Unicode…မိခင်အသက်ရူကြပ်လို့ ဆေးရုံတက်နေစဉ် ဆေးဖိုးငွေတွေ ကို အလိမ်ခံလိုက်ရတဲ့ ကြောင်းပြောလာတဲ့ သရုပ်ဆောင် ပါကျဲ
ယခုလို covid ကာလကြီးမှာ ဇာတ်ပို့၊ ဇာတ်ရံတွေ အလုပ်အကိုင် ရှားပါးလာချိန်မှာ မိသားစုရဲ့ စားဝတ်နေရေးအတွက် ဟာသသရုပ်ဆောင် ပါကြဲဟာထီး၊ ဖိနပ်ပြင်နေတဲ့
အလုပ်ကို လုပ်ကိုင်နေပါတယ်။ဟာသသရုပ်ဆောင် ပါကျဲဟာ မိခင်အတွက် ကျန်းမာရေး အတွက်အလှူငွေရထားတဲ့ ပိုက်ဆံတွေ အလိမ်ခံလိုက်ရတယ်လို့ ပြောပါတယ်။
“ကျနော့်အမေ အသက်ရှူကျပ်လို့ အင်းစိန်ဆေးရုံ တင်လိုက်တာ ကျနော့်ဖုန်းကို အမေ ခုတင်နား အားသွင်းထားတာ။ ကျနော့်ဖုန်းကို နယ်ကနေ အလှူငွေ ၁ သိန်း ပို့လိုက်တာ။
အမေက မျက်စိ မကောင်းလို့ အဲ့နားက မိန်းမကို ဖုန်းလာတာလား၊ စာဝင်တာလား ကြည့်ခိုင်းတာ။ ပိုက်ဆံပို့မှန်းလည်း သိရော အဲ့စာကို ဓာတ်ပုံရိုက်ပြီး အဲ့ပိုက်ဆံ ၁ သိန်းကို
လိမ်ယူသွားတယ်။ အမေ့ ဆေးဖိုးတွေကို ယူသွားတာဗျာ။ ကျနော်တို့ကတော့ ဘာမှမဖြစ်ဘူး”လို့ ဟာသ သရုပ်ဆောင် ပါကျဲက ပြောပြလာပါတယ်။
သူ့ရဲ့ မိခင်ဟာ ငွေကြေးလိမ်လည်သွားသူကို စိတ်မဆိုးတဲ့အပြင် စိတ်ပါ ပူပေးနေတာကြောင့် မျက်ရည်ကျရတယ်လို့ ပါကျဲက ပြောပါတယ်။
“အမေက စိတ်မဆိုးတဲ့အပြင် ဘယ်လောက်ထိ စေတနာကောင်းလဲဆို ယူသွားတဲ့သူ ၁ သိန်းနဲ့ လောက်ပါ့မလား မသိဘူး၊ အကြွေးတွေ ရှိလား မသိဘူးတဲ့။ အဲ့လိုပြောတာ။
အမေ အဲ့လိုပြောတော့ ကျနော် မျက်ရည် ကျတယ်။ ကျနော်ကတော့ စိတ်တွေဆိုးနေတာ။ အမေက ကိုယ်ချင်းစာတတ်တာ။ အဲ့ အမျိုးသမီး စားရဲတာကို ချီးကျူးတယ်။
ကျနော် မစားရဲဘူး။ ဒီဘဝတင် မဟုတ်ဘူး။ နောင်ဘဝထိကို ထိမှာ။ ကျနော်တို့ကတော့ မေတ္တာပဲ ထားတယ်”လို့ ပြောခဲ့ပါတယ်။အခုလို COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ
ခက်ခဲတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကို ရုပ်ရှင်အစည်းအရုံးနဲ့ တတ်နိုင်သူများက လှူပေးနေတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးက အခုလို ဆန်တွေ၊ ဆီတွေ လှူတော့ တော်တော်လေး
အဆင်ပြေတာပါ။ အိမ်တအိမ်ရဲ့ လိုအပ်တာတွေကို ဖြည့်ပေးလိုက်တာ လူသာဓုခေါ် နတ်သာဓု ခေါ်ပါ။ လှူတဲ့ လူတွေလည်း ကျေးဇူးတင်ပါတယ်။ ကျနော် အမေ့ကို ရှာကျွေးနေတဲ့သား ဖြစ်တာကြောင့်
လှူတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အလှူရှင်တွေ ရှိမှလည်း အဆင်ပြေမှာလေ အခု လှူတဲ့သူတွေလည်း လှူပေးတာ ၂ ခါ ကုသိုလ်ရပါတယ်။ ကျနော်တို့ထက် အဆင်မပြေသူကို ပြန်လှူပေးသလို
ခွေးလေးတွေလည်း အစာပြန်ကျွေးပေးပါတယ်။ ကျနော်တို့ ဘဝတွေကို လှပအောင် ကူညီပေးကြတဲ့ အလှူရှင်တွေ ကျန်းမာ ချမ်းသာကြပါစေ။
လာမယ့် ဘေးတွေလည်း ဝေးပါစေ လို့ ပါကျဲက ပြောပါတယ်။ဟာသ သရုပ်ဆောင် ပါကျဲဟာ တချိန်တုန်းက ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာပါ
ဟာသ သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပြီး ယခု လက်ရှိမှာတော့ ထီး၊ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။ပရိတ်သတ်ကြီးလည်း ဟာသ သရုပ်ဆောင် ပါကြဲ အစဉ်ပါစေလို့ ဆုတောင်းပေးပါအူးနော်။Source:The Irrawaddy Lifestyle
Add a Comment
Your email address will not be published. Required fields are marked *