Unicode…ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး တောင်ပံဝတ်စုံကို BMW ပြသ
လျှပ်စစ်စွမ်းအင်နဲ့မောင်းနှင်ပျံသန်း တဲ့ ကမ္ဘာ့ပထမဦးဆုံးတောင်ပံဝတ်စုံကို BMW က ပြသလိုက်တာပါ။BMW i, Designworks နဲ့ သြစတြီးယားနိုင်ငံသား တောင်ပံဝတ်စုံပိုင်းလော့တ် ပီတာဆော့ဇ် မန်းတို့အတူ
ပူးပေါင်းကာ ကမ္ဘာ့ပထမဆုံး လျှပ်စစ်တောင်ပံဝတ်စုံနဲ့ အစမ်းပျံသန်း မှုကို ပြုလုပ်သွားခဲ့တာပါ။ မော် တော်ကားတွေသာမကဘဲ အနာဂတ်နည်း ပညာပိုင်းမှာပါ တိုးတက်မှုတွေကို အမြဲ ရှာဖွေဖန်တီးနေတဲ့ BMW အနေနဲ့
လျှပ် စစ်စွမ်းအင်သုံးတဲ့ ရွေ့လျားသွားလာမှု နည်းပညာတွေကို အဓိကပစ်မှတ်ထား ကြိုးပမ်းလာနေခဲ့တာဖြစ်ပါတယ်နော်။ တကယ့်ကို ထူးခြားပြီးတော့ စွမ်းအင်အပြည့်နဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ တောင်ပံဝတ်စုံဖြစ်ပြီး စွမ်းအင်သိုလှောင်တဲ့စနစ်က
ဝတ်စုံဆင် မြန်းပြီး ပျံသန်းတဲ့သူအတွက် ထူးခြားတဲ့ ပျံသန်းမှုအတွေ့အကြုံကို ဖြည့်ဆည်း ပေးနိုင်စွမ်းရှိခဲ့တယ်လို့ ပိုင်းလော့တ်ပီတာ ဆော့ဇ်မန်က ဆိုပါတယ်နော်။ တစ်နာရီကို ၁၈၆ မိုင်နဲ့အထက် အမြန်နှုန်းနဲ့ ပျံသန်း နိုင်စွမ်းရှိပြီးတော့
ဝတ်စုံကိုအသုံးပြုချိန်မှာ အ ရှိန်ကို ချက်ချင်းမြှင့်တင်နိုင်စွမ်းရှိတာက အတော်လေးထူးခြားတဲ့အတွေ့အကြုံပါ ပဲလို့ ၎င်းကဆိုတာပါ။ ပီတာနဲ့အတူ နောက်ထပ်ပိုင်းလော့တ်နှစ်ဦးပါ လိုက်ပါ ပျံသန်းခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်နဲ့
ဝေဟင်ထက်ကိုလိုက်ပါသွားပြီးတော့မှ အ မြင့်ပေ ၉၈၀၀ ကျော်ကနေ တောင်ပံဝတ် စုံနဲ့ ခုန်ဆင်းကာ သြစတြီးယားက တောင် ထိပ်နားမှာ ပျံဝဲစီးနင်းခဲ့ကြတာဖြစ်ပါတယ်နော်။ နောက်ဆုံးမှာတော့ သူတို့သုံးဦးလုံးက
လေထီးတွေဖွင့်ပြီး သတ်မှတ်ထားတဲ့မြေ ပြင်နေရာကို ဆင်းသက်ခဲ့ကာ တောင်ပံ ဝတ်စုံနဲ့ ပျံသန်းစီးနင်းမှုကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြတယ်လို့ သိရပါတယ်နော်။ credit;pyi myanmar
Tags:
Add a Comment
Your email address will not be published. Required fields are marked *