Unicode…ချစ်ရတဲ့သူ ခြံဝနားက ဖြတ်လျှောက်တာကို နေ့တိုင်းစောင့်ကြည့်နေတဲ့ခွေးကလေး
သူ့ခမျာနေ့တိုင်း ခြံတံခါးအောက်ကနေ အပြင်ကိုချောင်းကြည့်ပြီးစောင့်နေတာပါတဲ့။ ခွေးဆိုတဲ့သတ္တဝါကလည်း သံယောဇဉ်တွယ်မိရင်ပဲဖြစ်ဖြစ်၊ သူတို့ကနေချစ်မိသွားတဲ့လူပဲဖြစ်ဖြစ် အဲလူကိုသာ တစ်သက်တာမမေ့ပဲ အမှတ်ရနေတတ်ပါတယ်နော်။
ဒီတစ်ကြိမ်မှာ Ralph အမည်ရခွေးလေးတစ်ကောင်ဟာ သူ့ခြံတံခါးအောက်ကနေ နေ့တိုင်းလိုလို ခေါင်းလေးမှောက်ပြီး တော့ အပြင်ကို ချောင်းနေတတ်ပါတယ်။
အကြောင်းကတော့ သူသံယောဇဉ်တွယ်မိတဲ့ Elisa ဆိုတဲ့ကောင်မလေးကြောင့်ပါနော်။Ralph ဟာ နေ့တိုင်း ခြံရှေ့ကနေ Elisa ဖြတ်သွားမယ့်အချိန်ကို စောင့်နေတတ်ပါတယ်တဲ့။ အသက်၁ရနှစ်အရွယ်ရှိ Elisa ဟာ
ခြံရှေ့ကို ဖြတ်တိုင်း တံခါးအောက်ကနေ စောင့်နေတတ်တဲ့ Raloh ကိုနှုတ်ဆက်ပွတ်သပ်ပေးလေ့ရှိပါတယ်တဲ့။Elisa ပြန်ခါနီးကျရင် Ralph ဟာ ဝမ်းနည်းတဲ့မျက်နှာအမူအရာနဲ့ Elisaလက်ကို အသာကိုက်ထားတာ၊
ဒါမှမဟုတ် လက်ကို သူ့လက်နဲ့အသာတင်ပြီး ဆွဲထားတာလုပ်လေ့ရှိသေးတာပါ။ Ralph အကြောင်းကို Elisa က အင်တာနက်မှာတင်တဲ့အခါ
ပြန်လည်မျှဝေသူအများအပြားရှိခဲ့ပါတယ်နော်။ Elisa ဟာ ကျောင်းသွားတဲ့အခါတိုင်း Ralph အိမ်ရှေ့ကဖြတ်သွားရပြီး Ralph နဲ့စတင်သိခဲ့တာဖြစ်ပါတယ်နော်။credit;Dailyci-news
Tags:
Add a Comment
Your email address will not be published. Required fields are marked *