ယူနိုက်တက်မှာ ဒိုလေးလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုအတိုင်းပုံစံတူလုပ်ပြနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းကမှ ခေါ်ယူခဲ့တဲ့ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလရဲ့တစ်လတာ ပရီးမီးယားလိဂ်အကောင်းဆုံးဆုကိုရရှိခဲ့သလို အခုခါမှာလည်း ပရီးမီးယားလိဂ်ရဲ့ဇွန်လတစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြန်ပါပြီ။ ဒါ့ကြောင့် ဖာနန်ဒက်စ်လွန်ခဲ့တဲ့ (၂၀၀၆)ခုနှစ်တုန်းက စီရော်နယ်ဒိုနောက်ပိုင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ကစားသမားဆုကို

(၂)လဆက်တိုက်ရရှိတဲ့ ပထမဆုံး ယူနိုက်တက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဖာနန်ဒက်စ်ဟာယူနိုက်တက်အတွက် သွင်းဂိုး(၁)ဂိုးသာသွင်းယူပေးနိုင်ခဲ့ပေမဲ့ ကိုရိုနာကြောင့် မရပ်နားခင်ကစားခဲ့တဲ့ မတ်လအတွင်းကစားခဲ့တဲ့ ပွဲစဉ်တွေက စွမ်းဆောင်ရည်တွေကိုပါထည့်သွင်းတွက်ချက်ထားခဲ့တာဖြစ်ပါတယ်။

အခုလို ဇွန်လ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ကစားဆုကိုရရှိခဲ့တဲ့ ဖာနန်ဒက်စ်ဟာ (၂၀၀၆)ခုနှစ်က စီရော်နယ်ဒိုနောက်ပိုင်း နှစ်လဆက်တိုက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ကစားသမားဆုကိုရရှိတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့သလို၊ ပရီးမီးယားလိဂ်သမိုင်းမှာတစ်လတာအကောင်းဆုံး ကစားသမားဆုကို (၂)ကြိမ်ဆက်တိုက်ရရရှိခဲ့တဲ့ (၇)ယောက်မြောက်ပရီးမီးယားလိဂ်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလတုန်းက ယူနိုက်တက်အတွက် စတင်ပွဲထွက်ကစားခဲ့တဲ့ အချိန်ကနေစပြီးတော့ ဒီနေ့အချိန်အထိ ယူုနိက်တက်အတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးပါ၀င်ပတ်သက်မှုက (၁၃)ကြိမ်အထိရှိထားခဲ့တာဖြစ်ပြီး၊ မည်သည့်ပရီးမီးယားလိဂ်ကစားသမားတစ်ဦးတစ်ယောက်ကမှ ဖာနန်ဒက်စ်လို စွမ်းဆောင်ထားနိုင်ခဲ့ခြင်းမရှိပါဘူး။

ယူနိုက်တက်ကိုရောက်လာကတည်းက ပါ၀င်ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာခြေစွမ်းပြကစားနေတဲ့ ဖာနန်ဒက်စ်တစ်ယောက်ကတော့ ဒီရာသီမှာရုန်းကန်နေခဲ့ရတဲ့ ယူနိုက်တက်ကို ရောက်လာကတည်းက အကောင်းဆုံးခြေစွမ်းတွေနဲ့ဆွဲတင်ပေးနေခဲ့တယ်လို့ဆိုရတော့မှာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *