သီရိလင်္ကာတွင် ဆင်များ အမှိုက်ပုံမှာ အစာရှာစားနေကြရ
Unicode…သီရိလင်္ကာတွင် ဆင်များ အမှိုက်ပုံတွင် အစာရှာစားနေကြရ
သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းတွင် ဒါဇင်ချီတဲ့ ဆင်တွေဟာ နေ့တိုင်း သစ်တောထဲက ထွက်လာပြီးတော့ အမှိုက်ပုံတွေမှာ အစာရှာနေရတာပါ။အမှိုက်ပုံတွေကို သူတို့နှာမောင်းတွေနဲ့ မွှေနှောက်ပြီးတော့ စားလို့ရသေးတဲ့
ဟင်းသီးဟင်းရွက်တွေကို ရှာဖွေနေကြတာဟာ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဇုန်နားက နိုင်ငံ့အကြီးဆုံး အမှိုက်ပုံ ၃ ခုမှာ နေ့စဉ် မြင်နေကျ ရှုခင်း ဖြစ်လာနေတာပါ။
အမ်ပါရာဒေသထဲက အမှိုက်ပုံကို လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ ခြံစည်းရိုးနဲ့ ကာထားပေမယ့်လည်း ဆင်တွေဟာ လမ်းပေါက် ရောက်လာခဲ့ပြီး ပလတ်စတစ်တွေနဲ့ အစာတွေကို ရောစားနေကြတယ်လို့ ဒေသခံ အရာရှိတွေက ပြောခဲ့တာပါ။
ဒါကြောင့် ၂၀၁၉ တနှစ်တည်းမှာ ဆင် ၃၆၁ ကောင် သေဆုံးခဲ့ပြီးတော့ ဒါဟာ စံချိန်သစ်ပဲ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားတာပါ။ဒါကြောင့် အစိုးရက ဆင်တွေကို ဟန့်တားဖို့အတွက် အမှိုက်ပုံပတ်လည်မှာ
မြောင်းကြီးတွေ တူးထားခဲ့ပြီး တော့ အလုပ်ဖြစ်မယ်လို့ အရာရှိတွေက ရှုမြင်ထားတာပါ။ ရွာသားတွေကတော့ အလုပ်ဖြစ်မယ်လို့ မယုံကြပါဘူး။ဂယ်လိုယာ လယ်သမားများ ကော်မတီ အဖွဲ့ဝင် တစ်ယောက်ဟာ ဆင်ရိုင်းတွေက အမှိုက်ပုံထဲ
ဝင်မရလို့ အနားက ရွာတွေထဲ ဝင်လာပြီး ရွာသားတွေကို အန္တရာယ်ပေးတယ်၊ စိုက်ပျိုးမြေတွေထဲ ဝင်စားလို့ ပျက်စီးကုန်တယ်။ ဒါကြောင့် ဆင်နဲ့လူကြား ပဋိပက္ခ ပိုဆိုးလာပြီး ဆင်တွေ ဆုံးရှုံးရတယ် လို့  ဆိုပါတယ်။
တစ်နှစ်ကို ဆင်ကြောင့် သေဆုံးသူ ဦးရေ ၂၀ ကနေ ၈၀ ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။ လူဦးရေ ၂၂ သန်း ရှိတဲ့ သီရိလင်္ကာ ကျွန်းနိုင်ငံထဲမှာ
ဆင်ရိုင်းကောင်ရေ ၇၅၀၀ လောက် ရှိနေတာပါတဲ့။မွေးမြူရေးဆင်တွေကိုတော့ ဘာသာရေးနဲ့ ယဉ်ကျေးမှုပွဲတော်တွေအတွင်း တစ်နှစ်လုံး သုံးလေ့ ရှိပါတယ်နော်။source;DVB
Tags:
Add a Comment
Your email address will not be published. Required fields are marked *