







Unicode…တရုပ်တွင် ဓါတုသုံးပီပါသံပြားများဖြင့် အဆိပ်ပါ အကြော်အိုးများပြုလုပ်နေ

ဓါတုသုံး ပီပါ သံပြားများနှငိ့ အဆိပ်ပါ အကြော်အိုး များပြုလုပ်နေ ကြောင်းကို တရုတ်အစိုးရပိုင် CCTV-13 မှ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲရှိသော ဈေးပေါသော

သံပြားဟင်းကြော်အိုးများအား CCTV-13 မှ သတင်းထောက်များမှ လျှို့ဝှက် လေ့လာရာမှ အဆိုပါ ပြဿနာကြီးတရပ်ကို ၎င်းတို့က လူသိရှင်ကြား ဖော်ထုတ် နိုင်ခဲ့တာပါ။အဓိက အနေနဲ့ ကျောက်ကပ်များကို ထိခိုက်စေမည့်

ခဲဆိပ်တက်တတ်သော အဆိုပါ ဟင်းကြော်အိုးများသည် ဈေးပေါသည်။ သံပြားအသစ်များထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာသက်သာ စေနိုင်မည့် ဓါတုဗေဒ အရည်များ ထည့်သွင်း

သိုလှောင်ရာ၌ သုံးသော ပီပါများကို အသုံးပြုကြသည်ဟု ဆိုပါသည်။ဓါတုသုံး ပီပါပိုင်း တလုံးအား ဖြတ်တော်၍ အကြော်အိုး (၁၀) ခုမ က ထုတ်လုပ်နိုင်ပြီး ရွာတရွာ ထဲ၌ပင် အဆိုပါ အိုးမျိုး တနှစ်လျှင်အခုရေ (၅) သိန်း အထိ

ထုတ်လုပ်နိုင်ကြောင်း CCTV-13 မှဖော်ပြခဲ့တာ ဖြစ်ပါတယ်။စာကြွင်း/- ” နမူနာသာ ယူခဲ့ပါ ဈေးနှုန်းညှိနှိုင်း နိုင်သည်ဆိုတဲ့”ကျယ်ဂေါင်ကဗွီနိုင်းတွေသွားမြင်မိတယ်။

လမ်းဖြတ်သန်းခသာ ဆက် ကြစမ်း ဘာမဆို မြန်မာပြည်ထဲ  သွင်း  နိုင်တယ်။ အဲ့ တော့ ပေါ ချောင် ကောင်း မကြိုက်ကြပါနဲ့နော်။ Ref ; CCTV-13 /  လေးစားစွာဖြင့် Crd ; Roland Zhang (S.S.M)

Tags:

Add a Comment

Your email address will not be published. Required fields are marked *