ကိုဗစ် ရောဂါပိုးကူးစက်ခံလိုက်ရပြီ ဖြစ်တဲ့ သရုပ်ဆောင် နေလင်း
Unicode…ကိုဗစ် ရောဂါပိုးကူးစက်ခံနေရပြီဖြစ်တဲ့ သရုပ်ဆောင် နေလင်း
နိုင်ငံကျော် ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင်ဖြစ်သော သရုပ်ဆောင်နေလင်းဟာ ဇာတ်ပို့တစ်ယောက်ပီပီ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲ၊ ကြော်ငြာစတဲ့ အနုပညာလှုပ်ရှားမှုတွေမှာ
ကျရာဇာတ်ကောင်အတိုင်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်နော်။ နေလင်းဟာ အနုပညာလောကမှာ ဒီနေ့ဒီအချိန်ထိ ကျင်လည်ရင်းနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလက်ခံထားနေဆဲ ဖြစ်ပါတယ်နော်။
ဒါပေမယ့်လည်း ဒီကနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့မှာတော့ နေလင်းက သူ့ရဲ့ ဝမ်းနည်းစိတ်မကောင်းစရာသတင်းကို ပရိသတ်တွေဆီ ပြောပြလာတာပါ။ နေလင်းက ဧရာဝတီစင်တာမှာ ဆေးသွားစစ်ရင်း
Covid-19 Positive ဖြစ်ရင်း သိခဲ့ရတဲ့အကြောင်းကို P သွားပါတယ် Fighting Me ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးလာတာပဲ ဖြစ်ပါတယ်နော်။
နေလင်းရဲ့ သတင်းအတွက် ပရိသတ်တွေက စိတ်မကောင်းကြသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း အားပေးစကားပြောနေကြတာပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်ကြီးလည်း နေလင်းတစ်ယောက် အမြန်ဆုံး နေကောင်းသက်သာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ Source: Nay Linn’s fb
Add a Comment
Your email address will not be published. Required fields are marked *