စံျပဝန္ထမ္းတစ္ဦးအျဖစ္ သက္ေသျပနိုင္ဖို့ အိမ္သာခြက္ထဲက ေရကိုတစ္ခါတည္း အကုန္ေမာ့ ေသာက္ျပခဲ့တဲ့အမ်ိဳးသမီး

စံျပဝန္ထမ္းတစ္ဦးအျဖစ္ သက္ေသျပနိုင္ဖို့ အိမ္သာခြက္ထဲက ေရကိုတစ္ခါတည္း အကုန္ေမာ့ ေသာက္ျပခဲ့တဲ့အမ်ိဳးသမီး

တ႐ုတ္နိုင္ငံရွိ သန္႔ရွင္းေရးသမားတစ္ဦးက သူမအလုပ္ကို ဘယ္လိုေကာင္းမြန္ေအာင္ လုပ္ေဆာင္နိုင္တာကို သက္ေသျပဖို့ အတြက္ အိမ္သာထဲကေရကို ေသာက္ျပခဲ့တာပါ။အဆိုပါအမည္မေဖာ္ထားတဲ့အမ်ိဳးသမီးကေတာ့

အလုပ္ခြင္ကသူ႔အထက္လူႀကီးအခ်ိဳ့ကို သူလုပ္ျပမယ့္အေၾကာင္းရွင္းျပရင္းနဲ့ ခြက္တစ္ခြက္ယူၿပီး ေတာ့ အိမ္သာထဲကေရကိုခပ္ခဲ့တာပါ။အဲ့ဒီေနာက္ ျပန္ထြက္လာၿပီးေတာ့ အိမ္သာေရကို အကုန္ေမာ့ေသာက္ျပေတာ့ အေရွ႕က အထက္လူႀကီးေတြကလည္း လက္ခုပ္တီးေနခဲ့တာပါ။

MailOnline သတင္းအရ ကုမၸဏီက သူမအား စံျပဝန္ထမ္းတစ္ဦးအျဖစ္ ေငြေပးထားခဲ့ၿပီးေတာ့ သူမရဲ့အရဲစြန္႔နိုင္မွုအတြက္ ခ်ီးက်ဴးေပးခဲ့တာပါတဲ့။အဆိုပါသတင္းဟာ တ႐ုတ္နိုင္ငံ Shangdongျပည္နယ္ရွိ ဓာတ္ေျမဩဇာကုမၸဏီမွျဖစ္ၿပီးေတာ့ သူမအတိုင္း

ဘယ္ဝန္ထမ္းကမွလိုက္မလုပ္ခဲ့ပါဘူးတဲ့။အင္တာနက္အသုံးျပဳသူေတြက အႀကီးအကဲေတြေကာ ေသာက္ျပသင့္တယ္။အဲ့တာက သန္႔ရွင္းေရးသမားအတြက္ အေတာ္ေလးခက္ခဲေစမွာ စတဲ့မွတ္ခ်က္ေတြေပးခဲ့ၾကတာပါ။အဆိုပါကုမၸဏီက သူမကို အိမ္သာေရမေသာက္ဖို့ေျပာခဲ့ေပမဲ့

သူမရဲ့သေဘာဆႏၵအေလ်ာက္ေသာက္ခဲ့တာပါတဲ့ေနာ္။ကုမၸဏီရဲ့ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အဆိုပါသန္႔ရွင္းေရးသမားဟာ သူမရဲ့စိတ္ပိုင္းဆိုင္ရာအတားအဆီးေတြကိုခ်ိဳးေဖာက္နိုင္ခဲ့ၿပီးေနာက္ပိုင္း အိမ္သာေရကို ၂ႏွစ္နီးပါးေသာက္ခဲ့ေၾကာင္း

Red Star News သတင္းသို့ေျဖၾကားထားတာပါ။အဲ့ဒီေနာက္မွာ ကုမၸဏီက ဝန္ထမ္းအားလုံးကို သူမထံမွ သင္ယူဖို့တိုက္တြန္းခဲ့ၿပီးသူမက ငါတို့ရဲ့စံျပနမူနာဘဲ သူမကအလုပ္ကို အျမင့္ဆုံးအထိ လုပ္နိုင္ခဲ့တယ္ လို့လည္း ဆိုထားပါတယ္ေနာ္။

လြန္ခဲ့တဲ့၂ႏွစ္တုန္းကလည္း တ႐ုတ္နိုင္ငံ Sichuan ျပည္နယ္ရွိဓာတ္ပုံကုမၸဏီတစ္ခုကလည္း ဝန္ထမ္းေတြအလုပ္တစ္ခုခုလႊဲေခ်ာ္သြားခဲ့ရင္ အဲ့လိုဘဲ အိမ္သာေရေသာက္ခိုင္းခဲ့ပါေသးတယ္တဲ့။Mia (Mckzone Daily)Source : ladbible

Unicode…စံပြဝန်ထမ်းတစ်ဦးအဖြစ် သက်သေပြနိုင်ဖို့ အိမ်သာခွက်ထဲက ရေကိုတစ်ခါတည်း အကုန်မော့ သောက်ပြခဲ့တဲ့အမျိုးသမီး

တရုတ်နိုင်ငံရှိ သန့်ရှင်းရေးသမားတစ်ဦးက သူမအလုပ်ကို ဘယ်လိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တာကို သက်သေပြဖို့ အတွက် အိမ်သာထဲကရေကို သောက်ပြခဲ့တာပါ။အဆိုပါအမည်မဖော်ထားတဲ့အမျိုးသမီးကတော့

အလုပ်ခွင်ကသူ့အထက်လူကြီးအချို့ကို သူလုပ်ပြမယ့်အကြောင်းရှင်းပြရင်းနဲ့ ခွက်တစ်ခွက်ယူပြီး တော့ အိမ်သာထဲကရေကိုခပ်ခဲ့တာပါ။အဲ့ဒီနောက် ပြန်ထွက်လာပြီးတော့ အိမ်သာရေကို အကုန်မော့သောက်ပြတော့ အရှေ့က အထက်လူကြီးတွေကလည်း လက်ခုပ်တီးနေခဲ့တာပါ။

MailOnline သတင်းအရ ကုမ္ပဏီက သူမအား စံပြဝန်ထမ်းတစ်ဦးအဖြစ် ငွေပေးထားခဲ့ပြီးတော့ သူမရဲ့အရဲစွန့်နိုင်မှုအတွက် ချီးကျူးပေးခဲ့တာပါတဲ့။အဆိုပါသတင်းဟာ တရုတ်နိုင်ငံ Shangdongပြည်နယ်ရှိ ဓာတ်မြေဩဇာကုမ္ပဏီမှဖြစ်ပြီးတော့ သူမအတိုင်း

ဘယ်ဝန်ထမ်းကမှလိုက်မလုပ်ခဲ့ပါဘူးတဲ့။အင်တာနက်အသုံးပြုသူတွေက အကြီးအကဲတွေကော သောက်ပြသင့်တယ်။အဲ့တာက သန့်ရှင်းရေးသမားအတွက် အတော်လေးခက်ခဲစေမှာ စတဲ့မှတ်ချက်တွေပေးခဲ့ကြတာပါ။အဆိုပါကုမ္ပဏီက သူမကို အိမ်သာရေမသောက်ဖို့ပြောခဲ့ပေမဲ့

သူမရဲ့သဘောဆန္ဒအလျောက်သောက်ခဲ့တာပါတဲ့နော်။ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါသန့်ရှင်းရေးသမားဟာ သူမရဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုချိုးဖောက်နိုင်ခဲ့ပြီးနောက်ပိုင်း အိမ်သာရေကို ၂နှစ်နီးပါးသောက်ခဲ့ကြောင်း

Red Star News သတင်းသို့ဖြေကြားထားတာပါ။အဲ့ဒီနောက်မှာ ကုမ္ပဏီက ဝန်ထမ်းအားလုံးကို သူမထံမှ သင်ယူဖို့တိုက်တွန်းခဲ့ပြီးသူမက ငါတို့ရဲ့စံပြနမူနာဘဲ သူမကအလုပ်ကို အမြင့်ဆုံးအထိ လုပ်နိုင်ခဲ့တယ် လို့လည်း ဆိုထားပါတယ်နော်။

လွန်ခဲ့တဲ့၂နှစ်တုန်းကလည်း တရုတ်နိုင်ငံ Sichuan ပြည်နယ်ရှိဓာတ်ပုံကုမ္ပဏီတစ်ခုကလည်း ဝန်ထမ်းတွေအလုပ်တစ်ခုခုလွှဲချော်သွားခဲ့ရင် အဲ့လိုဘဲ အိမ်သာရေသောက်ခိုင်းခဲ့ပါသေးတယ်တဲ့။Mia (Mckzone Daily)Source : ladbible

Tags:

Add a Comment

Your email address will not be published. Required fields are marked *