Unicode…မြန်မာငွေ ၁၂၅ သိန်းတန် စိန်ပုလဲ Mask ဂျပန် ထုတ်လုပ်
ကိုဗစ်ကာလမှာ အပြင်ထွက်ရင် Mask အမိုက်စားတပ်ပြီးတော့ သွားချင်သူတွေအတွက် မြန်မာငွေ ၁၂၅ သိန်းတန် တန်ဖိုးကြီးMask တစ်ခုကို ဂျပန်ဒီဇိုင်နာ တစ်ယောက်က
တီထွင်ထုတ်လုပ်လိုက်တာပါ။ အဲဒီ့ Mask ကို ပုလဲနဲ့ စိန် ဂျပန်ယန်း ၁မီလျံ (မြန်မာငွေ ၁၂၅ သိန်း) ကျော်တပ်ဆင်ထားပြီးတော့ လက်မှုပညာနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်နော်။ စိန်ပုလဲ Mask ကိုတော့ ပုံမှန် ကာကွယ်ရေး Mask အပေါ်မှာ
နှစ်ထပ်ဝတ်ဆင်ရမှာဖြစ်ပါတယ်တဲ့။ စိန်ပုလဲ Mask အတွက် 0.7 ကာရက်စိန်၊ ဆာရော့စကီးခရစ္စတယ်အလုံး ၃၀၀ အပြင် ဂျပန်ပုလဲအစစ် အလုံး ၃၀၀ နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်နော်။ ကိုဗစ်ကာလမှာ ငြိမ်ချက်သားကောင်းနေတဲ့ ဖက်ရှင်ဈေးကွက်အတွက် ရည်ရွယ်ပြီးတော့
ထုတ်လုပ်ထားတာဖြစ်ပါတယ်လို့ ဒီဇိုင်နာက ပြောတာပါ။လူတိုင်း စိတ်ညစ်နေတဲ့ အချိန် ဒီ Mask သတင်းကြားရင် အံ့သြသွားမယ်ထင်ပါတယ် လို့ ဒီဇိုင်နာ ကာဂျီတာက မီဒီယာတွေကိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ကြောင့် ဂျပန် လက်ဝတ်ရတနာဈေးကွက်နဲ့ ဖက်ရှင်ဈေးကွက်မှာ သိသိသာသာရိုက်ခတ်မှုတွေရှိခဲ့ပါတယ်နော်။ တန်ဖိုးကြီး Mask တွေကို Aeon လက်ခွဲ Cox ကနေ ရောင်းချမှာဖြစ်ပြီးတော့ Mask.com မှာ
ဝယ်ယူနိုင်တယ်လို့သိရပါတယ်နော်။ Mask.com မှာ Mask အမျိုးအစား ၂၀၀ ကျော်ရှိပြီးတော့ အနည်းဆုံး ဂျပန်ယန်း ၂၀၀ကနေ ယန်း သန်းချီတန်အထိရှိပါတယ်တဲ့။
စိန်နဲ့လုပ်ထားတဲ့ Mask ၅ ခုပြုလုပ်ထားပြီး ဈေးကွက်တင်တဲ့နေ့မှာပဲ တစ်ခုရောင်းထွက်သွားပြီလို့ Cox ကပြောခဲ့တာပါ။Ref – Bloomberg
Tags:
Add a Comment
Your email address will not be published. Required fields are marked *