Unicode…ဒူးရင်းသီးအနံ့မွှေးလွန်းလို့ မခံနိုင်တော့ဘဲနဲ့ စတိုးဆိုင်အထိ ဝင်ပြီးခိုးစားခဲ့တဲ့ ဆင်ကြီး
ဒူးရင်းသီးကြိုက်နှစ်သက်ကြသူတွေအတွက်တော့ ဒူးရင်းသီးအနံ့လေးဟာ  အမွှေကြိုင်ဆုံးအနံ့လို့သတ်မှတ်ရလောက်တဲ့အထိပါပဲနော်။ ပြီးခဲ့တဲ့ July 7ရက်နေ့ဟာ
Siriphon Kerdsuchon ဆိုတဲ့ အမျိုးသမီးအတွက်တော့ မေ့ဖျောက်နိုင်လို့မရတဲ့နေ့လို့ဆိုရမှာပါပဲနော် ။ ဘာလို့လည်းဆိုတော့ သူမရဲ့စတိုးဆိုင်ထဲကို ဆင်ကြီးတစ်ကောင်က
ဖြတ်ဝင်ပြီးတော့ ဒူးရင်းသီး 10 လုံးခိုးယူသွားခဲ့လို့ပါပဲနော် ။အဆိုပါဆင်ကြီးကတော့ ထိုင်းနိုင်ငံ ၊ Kaeng Krachan National Park မှ ဆင်ကြီးဖြစ်တယ်လို့ယူဆကြပြီးတော့ ဒူးရင်းသီးအနံ့ကိုမခံနိုင်တော့လို့
12,000 ဘတ်တန်ဖိုးရှိတဲ့ သံပြတင်းကာကိုဖြတ်ပြီးဝင်ရောက်ခဲ့တာဖြစ်ကြောင်းကို သိရတာပါ။သံပြတင်းကာကိုပြင်ပြီးမကြာခင်မှာဘဲ ညဖက်မှာပဲ အဆိုပါဆင်ကြီးဟာ သံပြတင်းကာကိုထပ်ဖျက်ပြီးတော့
ဒူးရင်းသီးများအားထပ်မံလာရောက်ခိုးယူသွားခဲ့ကြောင်း သိရတာပါ။ ထိုအချိန်မှာတော့ ဆိုင်ရှင်ဟာ သူမရဲ့ဖုန်းနဲ့ ဆင်ကြီးရဲ့ရုပ်ပုံကိုအမိအရရိုက်ယူခဲ့တယ်လို့ သိရပါတယ်။သဘာဝဥယျာဉ်ခြံရဲ့ တာဝန်ရှိသူကတော့ အဆိုပါဖြစ်ရပ်ကို
စစ်ဆေးပြီးတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်နော်။ဆင်တွေဟာ ဒူးရင်းသီးတွေကို စားဖို့ ဒူးရင်းသီးတွေကိုမြေကြီးပေါ်ပစ်ချပြီးနောက်
ခြေတစ်ဖက်နဲ့နင်းပြီး ခွဲလေ့ရှိပါတယ်။ ထို့နောက်မှာ ဆူးတွေပါတဲ့ဒူးရင်းသီးအခွံတွေကိုပါ ဝါးစားလေ့ရှိကြောင်းသိရှိရပါတယ်နော်။credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *