Unicode…ပုဂံ-ညောင်ဦးဒေသတွင် ခရီးစဉ်ဒေသသစ်(၅)ခု ဖော်ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေ
ကိုဗစ် ကာလအလွန်မှာ ပုဂံ-ညောင်ဦးဒေသရှိ ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ခရီးစဉ် ဒေသသစ်များ ထပ်မံဖော်ဆောင် နိုင်ရေးတို့အတွက်ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု
ဦးစီးဌာန (ပုဂံရုံးခွဲ)နှင့် ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီတို့မှ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းသို့ လာရောက်
လာပတ်ကြမဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် အထင်ကရဘုရားစေတီ ပုထိုးများ၊ ယဉ်ကျေးမှုအနုလက်ရာများအား လေ့လာမှုမျိုးအပြင် သဘာဝရေမြေတောတောင် အလှအပကို အခြေခံသော ခရီးစဉ်ဒေသသစ်(၅)ခုဖြစ်သည့်
“တုရင်းတောင်မှ ထူးဆန်းသော ကျောက်ရေကန်ခရီးစဉ်၊ ဇီးအိုကျေးရွာခရီးစဉ်၊ စက်စက်ယိုကျေးရွာခရီးစဉ်၊ ပုပ္ပါးတောင်မကြီးခရီးစဉ်၊ ကျောက်မျက်မော်ဘုရားခရီးစဉ်” စသည်တို့တွင်
လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ရေး၊ ခရီးသွားများ၏ လုံခြုံရေး၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖြစ်စေရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ
ပူးပေါင်းညှိနှိုင်း၍ COVID ကာလအလွန်မှာ အဆင်သင့်သွားရောက်လေ့လာ လည်ပတ်နိုင်စေရး အတွက် လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရပါတယ်နော်။credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *