သစ္ေတာမ်ား ျဖစ္ေပၚေစရန္ ျပင္ဦးလြင္တြင္ မီးပံုပ်ံမ်ား အသံုးျပဳျပီး မ်ဳိးေစ့မ်ား ျဖန့္ျကဲေန

သစ္ေတာမ်ား ေပါမ်ားေစရန္ ျပင္ဦးလြင္တြင္ မီးပံုပ်ံမ်ား အသံုးျပဳျပီး မ်ဳိးေစ့မ်ား ျဖန့္ျကဲေန

ျပင္ဦးလြင္တြင္ မီးပုံးပ်ံမ်ားအသုံးျပဳ၍ သစ္ပင္မ်ိဳးေစ့မ်ားႀကဲေနတယ္လို့ သိရပါတယ္္။ ျပင္ဦးလြင္ၿမိဳ႕နဲ႔ အနီးတဝိုက္မွာ ေလကာေတာေတြ ေပါမ်ားျပားလာေစေရးအတြက္

Green Challenge သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕က မီးပုံးပ်ံေတြကုိ အသုံးျပဳၿပီးသိန္းနဲ့ခ်ီတဲ့ သစ္ပင္မ်ဳိး သစ္ပင္မ်ိဳးေစ့ေတြကုိ ႀကဲေနတယ္လို့ သိရပါတယ္။

ယခုေနာက္ပုိင္းမွာ ျပင္ဦးလြင္ၿမိဳ႕ရဲ႕ ေျမေအာက္ေရ ခမ္းေျခာက္လာမႈနဲ႔ သစ္ေတာျပဳန္းတီးမႈ​ေတြေၾကာင့္ ရာသီဥတု ေျပာင္းလဲလာမႈ​တို႔ ျဖစ္ေပၚလာတယ္လို့ သိရပါတယ္။

ဒါ့ေျကာင့္ သဘာဝေဂဟစနစ္ ပိုမိုေကာင္းမြန္လာၿပီး ေလကာေတာေတြ ပိုမုိ မ်ားျပားလာေစဖို႔ အခုလို သစ္ပင္မ်ိဳးေစ့ေတြ ႀကဲေနတာလို႔

Green Challenge သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕ တာဝန္ခံ ဦးေအာင္မ်ိဳးပိုင္က ေျပာျကားပါတယ္။Green Challenge အဖြဲ႕က ျပင္ဦးလြင္မွာ ၂၀၁၃ ခုႏွစ္ကစတင္ သစ္ပင္စိုက္ခဲ့ေပမဲ့လည္း

သစ္ေတာျပဳန္းတီးမႈနဲ႔ ႏႈိင္းယွဥ္လိုက္ပါက ျပန္လည္စိုက္ပ်ိဳးႏိုင္မႈအားမွာ နည္းပါးတယ္လို႔ ယူဆၿပီး ၂၀၂၀ ဇူလိုင္ကေနစၿပီး မီးပုံးပ်ံေတြမွာ သစ္ပင္မ်ိဳးေစ့ ပမာဏမ်ားစြာ ခ်ိတ္ဆြဲျပီး လႊတ္တင္ကာ ျဖန့္ႀကဲေနတာျဖစ္ပါတယ္။

Green Challenge အဖြဲ႕က မီးပုံးပ်ံ အျပင္ ပရာမိုတာေတြနဲ႔ သစ္ပင္မ်ိဳးေစ့ႀကဲတာ၊ ေလးခြေတြနဲ႔ မ်ိဳးေစ့ေတြပစ္ႀကဲျခင္းေတြကိုလည္း လုပ္ေဆာင္ေနျကၿပီး

အခုႏွစ္ပိုင္း ေအာက္တိုဘာလကုန္အထိကုိ ဆက္လက္လုပ္ေဆာင္ဖို႔ အစီအစဥ္ ရွိတယ္လို့ ေျပားျကားခဲ့ပါတယ္။Source:ဒီဗီြဘီ

Unicode…သစ်တောများ ပေါများစေရန် ပြင်ဦးလွင်တွင် မီးပုံပျံများ အသုံးပြုပြီး မျိုးစေ့များ ဖြန့်ကြဲနေ

ပြင်ဦးလွင်တွင် မီးပုံးပျံများအသုံးပြု၍ သစ်ပင်မျိုးစေ့များကြဲနေတယ်လို့ သိရပါတယ်။ ပြင်ဦးလွင်မြို့နဲ့ အနီးတဝိုက်မှာ လေကာတောတွေ ပေါများပြားလာစေရေးအတွက်

Green Challenge သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မီးပုံးပျံတွေကို အသုံးပြုပြီးသိန်းနဲ့ချီတဲ့ သစ်ပင်မျိုး သစ်ပင်မျိုးစေ့တွေကို ကြဲနေတယ်လို့ သိရပါတယ်။

ယခုနောက်ပိုင်းမှာ ပြင်ဦးလွင်မြို့ရဲ့ မြေအောက်ရေ ခမ်းခြောက်လာမှုနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတု ပြောင်းလဲလာမှုတို့ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သဘာဝဂေဟစနစ် ပိုမိုကောင်းမွန်လာပြီး လေကာတောတွေ ပိုမို များပြားလာစေဖို့ အခုလို သစ်ပင်မျိုးစေ့တွေ ကြဲနေတာလို့

Green Challenge သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဦးအောင်မျိုးပိုင်က ပြောကြားပါတယ်။Green Challenge အဖွဲ့က ပြင်ဦးလွင်မှာ ၂၀၁၃ ခုနှစ်ကစတင် သစ်ပင်စိုက်ခဲ့ပေမဲ့လည်း

သစ်တောပြုန်းတီးမှုနဲ့ နှိုင်းယှဉ်လိုက်ပါက ပြန်လည်စိုက်ပျိုးနိုင်မှုအားမှာ နည်းပါးတယ်လို့ ယူဆပြီး ၂၀၂၀ ဇူလိုင်ကနေစပြီး မီးပုံးပျံတွေမှာ သစ်ပင်မျိုးစေ့ ပမာဏများစွာ ချိတ်ဆွဲပြီး လွှတ်တင်ကာ ဖြန့်ကြဲနေတာဖြစ်ပါတယ်။

Green Challenge အဖွဲ့က မီးပုံးပျံ အပြင် ပရာမိုတာတွေနဲ့ သစ်ပင်မျိုးစေ့ကြဲတာ၊ လေးခွတွေနဲ့ မျိုးစေ့တွေပစ်ကြဲခြင်းတွေကိုလည်း လုပ်ဆောင်နေကြပြီး

အခုနှစ်ပိုင်း အောက်တိုဘာလကုန်အထိကို ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ် ရှိတယ်လို့ ပြေားကြားခဲ့ပါတယ်။Source:ဒီဗွီဘီ

Tags:

Add a Comment

Your email address will not be published. Required fields are marked *