Unicode…သိန်းထောင်ချီတန် ကားကြီးနဲ့အတူ သူမအဖေရဲ့ စီးပွားရေးနဲ့ ပက်သက်ပြီး ဆုံးမစကားတချို့ကို မျှဝေခဲ့တဲ့ နေခြည်ဦး
နေခြည်ဦးဟာ သူမရဲ့ တနေ့တာ အနုပညာလှုပ်ရှားမှုများကို အမြဲမပြတ်မျှဝေပေးနေသူလေးပါနော်။ယခုလို ကာလတွေမှာလည်း ပရဟိတအလုပ်များကိုလည်း လုပ်ကိုင်နေသလို
အလှူအတန်းများကိုလည်း မပြတ်လှူဒါန်းနေသူပါ။ဒီအချိန်ဟာ ကားဝယ်ဖို့ အတွက် အကောင်းဆုံးအခြေအနေဆိုတာ လက်ခံလားဆိုပြီး တော့ နေခြည်ဦးကတော့ ပရိတ်သတ်တွေကို မေးခွန်းထုတ်ခဲ့တာပါ။
စီးပွားရေးနဲ့ ပက်သက်ပြီးတော့ ဖခင်ဆိုဆုံးမတဲ့ စကားတွေကလည်း အရမ်းကို မှန်ကန်တဲ့အကြောင်းကို အခုလိုပဲ ဆက်လက် ပြောပြခဲ့တာပါ။နေခြည်ဦး ပြောခဲ့တာကတော့
ဒီအချိန်က ကားဝယ်ဖို့ အကောင်းဆုံးအချိန်ဆိုတာကို လက်ခံလားဟင်… ကားကိုအရင်က ရူးသွပ်တဲ့သူထဲမှာ မပါပေမယ့် အခုအသက်အရွယ်ရောက်လာတော့ ကားတွေ အိမ်တွေ ခြံမြေတွေ ကျောက်မျက်ရတနာတွေ အရမ်းးးးကို
စိတ်ဝင်စားလာပြီ။ပိုက်ဆံတွေရှိလာရင် assets တွေဝယ်ပါတဲ့။ ဝယ်လိုက်တဲ့ assets တွေက ကိုယ့်ကိုယ် ပိုက်ဆံပြန်ရှာပေးနိုင်မယ့် assets တွေဖြစ်ဖို့တော့ လိုတယ်လို့ ဖေဖေဆုံးမတာတွေ အခုမှ နားလည်လာတယ်။
Work Hard Play Harder ဆိုကာ ပြောပြခဲ့တာဖြစ်ပါတယ်။နေခြည်ဦးကတော့ မြန်မာနိုင်ငံမှာ လူနည်းစုပဲ စီးနိုင်တဲ့ သိန်းထောင်ချီတန် ကားကြီးနဲ့အတူ သူမရဲ့ အတွေးအမြင်တွေကို အခုလို မျှဝေခဲ့တာ ဖြစ်ပါတယ်နော်။source:Nay Chi Oo
Add a Comment
Your email address will not be published. Required fields are marked *