Unicode…အိမ်သန့်ရှင်းရေးလုပ်ရာကနေ ကံကောင်းသွားတဲ့ အမျိုးသမီး
အိမ်သန့်ရှင်းရေးပြုလုပ်ခြင်းရဲ့ကောင်းကျိုးကတော့ အိမ်ကိုသန့်ရှင်းသပ်ရပ်မှုရှိပြီးတော့ နေထိုင်လို့ကောင်းသည့်အပြင် တခါတရံ ထင်မှတ်မထားတဲ့ ကံကောင်းခြင်းများစွာကိုလည်း
ဖြစ်သွားစေနိုင်ပါတယ်နော်။အဲ့လိုမျိုး ကံကောင်းသော အကြောင်းအရာကိုကြုံတွေ့သွားသော ကယ်ရိုလင်း ဘောအား ဆိုသူအမျိုးသမီးကတော့ ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဒဲလ်တာမြို့ကပဲ ဖြစ်ပါတယ်နော်။
သူမ ကတော့ အိမ်သန့်ရှင်းရေးလုပ်ရင်း တစ်လကျော်ကျော်တုန်းကဝယ်ထားတဲ့ ထီလက်မှတ် ၃ စောင်ကို မီးဖိုချောင်ထဲကရေဒီယိုနောက်မှာ မထင်မှတ်ဘဲရုတ်တရက်တွေ့သွားခဲ့တာပါ။ သူမ ဘယ်အချိန်တုန်းကဝယ်ပြီးတော့
ဒီကို ဘယ်လိုရောက်လာတာလဲဆိုတာ ကောင်းကောင်းမမှတ်မိတော့ပါဘူးတဲ့။ စစ်ကြည့်လိုက်တဲ့အခါမှာတော့ ထီ ၃ စောင်ထဲက ၁ စောင်မှာ ဒေါ်လာ ၄၅,၀၀၀ တန်ဖိုးရှိတဲ့ဆုကြီးကို ပေါက်နေခဲ့တာပါ။ဒါဟာ အိပ်မက်လား၊
တကယ်လား၊ ကိုယ့်ကိုယ်ကိုမယုံနိုင်လောက်အောင် အရမ်းပျော်ရွှင်သွားပြီးတော့ ထီလက်မှတ်က မပျောက်မပျက်သွားဘဲ အချိန်တစ်လကျော်ကြာပြီးမှ ပြန်တွေ့ပြီး ထီပေါက်သွားတော့ သူမအလွန်ကံကောင်းတယ်လို့ ဆိုပါတယ်နော်။credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *