သူ့ကုိ မသတ္ဖို႔ဒူးေထာက္ျပီး ငိုယိုကာေတာင္းပန္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္ႏြားမႀကီး

သားသတ္ရံုကို ေရာက္႐ွိသြားခ်ိန္မွာ မသတ္ၾကဖို႔ဒူးေထာက္ျပီး ငိုယိုကာ ေတာင္းပန္ေနခဲ့တဲ့ ကိုယ္ဝန္ေဆာင္ႏြားမႀကီး

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏိုင္ငံ ၊ Shantou ၿမိဳ႕မွာ႐ွိတဲ့ သားသတ္ရံုတစ္ခုမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီးေတာ့ ႏြားမႀကီးဟာ အသတ္ခံရဖို႔ သားသတ္ရံုထဲကို ဆြဲေခၚသြားျခင္းခံေနရတာပါ။ ႏြားမႀကီးကေတာ့ ကိုယ္ဝန္ေဆာင္ေနရေပမဲ့လည္း

အသတ္ခံရေတာ့မွာကို အလိုလိုသိ႐ွိေနၿပီးေတာ့ သားသတ္ရံုထဲသို႔ ေခၚသြားဖို႔ လုပ္ေနစဥ္ကတည္းက လံုးဝမလိုက္ခ်င္တဲ့ ပံုစံနဲ႔ျငင္းဆန္ေနခဲ့တာပါတဲ့။ ႏြားမႀကီးက သူ႔ကိုခ်ည္ေႏွာင္ထားတဲ့ ရႊံေတြနဲ႔ေနရာမွာကတည္းက

တစ္လွမ္းမွမေရႊ႔ခ်င္ေတာ့တဲ့ပံုစံမ်ိဳးျဖစ္ေနခဲ့တာပါေနာ္။ ဒါ့ေျကာင့္ သားသတ္သမားမ်ားဟာ ႏြားမႀကီးကိုဆြဲေခၚဖို႔ အေတာ္ေလးဒုကၡေရာက္ေနခဲ့ၾကတာပါ။သို႔ေပမဲ့လည္း ပိုၿပီးအံ့ၾသေစခဲ့တာကေတာ့ ႏြားမႀကီးဟာ သူ႔ရဲ႕အေ႐ွ႕ဖက္ေျခေထာက္ႏွစ္ဖက္လံုးကို

ဒူးေထာက္ၿပီး သူ႔ကိုမသတ္ဖို႔ ေတာင္းပန္ေနခဲ့တာပါေနာ္။ႏြားမႀကီးဟာ သူ႔ကိုဆြဲေခၚသြားလမ္းတစ္ေလ်ွာက္လံုး မ်က္ရည္ေတြက်ၿပီး ငိုေနခဲ့ပါေသးတာပါ။ ႏြားမႀကီးဟာ လံုးဝကို

အသက္႐ွင္ခြင့္ရေအာင္ေတာင္းဆိုေနၿပီးေတာ့ သူမရဲ႕ဗိုက္ထဲက ကေလးအတြက္ပါ အသက္ခ်မ္းသားခြင့္ေပးဖို႔ ေတာင္းပန္ေနပံုရပါတယ္ေနာ္။ အဆိုပါ ျဖစ္ရပ္ဟာ

social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္မွာေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ တိရစာၦန္ေတြကိုကာကြယ္ေစာင့္ေ႐ွာက္ေပးေနၾကတဲ့ အဖြဲ႔က ေတြ႔႐ွိသြားခဲ့ၿပီး ႏြားမႀကီးကို သားသတ္ရံုကေန ကယ္တင္ေပးႏိုင္ခဲ့ျကပါတယ္။ႏြားမႀကီးကို ကယ္တင္ေပးႏိုင္ဖို႔ တစ္စိတ္တစ္ပိုင္ပါဝင္ကူညီေပးခဲ့တဲ့

Lin Wangbo အမည္႐ွိတဲ့ ေဒသခံတစ္ဦးကေတာ့  ႏြားမႀကီးက သူ႔ကိုသားသတ္ရံုေခၚသြားဖို႔လုပ္တဲ့အခ်ိန္မွာ စၿပီးဒူးေထာက္ေနခဲ့ပါတယ္ ၊ သားသတ္ရံုထဲေရာက္တဲ့ခ်ိန္မွာေတာ့ ထပ္ၿပီးဒူးေထာက္ၿပီးေတာ့ စၿပီးငိုေႂကြးလာခဲ့ေတာ့တာပဲ ၊ အဲ့ေၾကာင့္ လူတစ္ေယာက္က video ႐ိုက္ၿပီး online

ေပၚတင္လိုက္ခ်ိန္မွာ ကြၽန္ေတာ္တို႔လည္းျမင္ၿပီး အဲ့ႏြားကိုမသတ္ဖို႔ သူ႔ကိုဆက္သြယ္ခဲ့ပါတယ္ ဆိုၿပီးေျပာဆိုခဲ့တာပါ။ ထို႔ေနာက္မွာ ႏြားမႀကီးကို သားသတ္ရံုကေနဝယ္ယူခဲ့ၾကၿပီးေတာ့

အဆိုပါၿမိဳ႕မွာ႐ွိတဲ့ ဘုန္းႀကီးဆီသို႔ ေခၚေဆာင္သြားခဲ့ၿပီး ဆက္ၿပီးေမြးျမဴ ခဲ့ကာ အသက္႐ွင္ခြင့္ေပးခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ေနာ္။Jasmine (Mckzone Daily)Source: worldofbuzz

Unicode…သားသတ်ရုံကို ရောက်ရှိသွားချိန်မှာ မသတ်ကြဖို့ဒူးထောက်ပြီး ငိုယိုကာ တောင်းပန်နေခဲ့တဲ့ ကိုယ်ဝန်ဆောင်နွားမကြီ

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ ၊ Shantou မြို့မှာရှိတဲ့ သားသတ်ရုံတစ်ခုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့ နွားမကြီးဟာ အသတ်ခံရဖို့ သားသတ်ရုံထဲကို ဆွဲခေါ်သွားခြင်းခံနေရတာပါ။ နွားမကြီးကတော့ ကိုယ်ဝန်ဆောင်နေရပေမဲ့လည်း

အသတ်ခံရတော့မှာကို အလိုလိုသိရှိနေပြီးတော့ သားသတ်ရုံထဲသို့ ခေါ်သွားဖို့ လုပ်နေစဉ်ကတည်းက လုံးဝမလိုက်ချင်တဲ့ ပုံစံနဲ့ငြင်းဆန်နေခဲ့တာပါတဲ့။ နွားမကြီးက သူ့ကိုချည်နှောင်ထားတဲ့ ရွှံတွေနဲ့နေရာမှာကတည်းက

တစ်လှမ်းမှမရွှေ့ချင်တော့တဲ့ပုံစံမျိုးဖြစ်နေခဲ့တာပါနော်။ ဒါ့ကြောင့် သားသတ်သမားများဟာ နွားမကြီးကိုဆွဲခေါ်ဖို့ အတော်လေးဒုက္ခရောက်နေခဲ့ကြတာပါ။သို့ပေမဲ့လည်း ပိုပြီးအံ့သြစေခဲ့တာကတော့ နွားမကြီးဟာ သူ့ရဲ့အရှေ့ဖက်ခြေထောက်နှစ်ဖက်လုံးကို

ဒူးထောက်ပြီး သူ့ကိုမသတ်ဖို့ တောင်းပန်နေခဲ့တာပါနော်။နွားမကြီးဟာ သူ့ကိုဆွဲခေါ်သွားလမ်းတစ်လျှောက်လုံး မျက်ရည်တွေကျပြီး ငိုနေခဲ့ပါသေးတာပါ။ နွားမကြီးဟာ လုံးဝကို

အသက်ရှင်ခွင့်ရအောင်တောင်းဆိုနေပြီးတော့ သူမရဲ့ဗိုက်ထဲက ကလေးအတွက်ပါ အသက်ချမ်းသားခွင့်ပေးဖို့ တောင်းပန်နေပုံရပါတယ်နော်။ အဆိုပါ ဖြစ်ရပ်ဟာ

social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်တွေကိုကာကွယ်စောင့်ရှောက်ပေးနေကြတဲ့ အဖွဲ့က တွေ့ရှိသွားခဲ့ပြီး နွားမကြီးကို သားသတ်ရုံကနေ ကယ်တင်ပေးနိုင်ခဲ့ကြပါတယ်။နွားမကြီးကို ကယ်တင်ပေးနိုင်ဖို့ တစ်စိတ်တစ်ပိုင်ပါဝင်ကူညီပေးခဲ့တဲ့

Lin Wangbo အမည်ရှိတဲ့ ဒေသခံတစ်ဦးကတော့  နွားမကြီးက သူ့ကိုသားသတ်ရုံခေါ်သွားဖို့လုပ်တဲ့အချိန်မှာ စပြီးဒူးထောက်နေခဲ့ပါတယ် ၊ သားသတ်ရုံထဲရောက်တဲ့ချိန်မှာတော့ ထပ်ပြီးဒူးထောက်ပြီးတော့ စပြီးငိုကြွေးလာခဲ့တော့တာပဲ ၊ အဲ့ကြောင့် လူတစ်ယောက်က video ရိုက်ပြီး online

ပေါ်တင်လိုက်ချိန်မှာ ကျွန်တော်တို့လည်းမြင်ပြီး အဲ့နွားကိုမသတ်ဖို့ သူ့ကိုဆက်သွယ်ခဲ့ပါတယ် ဆိုပြီးပြောဆိုခဲ့တာပါ။ ထို့နောက်မှာ နွားမကြီးကို သားသတ်ရုံကနေဝယ်ယူခဲ့ကြပြီးတော့

အဆိုပါမြို့မှာရှိတဲ့ ဘုန်းကြီးဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆက်ပြီးမွေးမြူ ခဲ့ကာ အသက်ရှင်ခွင့်ပေးခဲ့ကြကြောင်း သိရှိရပါတယ်နော်။Jasmine (Mckzone Daily)Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *