ျပည္သူနဲ႔အတူလွူၾကမယ္အစီအစဥ္က ဝယ္ထားတဲ့ ကိုဗစ္ေရာဂါသက္သာေစမယ့္ ေဆးေတြ ဒီေန႔ေရာက္မွာျဖစ္ေၾကာင္း ဝမ္းသာစြာမၽွေဝလာတဲ့ ဂၽြန္လြင္

ျပည္သူနဲ႔အတူလွူၾကမယ္အစီအစဥ္က ဝယ္ထားတဲ့ ကိုဗစ္ေရာဂါသက္သာေစမယ့္ ေဆးေတြ ဒီေန႔ေရာက္မွာျဖစ္ေၾကာင္း ဝမ္းသာစြာမၽွေဝလာတဲ့ ဂၽြန္လြင္

ျမန္မာနိုင္ငံမွာေတာ့ ကိုဗစ္ကာလစတင္ကတည္းက ကပ္ဆိုးႀကီးကို ျမန္မာတစ္နိုင္ငံလုံး အဆင္ေျပေျပေက်ာ္လႊားသြားနိုင္ဖို့အတြက္  အစိုးရေထာက္ပံ့ကူညီမွုေတြသာမက

ပရဟိတအဖြဲ႕အစည္းေတြလည္း မ်ားစြာထြက္ေပၚလာခဲ့ၿပီး ေတာ့ ယေန႔အခ်ိန္ထိ အင္တိုက္အားတိုက္ကူညီေနတာေတာ့ ျပည္သူလူထုတစ္ရပ္လုံးလည္း သိၾကမွာပါ။ အႏုပညာရွင္ေတြဟာလည္း ကိုဗစ္ကာလကို တတ္နိုင္သမၽွ

ကိုယ္တိုင္လွူဒါန္းေနၾကျပီး ျပည္သူနဲ႔အတူတူလွူၾကမယ္အဖြဲ႕ကေနတဆင့္ လိုအပ္ေနတဲ့ ေဆး႐ုံသုံးစက္ေတြ၊ လိုအပ္ေနတဲ့အကူအညီေတြ မ်ားစြာေပးနိုင္ခဲ့တာပါ။

ဒီတစ္ေခါက္မွာလည္း ျပည္သူနဲ႔အတူတူလွူၾကမယ္အစီအစဥ္မွာ အင္တိုက္အားတိုက္ပါဝင္ေနတဲ့ ဂၽြန္လြင္ကေတာ့ သတင္းေကာင္းေလးတစ္ခုကို မၽွေဝေပးလာျပန္ပါတယ္။ ကိုဗစ္ေရာဂါကုသေရးအတြက္ အသုံးျပဳခြင့္ေပးထားတဲ့ တစ္လုံးကို

(၂၄) ေဒၚလာတန္ေၾကးရွိတဲ့ Remdesivir ေဆး အလုံး(၇၉၀) ကို ျပည္သူနဲ႔အတူလွူဒါန္းၾကမယ္အလွူလက္က်န္ေငြ (၂၅၄) သိန္းနဲ႔ ဝယ္ယူခဲ့ၿပီးေတာ့ ဒီေန႔နိုဝင္ဘာ(၂၅) ရက္ေန႔မွာ ေရာက္လာေတာ့မွာျဖစ္ေၾကာင္း

သတင္းေကာင္းေလးကို မၽွေဝေပးခဲ့တာပါေနာ္။ဒီေဆးကေတာ့ ကိုဗစ္ေရာဂါကို အရွင္းေပ်ာက္ေအာင္ မကုသေပးနိုင္ေသးေပမယ့္ ဗိုင္းရပ္စ္ေတြကို သတ္ေပးတဲ့အျပင္ ကုသရမယ့္ရက္ကိုလည္း ေလၽွာ့ခ်ေပးနိုင္တာမို့ FDA ကခြင့္ျပဳထားတဲ့

တစ္ကမၻာလုံးက သုံးစြဲေနၾကတဲ့ေဆးျဖစ္ျပီး မၾကာေသးခင္ကလည္း အိႏၵိယနိုင္ငံက ျမန္မာနိုင္ငံအတြက္ Remdesivir ေဆးေတြကို လွူဒါန္းေပးခဲ့တာပါ။

ဂၽြန္လြင္ကေတာ့ ပါဝင္လွူဒါန္းေပးတဲ့သူေတြအကုန္လုံးကို ေက်းဇူးတင္စကားဆိုခဲ့တဲ့အျပင္ ေရာက္ရွိလာတဲ့ေဆးေတြကိုလည္း လိုအပ္တဲ့ေနရာေတြကိုလွူဒါန္းေပးသြားမွာျဖစ္ေၾကာင္း ေရးသားမၽွေဝခဲ့တာပါေနာ္။credit;စြယ္စံုသတင္းစံု

Unicode…ပြည်သူနဲ့အတူလှူကြမယ်အစီအစဉ်က ဝယ်ထားတဲ့ ကိုဗစ်ရောဂါသက်သာစေမယ့် ဆေးတွေ ဒီနေ့ရောက်မှာဖြစ်ကြောင်း ဝမ်းသာစွာမျှဝေလာတဲ့ ဂျွန်လွင်

မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကာလစတင်ကတည်းက ကပ်ဆိုးကြီးကို မြန်မာတစ်နိုင်ငံလုံး အဆင်ပြေပြေကျော်လွှားသွားနိုင်ဖို့အတွက်  အစိုးရထောက်ပံ့ကူညီမှုတွေသာမက

ပရဟိတအဖွဲ့အစည်းတွေလည်း များစွာထွက်ပေါ်လာခဲ့ပြီး တော့ ယနေ့အချိန်ထိ အင်တိုက်အားတိုက်ကူညီနေတာတော့ ပြည်သူလူထုတစ်ရပ်လုံးလည်း သိကြမှာပါ။ အနုပညာရှင်တွေဟာလည်း ကိုဗစ်ကာလကို တတ်နိုင်သမျှ

ကိုယ်တိုင်လှူဒါန်းနေကြပြီး ပြည်သူနဲ့အတူတူလှူကြမယ်အဖွဲ့ကနေတဆင့် လိုအပ်နေတဲ့ ဆေးရုံသုံးစက်တွေ၊ လိုအပ်နေတဲ့အကူအညီတွေ များစွာပေးနိုင်ခဲ့တာပါ။

ဒီတစ်ခေါက်မှာလည်း ပြည်သူနဲ့အတူတူလှူကြမယ်အစီအစဉ်မှာ အင်တိုက်အားတိုက်ပါဝင်နေတဲ့ ဂျွန်လွင်ကတော့ သတင်းကောင်းလေးတစ်ခုကို မျှဝေပေးလာပြန်ပါတယ်။ ကိုဗစ်ရောဂါကုသရေးအတွက် အသုံးပြုခွင့်ပေးထားတဲ့ တစ်လုံးကို

(၂၄) ဒေါ်လာတန်ကြေးရှိတဲ့ Remdesivir ဆေး အလုံး(၇၉၀) ကို ပြည်သူနဲ့အတူလှူဒါန်းကြမယ်အလှူလက်ကျန်ငွေ (၂၅၄) သိန်းနဲ့ ဝယ်ယူခဲ့ပြီးတော့ ဒီနေ့နိုဝင်ဘာ(၂၅) ရက်နေ့မှာ ရောက်လာတော့မှာဖြစ်ကြောင်း

သတင်းကောင်းလေးကို မျှဝေပေးခဲ့တာပါနော်။ဒီဆေးကတော့ ကိုဗစ်ရောဂါကို အရှင်းပျောက်အောင် မကုသပေးနိုင်သေးပေမယ့် ဗိုင်းရပ်စ်တွေကို သတ်ပေးတဲ့အပြင် ကုသရမယ့်ရက်ကိုလည်း လျှော့ချပေးနိုင်တာမို့ FDA ကခွင့်ပြုထားတဲ့

တစ်ကမ္ဘာလုံးက သုံးစွဲနေကြတဲ့ဆေးဖြစ်ပြီး မကြာသေးခင်ကလည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် Remdesivir ဆေးတွေကို လှူဒါန်းပေးခဲ့တာပါ။

ဂျွန်လွင်ကတော့ ပါဝင်လှူဒါန်းပေးတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် ရောက်ရှိလာတဲ့ဆေးတွေကိုလည်း လိုအပ်တဲ့နေရာတွေကိုလှူဒါန်းပေးသွားမှာဖြစ်ကြောင်း ရေးသားမျှဝေခဲ့တာပါနော်။credit;စွယ်စုံသတင်းစုံ

Add a Comment

Your email address will not be published. Required fields are marked *