Unicode…ONE Championship T-shirt နဲ့ Face mask များရောင်းချပြီးတော့ ကိုဗစ်လူနာတွေကို လှူဒါန်းသွားမယ့် အောင်လအာန်ဆိုင်း
မကြာသေးခင်ကဘဲ ကျင်းပပြုလုပ်ခဲ့တဲ့ ONE Championship ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ဂုဏ်ထူးအောင် အောင်လအာန်ဆိုင်း တစ်ယောက် ရှုံးနိမ့်သွားတဲ့အတွက်
တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေ အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် လည်း အောင်လကတော့ နောက်ပွဲတွေမှာ မရှုံးနိမ့်အောင် ကြိုးစား ယှဉ်ပြိုင်သွားပါမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့တာပါ။ယခု လတ်တလောမှာတော့
ONE Championship အထူးသီးသန့် T-shirt အင်္ကျ ီနဲ့ Face mask များကို Myanmar Plaza ရှိ MK Fashion Shop တွင်ရောင်းချလျက်ရှိတယ်လို့သိရပြီးတော့ Online order အနေနဲ့ မှာယူလို့ရတဲ့အကြောင်းကို
အောင်လအာန်ဆိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့တာပါ။ ရောင်းရငွေရဲ့ ၁၀% ကိုဝေဘာဂီဆေးရုံရှိ ကိုဗစ်လူနာများအတွက်
လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်နော်။ဒါကြောင့်ယခုလိုအချိန်မှာ သင့်အတွက်သေးငယ်တဲ့လုပ်ဆောင်ချက်တစ်ခုဟာ တစ်စုံတစ်ယောက်အတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်သွားနိုင်ပါတယ်
ဆိုတဲ့စာသားလေးနဲ့လည်း ဝယ်ယူအားပေးခြင်းဖြင့် ကိုဗစ်ရောဂါသည်တွေကို ကူညီရာရောက်ကြောင်းကို ပရိသတ်တွေကို အသိပေးဖော်ပြခဲ့တာပဲဖြစ်ပါတယ်နော်။Source : Aung La Nsang
Add a Comment
Your email address will not be published. Required fields are marked *