မီးျပင္သမားၾကီး အလုပ္သြားခါနီးတိုင္းမွာ အခ်ိ္န္မွန္လာၿပီး ကူညီေပးတဲ့ မိတ္ေဆြမ်ား

မီးျပင္သမားၾကီး အလုပ္သြားခါနီးတိုင္းမွာ အခ်ိ္န္မွန္လာၿပီး ကူညီေပးတဲ့ မိတ္ေဆြမ်ား

မီးယားကတ္ေကာင္ေလးေတြက သဘာဝေတာရိုင္းတိရစၦာန္ေလးေတြျဖစ္ျပီးေတာ့ မ်ားေသာအားျဖင့္ သဲကႏၱာရေတြနဲ႔ အာဖရိကႏိုင္ငံေတြမွာသာ ေတြ႕ရေလ့ရွိတတ္ပါတယ္ေနာ္။

မီးယားကတ္ေကာင္ေလးေတြကို အျပင္မွာ မျမင္ဖူးရင္ေတာင္မွ Lion King, Life of Pi အစရွိတဲ့ နာမည္ၾကီးဇာတ္ကားေတြမွာ ေတြ႕ဖူးၾကမွာပါေနာ္။ လည္ပင္းရွည္ရွည္၊

ေခါင္းေလးက အျမဲတေထာင္ေထာင္နဲ႔ ေတာ္ေတာ္ေလးကို ခ်စ္ဖို႔ေကာင္းတဲ့ တိရစၦာန္ေလးေတြျဖစ္ပါတယ္ေနာ္။ အခုေျပာျပခ်င္တဲ့ မီးယားကတ္ေလးေတြကေတာ့ မီးျပင္သမားၾကီးတစ္ေယာက္ အလုပ္မသြားခင္ လာလာကူညီေပးျပီးေတာ့

ဆိုရွယ္မီဒီယာမွာ ေတာ္ေတာ္ေလး လူခ်စ္လူခင္ေပါမ်ားေနတဲ့ မီးယားကတ္ေလးေတြျဖစ္ေၾကာင္း Bored Panda သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရတာပါ။အေပၚမွာ ေတြ႕ရတဲ့ ဓာတ္ပံုကို Twitter ေပၚတင္ခဲ့တဲ့

လူကေတာ့ Lucy လို႔ အမည္ရတဲ့ ေကာင္မေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္ေနာ္။ Lucy ရဲ႕ ဖခင္ျဖစ္သူ Colin ဟာ တိရစၦာန္ရံုက မီးျပင္သမားၾကီးတစ္ေယာက္ျဖစ္ျပီး ေတာ့ တိရစၦာန္ရံုထဲမွာပဲေနတဲ့ တိရစၦာန္ရံုဝန္ထမ္းတစ္ေယာက္ ျဖစ္ပါတယ္။

မနက္တိုင္း Colin တစ္ေယာက္ အလုပ္သြားဖို႔ သူ႔ရဲ႕ ဂိုေဒါင္ထဲက ပစၥည္းကိရိယာေတြ သြားယူတဲ့ အခ်ိန္ဆိုရင္ တိရစၦာန္ရံုထဲမွာရွိတဲ့ မီးယားကတ္ေကာင္ေလးေတြဟာ ေရာက္ေရာက္လာတတ္ပါတယ္။ပံုထဲမွာေတြ႕ရတဲ့အတိုင္း

မီးယားကတ္ေကာင္ေလးေတြဟာ Colin ရဲ႕ ဂိုေထာင္ထဲမွာရွိတဲ့ ပစၥည္းပစၥယေတြကို ကိုယ္တိုင္ယူလာေပးျပီး Colin ရဲ႕ လက္ထဲကို ထည့္ေပးေနတာ ျဖစ္ပါတယ္ေနာ္။ ဒါ့အျပင္ တစ္ခ်ိဳး မီးယားကတ္ေကာင္ေလးေတြကေတာ့

Colin နဲ႔ အတူတူ လိုက္ခ်င္တဲ့ ပံုစံကို ျပသတဲ့ အေနနဲ႔ Colin ရဲ႕ ပစၥည္းထည့္တဲ့ လက္ဆြဲအိတ္ထဲကို အတင္းဝင္ၾကျပန္ပါတယ္။ Colin က သူတို႔ေလးေတြကို လက္ဆြဲအိတ္ထဲကေန အျပင္ျပန္ထုတ္ျပန္ရင္လည္း မ်က္ႏွာေလးေတြက

သနားစရာပံုစံေလးေတြနဲ႔ ေငးၾကည့္ေနတတ္ပါတယ္တဲ့။ဒီအျဖစ္အပ်က္ေလးကို Colin ရဲ႕ သမီးျဖစ္သူ Lucy က ဓာတ္ပံုရိုက္ျပီးေတာ့ သူမရဲ႕ Twitter ေပၚမွာ ပို႔စ္တင္ခဲ့ပါတယ္။

လူေတာ္ေတာမ်ားမ်ားကလည္း မီးယားကတ္ေလးေတြရဲ႕ ပံုကို သေဘာက် ၾကိဳက္ႏွစ္သက္ခဲ့သလို Lucy ရဲ႕ ပို႔စ္ကို react ေပးသူ 164k အထိေတာင္ ရွိခဲ့ပါတယ္ေနာ္။source;shwe mon

Unicode…မီးပြင်သမားကြီး အလုပ်သွားခါနီးတိုင်းမှာ အချိန်မှန်လာပြီး ကူညီပေးတဲ့ မိတ်ဆွေများ

မီးယားကတ်ကောင်လေးတွေက သဘာဝတောရိုင်းတိရစ္ဆာန်လေးတွေဖြစ်ပြီးတော့ များသောအားဖြင့် သဲကန္တာရတွေနဲ့ အာဖရိကနိုင်ငံတွေမှာသာ တွေ့ရလေ့ရှိတတ်ပါတယ်နော်။

မီးယားကတ်ကောင်လေးတွေကို အပြင်မှာ မမြင်ဖူးရင်တောင်မှ Lion King, Life of Pi အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ တွေ့ဖူးကြမှာပါနော်။ လည်ပင်းရှည်ရှည်၊

ခေါင်းလေးက အမြဲတထောင်ထောင်နဲ့ တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်လေးတွေဖြစ်ပါတယ်နော်။ အခုပြောပြချင်တဲ့ မီးယားကတ်လေးတွေကတော့ မီးပြင်သမားကြီးတစ်ယောက် အလုပ်မသွားခင် လာလာကူညီပေးပြီးတော့

ဆိုရှယ်မီဒီယာမှာ တော်တော်လေး လူချစ်လူခင်ပေါများနေတဲ့ မီးယားကတ်လေးတွေဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရတာပါ။အပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံကို Twitter ပေါ်တင်ခဲ့တဲ့

လူကတော့ Lucy လို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ Lucy ရဲ့ ဖခင်ဖြစ်သူ Colin ဟာ တိရစ္ဆာန်ရုံက မီးပြင်သမားကြီးတစ်ယောက်ဖြစ်ပြီး တော့ တိရစ္ဆာန်ရုံထဲမှာပဲနေတဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။

မနက်တိုင်း Colin တစ်ယောက် အလုပ်သွားဖို့ သူ့ရဲ့ ဂိုဒေါင်ထဲက ပစ္စည်းကိရိယာတွေ သွားယူတဲ့ အချိန်ဆိုရင် တိရစ္ဆာန်ရုံထဲမှာရှိတဲ့ မီးယားကတ်ကောင်လေးတွေဟာ ရောက်ရောက်လာတတ်ပါတယ်။ပုံထဲမှာတွေ့ရတဲ့အတိုင်း

မီးယားကတ်ကောင်လေးတွေဟာ Colin ရဲ့ ဂိုထောင်ထဲမှာရှိတဲ့ ပစ္စည်းပစ္စယတွေကို ကိုယ်တိုင်ယူလာပေးပြီး Colin ရဲ့ လက်ထဲကို ထည့်ပေးနေတာ ဖြစ်ပါတယ်နော်။ ဒါ့အပြင် တစ်ချိုး မီးယားကတ်ကောင်လေးတွေကတော့

Colin နဲ့ အတူတူ လိုက်ချင်တဲ့ ပုံစံကို ပြသတဲ့ အနေနဲ့ Colin ရဲ့ ပစ္စည်းထည့်တဲ့ လက်ဆွဲအိတ်ထဲကို အတင်းဝင်ကြပြန်ပါတယ်။ Colin က သူတို့လေးတွေကို လက်ဆွဲအိတ်ထဲကနေ အပြင်ပြန်ထုတ်ပြန်ရင်လည်း မျက်နှာလေးတွေက

သနားစရာပုံစံလေးတွေနဲ့ ငေးကြည့်နေတတ်ပါတယ်တဲ့။ဒီအဖြစ်အပျက်လေးကို Colin ရဲ့ သမီးဖြစ်သူ Lucy က ဓာတ်ပုံရိုက်ပြီးတော့ သူမရဲ့ Twitter ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။

လူတော်တောများများကလည်း မီးယားကတ်လေးတွေရဲ့ ပုံကို သဘောကျ ကြိုက်နှစ်သက်ခဲ့သလို Lucy ရဲ့ ပို့စ်ကို react ပေးသူ 164k အထိတောင် ရှိခဲ့ပါတယ်နော်။source;shwe mon

Tags:

Add a Comment

Your email address will not be published. Required fields are marked *