Unicode…ဒုတိယကမ္ဘာစစ်အတွင်း ကောင်းကင်ဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ ကင်မရာ
ပုံမှာ ပါဝင်တဲ့ ကင်မရာကြီးဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လေယာဉ်ထက်ကနေ ပြီးတော့ နယ်မြေဒေသအခြေအနေတွေနဲ့
ရန်သူ့စခန်းတွေကို ထောက်လှမ်းဖို့အတွက် မှတ်တမ်းရိုက်ကူးရာမှာ သုံးတဲ့ ကင်မရာပဲ ဖြစ်ပါတယ်နော်။ကင်မရာ Lens အနေနဲ့ (၂) ပေထိရှည်လျားတဲ့ 305mm f/5 lens ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်များက ပြန်လည်ပေါ်ထွက်လာခဲ့ပြီးတော့ လူအများစုကတော့ Kodak K-24 ကင်မရာလို့ ထင်ကြေးပေးကြတာပါ။ တစ်ကယ်တော့ ဒီကင်မရာဟာ ယူအက်စ်လေတပ်အတွက် Fairchild Camera က
ဒီဇိုင်းထုတ်လုပ်ပေးထားပြီးတော့ တွဲဖက်အသုံးအဆောင်တွေနဲ့ ထုတ်လုပ်ရေးအပိုင်းတွေကိုတော့ နယူးယော့ခ်မြို့၊ ရိုချက်စတာမှာရှိတဲ့ Folmer Graflex က ၁၉၄၀ ခုနှစ်
အစောပိုင်းမှာ တည်ဆောက်ပေးထားတဲ့ FairChild K-17 ကင်မရာပဲ ဖြစ်ပါတယ်တဲ့။Fairchild K-17 ကင်မရာဟာ ၉x၉ လက်မပတ်လည်ရှိတဲ့ ဓာတ်ပုံတွေကို ၉.၅x၉.၅ လက်မပတ်လည် အကျယ်ရှိတဲ့ ဖလင်လိပ်ပေါ်မှာ ရိုက်ကူးတာဖြစ်ပါတယ်နော်။credit;Thu Ta myan
Add a Comment
Your email address will not be published. Required fields are marked *