သူေသရင္ သူ႔အိမ္ကို ဖ်က္ဆီးၿဖိဳခ်ပစ္ဖို့ မွာခဲ့တဲ့ စင္ကာပူေခါင္းေဆာင္ႀကီးရဲ့ အေျမာ္အျမင္

သူေသရင္ သူ႔အိမ္ကို ဖ်က္ဆီးၿဖိဳခ်ပစ္ဖို့ မွာခဲ့တဲ့ စင္ကာပူ ေခါင္းေဆာင္ႀကီးရဲ့ အေျမာ္အျမင္

စင္ကာပူနိုင္ငံရဲ့ ေခါင္းေဆာင္ႀကီး လီကြမ္းယူကေတာ့ သူေသရင္ သူ႔အိမ္ကို ဖ်က္ဆီးၿဖိဳခ်ပစ္ဖို့ ေသတမ္းစာမွာ ေရးကာ မွာခဲ့တာပါ။ ဘာေၾကာင့္ပါလဲ။

သူ႔နိုင္ငံသားေတြဟာ သမိုင္းဝင္အိမ္မို့ ျပတိုက္လုပ္ဖို့ ေျပာၾကမယ္ဆိုတာ သိေနလို့ပါပဲတဲ့။တကယ္တမ္း ေသၿပီးေရာ သူထင္တဲ့အတိုင္း ျဖစ္လာၾကရာကေန သူ႔သားသမီး ၃ ေယာက္အၾကား တရားတေဘာင္ရင္ဆိုင္ရသည္အထိ ကုိ

ဇာတ္ရွိန္တက္ခဲ့ရပါေတာ့တယ္။သူ႔အိမ္က VVIP ေနရာ ျဖစ္တဲ့အတြက္ သူ႔နားဝန္းက်င္ရပ္ကြက္ သတ္မွတ္ဧရိယာအတြင္း သူ႔လုံျခဳံေရးအတြက္ အထပ္ျမင့္တိုက္ေတြ ေဆာက္လုပ္ခြင့္ မျပဳထားပါဘူးေနာ္။ဒီေတာ့ investor / developer ေတြအဖို့

ေနရာေကာင္းေပမယ့္ ေဈးေကာင္းေပးဝယ္မရလို့ ေျမေဈးက ရွိသင့္တာထက္ ပိုက်ေနတာပါ။ လီကြမ္းယူက ျပတိုက္ေဆာက္ၿပီး သူ႔ကိုခ်ီးမြမ္းခန္းဖြင့္ေနတာမ်ိဳးကို တိုင္းျပည္နဲ႔ လူမ်ိဳးအက်ိဳးစီးပြားထက္ အဓိကမထားဘဲ

ခုလိုေသတမ္းစာမွာ ဒီအိမ္ကိုဖ်က္လို့ အတိအလင္းေတာင္းဆိုခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။ဒီအိမ္ဖ်က္ရင္ အဲနားဝန္းက်င္ဧရိယာဟာ စီးပြားေရးလုပ္ရမွာမို့ ေျမတန္ဖိုးတက္သြားမွာကို သူ ေသခ်ာသိေနခဲ့ပါတယ္တဲ့။နိုင္ငံေရးသမားဆိုတာက

ေနာင္လာမယ့္ ေရြးေကာက္ပြဲကိုပဲ ေမၽွာ္မွန္းၿပီးလုပ္ၾကတာျဖစ္ၿပီးေတာ့ ေခါင္းေဆာင္ေကာင္းေတြက ေနာင္လာမယ့္မ်ိဳးဆက္ေတြေကာင္းဖို့ အေျမာ္အျမင္နဲ႔ လုပ္နိုင္ၾကသူေတြပဲ ျဖစ္ပါတယ္။ကၽြန္ေတာ္တို့မွာ လီကြမ္းယူ လို အျမင္ရွိတဲ့

သက္ရွိထင္ရွား ေခါင္းေဆာင္ေကာင္း တစ္ေယာက္ကို ပိုင္ဆိုင္ထားတာကျဖင့္ တကယ့္ကုသိုလ္ထူးပါပဲေနာ္။ ေခါင္းေဆာင္ေကာင္းရသခိုက္ တက္စုံရြက္စုံထုတ္ၿပီး ကၽြန္ေတာ္တို့အားလုံး ေလွာ္ၾကရပါလိမ့္မည္။ source;June Ranger

Unicode…သူသေရင် သူ့အိမ်ကို ဖျက်ဆီးဖြိုချပစ်ဖို့ မှာခဲ့တဲ့ စင်ကာပူ ခေါင်းဆောင်ကြီးရဲ့ အမြော်အမြင်

စင်ကာပူနိုင်ငံရဲ့ ခေါင်းဆောင်ကြီး လီကွမ်းယူကတော့ သူသေရင် သူ့အိမ်ကို ဖျက်ဆီးဖြိုချပစ်ဖို့ သေတမ်းစာမှာ ရေးကာ မှာခဲ့တာပါ။ ဘာကြောင့်ပါလဲ။

သူ့နိုင်ငံသားတွေဟာ သမိုင်းဝင်အိမ်မို့ ပြတိုက်လုပ်ဖို့ ပြောကြမယ်ဆိုတာ သိနေလို့ပါပဲတဲ့။တကယ်တမ်း သေပြီးရော သူထင်တဲ့အတိုင်း ဖြစ်လာကြရာကနေ သူ့သားသမီး ၃ ယောက်အကြား တရားတဘောင်ရင်ဆိုင်ရသည်အထိ ကို

ဇာတ်ရှိန်တက်ခဲ့ရပါတော့တယ်။သူ့အိမ်က VVIP နေရာ ဖြစ်တဲ့အတွက် သူ့နားဝန်းကျင်ရပ်ကွက် သတ်မှတ်ဧရိယာအတွင်း သူ့လုံခြုံရေးအတွက် အထပ်မြင့်တိုက်တွေ ဆောက်လုပ်ခွင့် မပြုထားပါဘူးနော်။ဒီတော့ investor / developer တွေအဖို့

နေရာကောင်းပေမယ့် ဈေးကောင်းပေးဝယ်မရလို့ မြေဈေးက ရှိသင့်တာထက် ပိုကျနေတာပါ။ လီကွမ်းယူက ပြတိုက်ဆောက်ပြီး သူ့ကိုချီးမွမ်းခန်းဖွင့်နေတာမျိုးကို တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားထက် အဓိကမထားဘဲ

ခုလိုသေတမ်းစာမှာ ဒီအိမ်ကိုဖျက်လို့ အတိအလင်းတောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်နော်။ဒီအိမ်ဖျက်ရင် အဲနားဝန်းကျင်ဧရိယာဟာ စီးပွားရေးလုပ်ရမှာမို့ မြေတန်ဖိုးတက်သွားမှာကို သူ သေချာသိနေခဲ့ပါတယ်တဲ့။နိုင်ငံရေးသမားဆိုတာက

နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ မျှော်မှန်းပြီးလုပ်ကြတာဖြစ်ပြီးတော့ ခေါင်းဆောင်ကောင်းတွေက နောင်လာမယ့်မျိုးဆက်တွေကောင်းဖို့ အမြော်အမြင်နဲ့ လုပ်နိုင်ကြသူတွေပဲ ဖြစ်ပါတယ်။ကျွန်တော်တို့မှာ လီကွမ်းယူ လို အမြင်ရှိတဲ့

သက်ရှိထင်ရှား ခေါင်းဆောင်ကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားတာကဖြင့် တကယ့်ကုသိုလ်ထူးပါပဲနော်။ ခေါင်းဆောင်ကောင်းရသခိုက် တက်စုံရွက်စုံထုတ်ပြီး ကျွန်တော်တို့အားလုံး လှော်ကြရပါလိမ့်မည်။ source;June Ranger

Tags:

Add a Comment

Your email address will not be published. Required fields are marked *