Unicode…ကိုဗစ်စင်တာမှာ ကုသမူခံယူနေတဲ့ ဖခင်ဖြစ်သူ ဦးမိုးဒီရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ကောင်းစံ
ဒီနေ့မှာ စိတ်မကောင်းစရာသတင်းကတော့ ပရိသတ်တွေချစ်တဲ့ ဝါရင့်ဟာသ သရုပ်ဆောင် ဦးမိုးဒီမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာပါ။ဟာသ သရုပ်ဆောင် မိုးဒီကတော့
လွန်ခဲ့တဲ့ နှစ်ရက်လောက်က နေမကောင်းဖြစ်ပြီး ဒီနေ့တွင် ဧရာဝတီစင်တာ၌ ရောဂါသွားရောက်စစ်ရာတွင် positive အဖြေထွက်တယ်လို့ သိရှိရတာပါ၊ဟာသ သရုပ်ဆောင် မိုးဒီ ဟာ လက်ရှိမှာ ဆီးချို၊ သွေးတိုး ၊နှလုံး
၊ ကျောက် ကပ် ရောဂါ ရှိကြောင်း သိရှိရပါတယ်နော်၊။ဖခင်ဦးမိုးဒီရဲ့ လက်ရှိကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ သားဖြစ်သူ ကောင်းစံက ပြောပြလာခဲ့တာပါ။ ဖေဖေ က ဒီနေ့၊ ဧရာဝတီ COVID စင်တာမှာ ဆေးစစ်လိုက်တာ
COVID-19 Postive ဖြစ်သွားတယ်။ ဖေဖေ ကျန်းမာရေး ကို စိတ်မချလို့ ကိုယ်တိုင် လိုက်ချင်ပေမယ့် လိုက်လို့ မရဘူး ဖြစ်နေတယ်။ အခုတော့ စင်တာမှာ အောက်ဆီဂျင် ရူနေရပါတယ်။ ဖေဖေ က အိမ်မှာ နေတုန်းက မောတယ်။
ခြေတွေ၊ လက်တွေ တုန်ပါတယ်။ သူ့ဘာသာ မတ်တပ် မရပ်နိုင်တော့ဘူး လို့ပြောလာခဲ့ပါတယ်နော်။ချစ် ပရိသတ်ကြီးကလဲ ကိုဗစ်ကူးစက်ခံရတဲ့ ဦးမိုးဒီအတွက် ကျန်းမာရေး အမြန်ပြန်ကောင်းအောင် ဆုတောင်းပေးကြပါဦးနော်။credit
Add a Comment
Your email address will not be published. Required fields are marked *