့သူဟာ 5နှစ်လုံးလုံး ကိုမာဖြစ်နေတာကို လုံးဝလက်မလျှော့ပဲနဲ့ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက်ကြောင့် အတော်ဆုံးဇနီးဆုကို
ချီးမြင့်ရလောက်အောင်တော်လွန်းပါတယ်။ Li Zhihua အမည်ရှိတဲ့အမျိုးသားကတော့ 2013ခုနှစ်မှာ အလုပ်ကိုသွားရင်းနဲ့ ယာဉ်မတော်တဆဖြစ်ပြီးတော့ ဆိုင်ကယ်တိမ်းမောက်ခဲ့တဲ့အတွက် သူ၏ဦးနှောက်ဟာ
ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာပါ။ ဆရာဝန်၏ပြောပြချက်အရ Zhihua ဆေးရုံသို့ရောက်ရှိလာခဲ့တဲ့အချိန်ကတည်းက အသက်ရှင်ရုံမျှတစ်ပါး ဘားမှလုပ်ကိုင်နိုင်စွမ်းမရှိတဲ့အခြေအနေဖြစ်နေပြီးတော့ ဘယ်အရာကိုမှ
တုန့်ပြန်နိုင်ခြင်းမရှိတော့ပါဘူးတဲ့။ထို့ကြောင့်ဘဲ ဇနီးသည်ဖြစ်သူ Zhang Guihuanကို ဆရာဝန်က ခင်ပွန်းသည်က ဘာမှလုပ်ကိုင်နိုင်ခြင်းမရှိတဲ့အခြေအနေအတိုင်း
အမြဲဖြစ်နေနိုင်ပြီးတော့ ပြန်ကောင်လာဖို့မဖြစ်နိုင်ကြောင်း ပြောပြခဲ့တာပါ ။စိတ်ဓာတ်ကျစရာကောင်းလှတဲ့သတင်ကို ကြားခဲ့ရပေမဲ့လည်း ဇနီးသည်ဟာ အကောင်ဘက်ကိုသာတွေးတောပြီး ဆရာဝန်၏ရောဂါစစ်တမ်းများဟာ
မှားယွင်းနေကြောင်းသက်သေပြဖို့ကြိုးစားခဲ့ပါတော့တယ်နော် ။ဇနီးသည်ဖြစ်သူဟာ ခင်ပွန်း၏အနားမှာ တစ်ရက်ကိုနာရီပေါင်း 20ကျော် အမြဲပြုစုပေးခဲ့ပြီး တော့ ရက်ပေါင်း2000 နီးပါးကြာမြင့်ခဲ့တာပါ။ခင်ပွန်းဖြစ်သူကိုပြုစုဖို့အတွက်
စိတ်အားထက်သန်လွန်းလှတဲ့ဇနီးသည်ဟာ တစ်ရက်ကို3နာရီ (သို့) 4နာရီခန့်သာ အိပ်စက်အနားယူခဲ့ပြီးတော့ခင်ပွန်းဖြစ်သူရဲ့အခြေအနေပိုမိုတိုးတက်လာစေဖို့အတွက် ခင်ပွန်ကြိုက်နှစ်သက်တဲ့သီချင်းတွေကိုဖွင့်ပေးခဲ့ကာ
မျှော်လင့်ချက်အပြည့်နဲ့စကားတွေအမြဲပြောပေးခဲ့တာပါ ။အဆိုပါ 5နှစ်တာကာလအတွင်း ဇနီးသည်က ကိုယ်အလေးချိန် 10kg ခန့်ကျသွားခဲ့ပါတော့တယ် ။သူမရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် 2018ခုနှစ်မှာ ခင်ပွန်းသည်ဟာ
သတိပြန်လည်လာခဲ့ပါတယ်နော်။ရင်ထဲအထိဆုံးအရာတစ်ခုကတော့ Zhihua နိုးထလာခဲ့တဲ့အချိန်မှာ သူ၏ဇနီးဖြစ်သူကို မိန်မ… ငါမင်းကိုချစ်တယ် ဆိုတဲ့စကားလေးတစ်ခွန်းပါပဲနော်။credit
Add a Comment
Your email address will not be published. Required fields are marked *