အောင်မြင်တဲ့ဘဝကိုရပေမယ့် အကြော်ရောင်းတဲ့အလုပ်ကိုမစွန့်လွှတ်ဘဲ ချစ်ဇနီးလေးနဲ့အတူ လုပ်ကိုင်နေတဲ့ သားငယ်
Unicode…အောင်မြင်တဲ့ဘဝကိုရပေမယ့် အကြော်ရောင်းတဲ့အလုပ်ကို မစွန့်လွှတ်ဘဲ ချစ်ဇနီးနဲ့အတူ လုပ်ကိုင်နေတဲ့ သားငယ်
အဆိုတော် သားငယ်ကတော့ Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတော့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်နော်။
ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာလည်း ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အများဆုံးရရှိခဲ့တဲ့ သားငယ်က အခုဆိုရင် အောင်မြင်တဲ့ဘဝကို ရရှိထားပြီ ဖြစ်ပါတယ်နော်။ သားငယ်ကတော့ အသံကောင်းသလို အရည်အချင်းလည်းရှိတာကြောင့်ဘဲ
ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်နော်။အရင်က ချစ်ဇနီးချောလေးနဲ့အတူ အကြော်ရောင်းခဲ့တဲ့ သားငယ်က အခုလိုအောင်မြင်နေတဲ့အချိန်မှာတောင်ဘဲ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကို တန်ဖိုးထားကာ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်နော်။
သားငယ်တို့ဇနီးမောင်နှံက အလုပ်လုပ်တဲ့နေရာမှာလည်းမောင်တစ်ထမ်းမောင်တစ်ရွက် ဆောင်ရွက်တတ်တာကြောင့် ပရိသတ်တွေကပါ သဘောကျနေရတာပါ။ အခုလည်း သားငယ်က ချစ်ဇနီးနဲ့ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ် ။
သားငယ်က ပဲစိမ့်ကြော် ရောင်းမယ်ဟေ့ !Live လွှင့်ပြီးရောင်းရမလား ! Delivery နဲ့ ပို့ရမလား  ဆိုပြီး အကြော်ရောင်းတဲ့လုပ်ငန်းမှာ ပျော်ရွှင်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်နော်။ ပကာသနတွေကင်းတဲ့ သားငယ်တို့ဇနီးမောင်နှံရဲ့ဘဝလေးကတော့ အရမ်းကိုအေးချမ်းပြီး ပျော်စရာကောင်းနေတာပါနော်။credit
Add a Comment
Your email address will not be published. Required fields are marked *