ဇက္ကုိ မၾကာခဏ တဂၽြတ္ဂၽြတ္ျမည္ေအာင္ ခ်ိဳးတတ္တဲ့ ေကာင္မေလးရဲ့ အျဖစ္

မၾကာခဏ ဇက္ကို တဂၽြတ္ဂၽြတ္ျမည္ေအာင္ ခ်ိဳးတတ္သူမ်ား သတိျပဳဆင္ျခင္ဖြယ္

ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ား ဇက္ခ်ိဳးတာကို လုပ္တတ္ၾကပါတယ္။ မၾကာခဏလည္း ခ်ိဳးတတ္ၾကတာပါ။အထူးသျဖင့္ ကြန္ပ်ဳတာေရွ႕တစ္ေနကုန္တစ္ေနခမ္းထိုင္ၿပီးေတာ့ အလုပ္လုပ္ေနရသူေတြ၊ တစ္ေနကုန္ စာထိုင္ေရးေနရသူေတြ

က မ်ားေသာ အားျဖင့္ဇက္ခ်ိဳးတာကို လုပ္တတ္ၾကပါတယ္။ အေညာင္းေျပအညာေျပ လို႔သေဘာထားၾကတာပါ။အခုေတာ့ အဲ့ဒီလို အေညာင္းအညာေျပဇက္အခ်ိဳးေကာင္းၿပီး ဘဝတစ္ခုလုံးေျပာင္းလဲသြားခဲ့ရတဲ့

မိန္းကေလးတစ္ေယာက္အေၾကာင္းေျပာခ်င္လို႔ပါေနာ္။က်န္တဲ့သူေတြလည္း သူမရဲ႕အျဖစ္ကို ဒီေဆာင္းပါးကေန သင္ခန္းစာယူနိုင္ၾကဖို႔ သတိေပးလိုပါတယ္ေနာ္။

နာတာလီခူနီကီ လို႔ေခၚတဲ့ မိန္းကေလးဟာ လန္ဒန္ၿမိဳ႕က ပရိုက္ဗိတ္ေဆး႐ုံႀကီးတစ္႐ုံရဲ႕ လူနာတင္အေရးေပၚဌာနမွာ အလုပ္လုပ္ေနတာပါ။တစ္ရက္မွာေတာ့ သူမနဲ႕သူမသူငယ္ခ်င္းက အိမ္မွာ ေနရင္းတီဗြီၾကည့္ေနၾကတာပါ။

ၾကည့္ေနရင္းနဲ့ နာတာလီ က ဘာရယ္ေတာ့မဟုတ္ သူမရဲ႕ဇက္ကို ႐ုတ္တရက္ခ်ိဳးလိုက္တယ္။ တီဗြီၾကည့္ရင္း အေညာင္းမိလာလို႔ေနမွာပါ။ဒါေပမယ့္ ဒီတစ္ေခါက္ခ်ိဳးလိုက္တဲ့အသံက အရင္အေခါက္ေတြထက္ ေတာ္ေတာ္က်ယ္တယ္။

အဲ့ဒါကို သူမလည္းသိတယ္။ ဒါေပမယ့္ အမႈမဲ့အမွတ္မဲ့ပဲ။ၿပီးေတာ့ သူမဟာ သန႔္စင္ခန္းသြားဖို႔ထလိုက္တဲ့အခါမွာေတာ့ နာတာလီ တစ္ေယာက္မတ္တပ္မရပ္နိုင္ေတာ့ပဲ ၾကမ္းျပင္ေပၚကို ပုံရက္သားလဲက်သြားပါတယ္။

ျပန္ထမယ္လုပ္ေတာ့ သူမရဲ႕ ေျခေထာက္တစ္ဘက္က လႈပ္လို႔မရဘူး။အစကေတာ့ ေသာက္တာမ်ားသြားၿပီးေတာ့ မူးေနတယ္ထင္လို႔ အေရးေပၚဌာနကို ဖုန္းမဆက္ခဲ့ေပမယ့္လည္း ဒါဟာ အရက္ေၾကာင့္မဟုတ္မွန္း အေရးေပၚဌာန

အေတြ႕အႀကဳံေတြအရ နာတာလီ အလိုလိုသိလာခဲ့တယ္တဲ့။အေရးေပၚကားနဲ႕ေဆး႐ုံေရာက္တဲ့အခ်ိန္မွာေတာ့ သူမအေနနဲ႕ တုန္လႈပ္စရာျဖစ္ရပ္မွန္ကို သိခြင့္ရခဲ့တာပါ။ အဲ့ဒါကေတာ့ ႐ုတ္တရက္ ဇက္ကိုခ်ိဳးခ်လိဳက္တဲ့အခ်ိန္မွာပဲ

ေက်ာရိုးနဲ႕ဆက္ေနတဲ့ ေသြးေၾကာမႀကီးတစ္ခုလုံးေပါက္ထြက္သြားၿပီးေတာ့ ေသြးမေလွ်ာက္နိုင္ေတာ့ပဲ ဦးေႏွာက္ထဲမွာ ေသြးခဲသြားတာပါေနာ္။အက်ိဳးဆက္ကေတာ့ ေလျဖတ္သြားျခင္းပါပဲ။ နာတာလီ အေနနဲ႕ လမ္းလည္းမေလွ်ာက္နိုင္ေတာ့ပါဘူး။

လက္ရွိအခ်ိန္မွာေတာ့ ေဆး႐ုံရဲ႕ကုသမႈေတြကို နာတာလီ တစ္ေယာက္ခံယူေနသလို သူမဘဝကိုလည္း အေကာင္းဆုံးျဖစ္ေအာင္ ျပန္လည္တည္ေဆာက္ေနပါတယ္ေနာ္။

ဒါေပမယ့္ သူမရဲ႕အေျခအေနဟာ ပုံမွန္ျပန္ျဖစ္ဖို႔ သိပ္မေသခ်ာသလို ျပန္ေကာင္းလာခဲ့ရင္ေတာင္ အခ်ိန္ေတြအၾကာႀကီးၾကာၿပီးမွ ပုံမွန္အေနအထားကိုျပန္ေရာက္မွာပါ။

ဆရာဝန္ေတြအေနနဲ႕လည္း နာတာလီတစ္ေယာက္ဘယ္လိုအခ်ိန္က်မွ ပုံမွန္ျပန္ျဖစ္မလဲ ဆိုတာ က်ိန္းေသေပါက္မေျပာတတ္ၾကပါဘူးေနာ္။Source – Yourtango

Unicode…မကြာခဏ ဇက်ကို တဂျွတ်ဂျွတ်မြည်အောင် ချိုးတတ်သူများ သတိပြုဆင်ခြင်ဖွယ်

ကျွန်တော်တို့ တော်တော်များများ ဇက်ချိုးတာကို လုပ်တတ်ကြပါတယ်။ မကြာခဏလည်း ချိုးတတ်ကြတာပါ။အထူးသဖြင့် ကွန်ပျုတာရှေ့တစ်နေကုန်တစ်နေခမ်းထိုင်ပြီးတော့ အလုပ်လုပ်နေရသူတွေ၊ တစ်နေကုန် စာထိုင်ရေးနေရသူတွေ

က များသော အားဖြင့်ဇက်ချိုးတာကို လုပ်တတ်ကြပါတယ်။ အညောင်းပြေအညာပြေ လို့သဘောထားကြတာပါ။အခုတော့ အဲ့ဒီလို အညောင်းအညာပြေဇက်အချိုးကောင်းပြီး ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ရတဲ့

မိန်းကလေးတစ်ယောက်အကြောင်းပြောချင်လို့ပါနော်။ကျန်တဲ့သူတွေလည်း သူမရဲ့အဖြစ်ကို ဒီဆောင်းပါးကနေ သင်ခန်းစာယူနိုင်ကြဖို့ သတိပေးလိုပါတယ်နော်။

နာတာလီခူနီကီ လို့ခေါ်တဲ့ မိန်းကလေးဟာ လန်ဒန်မြို့က ပရိုက်ဗိတ်ဆေးရုံကြီးတစ်ရုံရဲ့ လူနာတင်အရေးပေါ်ဌာနမှာ အလုပ်လုပ်နေတာပါ။တစ်ရက်မှာတော့ သူမနဲ့သူမသူငယ်ချင်းက အိမ်မှာ နေရင်းတီဗွီကြည့်နေကြတာပါ။

ကြည့်နေရင်းနဲ့ နာတာလီ က ဘာရယ်တော့မဟုတ် သူမရဲ့ဇက်ကို ရုတ်တရက်ချိုးလိုက်တယ်။ တီဗွီကြည့်ရင်း အညောင်းမိလာလို့နေမှာပါ။ဒါပေမယ့် ဒီတစ်ခေါက်ချိုးလိုက်တဲ့အသံက အရင်အခေါက်တွေထက် တော်တော်ကျယ်တယ်။

အဲ့ဒါကို သူမလည်းသိတယ်။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ။ပြီးတော့ သူမဟာ သန့်စင်ခန်းသွားဖို့ထလိုက်တဲ့အခါမှာတော့ နာတာလီ တစ်ယောက်မတ်တပ်မရပ်နိုင်တော့ပဲ ကြမ်းပြင်ပေါ်ကို ပုံရက်သားလဲကျသွားပါတယ်။

ပြန်ထမယ်လုပ်တော့ သူမရဲ့ ခြေထောက်တစ်ဘက်က လှုပ်လို့မရဘူး။အစကတော့ သောက်တာများသွားပြီးတော့ မူးနေတယ်ထင်လို့ အရေးပေါ်ဌာနကို ဖုန်းမဆက်ခဲ့ပေမယ့်လည်း ဒါဟာ အရက်ကြောင့်မဟုတ်မှန်း အရေးပေါ်ဌာန

အတွေ့အကြုံတွေအရ နာတာလီ အလိုလိုသိလာခဲ့တယ်တဲ့။အရေးပေါ်ကားနဲ့ဆေးရုံရောက်တဲ့အချိန်မှာတော့ သူမအနေနဲ့ တုန်လှုပ်စရာဖြစ်ရပ်မှန်ကို သိခွင့်ရခဲ့တာပါ။ အဲ့ဒါကတော့ ရုတ်တရက် ဇက်ကိုချိုးချလိုက်တဲ့အချိန်မှာပဲ

ကျောရိုးနဲ့ဆက်နေတဲ့ သွေးကြောမကြီးတစ်ခုလုံးပေါက်ထွက်သွားပြီးတော့ သွေးမလျှောက်နိုင်တော့ပဲ ဦးနှောက်ထဲမှာ သွေးခဲသွားတာပါနော်။အကျိုးဆက်ကတော့ လေဖြတ်သွားခြင်းပါပဲ။ နာတာလီ အနေနဲ့ လမ်းလည်းမလျှောက်နိုင်တော့ပါဘူး။

လက်ရှိအချိန်မှာတော့ ဆေးရုံရဲ့ကုသမှုတွေကို နာတာလီ တစ်ယောက်ခံယူနေသလို သူမဘဝကိုလည်း အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်နေပါတယ်နော်။

ဒါပေမယ့် သူမရဲ့အခြေအနေဟာ ပုံမှန်ပြန်ဖြစ်ဖို့ သိပ်မသေချာသလို ပြန်ကောင်းလာခဲ့ရင်တောင် အချိန်တွေအကြာကြီးကြာပြီးမှ ပုံမှန်အနေအထားကိုပြန်ရောက်မှာပါ။

ဆရာဝန်တွေအနေနဲ့လည်း နာတာလီတစ်ယောက်ဘယ်လိုအချိန်ကျမှ ပုံမှန်ပြန်ဖြစ်မလဲ ဆိုတာ ကျိန်းသေပေါက်မပြောတတ်ကြပါဘူးနော်။Source – Yourtango

Add a Comment

Your email address will not be published. Required fields are marked *