မိခင္အိုကို သားအရင္းကိုယ္တိုင္က အတင္း ေတာင္းရမ္းစားေသာက္ခိုင္းၿပီး ေငြ႐ွာေနခဲ့တဲ့အျဖစ္

မိခင္အိုကို သားအရင္းကိုယ္တိုင္က အတင္း ေတာင္းရမ္းစားေသာက္ခိုင္းၿပီး ေငြ႐ွာေနခဲ့တဲ့ အျဖစ္

ေခတ္ကာလျကီးဟာ တျဖည္းျဖည္းဆိုးရြားလာၿပီးေတာ့ မိဘေတြဆီခိုကပ္စားေသာက္ေနၾကတဲ့ သားသမီးေတြသာမက ၊ အခ်ိဳ႕ဆိုရင္ မသန္မစြမ္းေတာ့တဲ့ မိဘေတြကိုအသံုးခ်ၿပီး

ေငြ႐ွာေနၾကတဲ့ ႐ုပ္ညံ့လြန္းတဲ့ သူေတြလည္း႐ွိလာပါတယ္ေနာ္။ယခု တစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Ipoh ၿမိဳ႕႐ွိ လူစည္ကားတဲ့စားေသာက္ဆိုင္ေတြမွာ လွည့္ပတ္ၿပီးေတာင္းရမ္းေနျကတဲ့ အဘြားအိုတစ္ေယာက္ကို

Murphy Lim အမည္နဲ႔ Facebook အသံုးျပဳသူတစ္ေယာက္က social media ေပၚမွာေဝမ်ွခဲ့တာပါ။ အဘြားအိုနဲ႔ သူမရဲ႕အသက္အရြယ္နဲ႔ မလိုက္ ေထာ့နင္ေထာ့နင္လမ္းေလ်ွာက္ေနခဲ့ၿပီးေတာ့ စားေသာက္ဆိုင္ထဲမွ

စားပြဲဝိုင္းေတြဆီ တစ္ဝိုင္းၿပီးတစ္ဝိုင္းေရြ႔ကာ ေတာင္းရမ္းခဲ့တာပါ။သူမဟာ ပလပ္စတစ္ခြက္ေလးကို ကိုင္ေဆာင္ထားၿပီးေတာ့ ခြက္ထဲမွာေတာ့ သူမလွည့္ပတ္ၿပီး ေတာင္းရမ္းထားခဲ့တဲ့ ေငြစကၠဴ ေလး အနည္းငယ္႐ွိေနခဲ့ပါတယ္။

ဒါေပမယ့္လည္း ဘယ္သူမွ မထင္ထားေလာက္ေအာင္ အေတာ္ေလးဆိုးဝါးလြန္းတဲ့အျဖစ္ကေတာ့ က်န္းမာသန္စြမ္းတဲ့လူလတ္ပိုင္းအမ်ိဳးသားတစ္ေယာက္ (အဘြားအိုရဲ႕ သားလို႔ယူဆရသူ) ဟာ အဘြားအိုေတာင္းရမ္းလို႔ရ႐ွိလာတဲ့

ေငြေတြကို ယူေဆာင္ဖို႔ စားေသာက္ဆိုင္အျပင္ဖက္မွာ ေစာင့္ေနခဲ့ၿပီးေတာ့ သူမဆီမွပိုက္ဆံမ်ားကို အကုန္ယူေဆာင္သြားခဲ့တာပါ။ထိုအျဖစ္အပ်က္ဟာ Social Media ေပၚမွာ အေတာ္ေလးေရပန္းစားခဲ့ၿပီးေနာက္ လူအမ်ားစုက

လူအိုကိုအသံုးခ်ၿပီး ပိုက္ဆံ႐ွာေနတဲ့ က်န္းမာသန္စြမ္းတဲ့အဆိုပါအမ်ိဳးသားရဲ႕လုပ္ရပ္ကို အေတာ္ေလး ရြံ႐ွာသြားခဲ့ၾကတာပါ။ အဆိုပါအမ်ိဳးသားကေတာ့ အလုပ္လက္မဲ့လူတစ္ေယာက္ျဖစ္ေၾကာင္း သိ႐ွိရတဲ့အျပင္ကုိ

အျခားေနာက္ဆက္တြဲအေျခအေနကိုေတာ့ ေဖာ္ျပထားျခင္းမ႐ွိပါဘူးေနာ္။Jasmine (Mckzone Daily)Source: worldofbuzz

Unicode…မိခင်အိုကို သားအရင်းကိုယ်တိုင်က အတင်း တောင်းရမ်းစားသောက်ခိုင်းပြီး ငွေရှာနေခဲ့တဲ့ အဖြစ်

ခေတ်ကာလကြီးဟာ တဖြည်းဖြည်းဆိုးရွားလာပြီးတော့ မိဘတွေဆီခိုကပ်စားသောက်နေကြတဲ့ သားသမီးတွေသာမက ၊ အချို့ဆိုရင် မသန်မစွမ်းတော့တဲ့ မိဘတွေကိုအသုံးချပြီး

ငွေရှာနေကြတဲ့ ရုပ်ညံ့လွန်းတဲ့ သူတွေလည်းရှိလာပါတယ်နော်။ယခု တစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Ipoh မြို့ရှိ လူစည်ကားတဲ့စားသောက်ဆိုင်တွေမှာ လှည့်ပတ်ပြီးတောင်းရမ်းနေကြတဲ့ အဘွားအိုတစ်ယောက်ကို

Murphy Lim အမည်နဲ့ Facebook အသုံးပြုသူတစ်ယောက်က social media ပေါ်မှာဝေမျှခဲ့တာပါ။ အဘွားအိုနဲ့ သူမရဲ့အသက်အရွယ်နဲ့ မလိုက် ထော့နင်ထော့နင်လမ်းလျှောက်နေခဲ့ပြီးတော့ စားသောက်ဆိုင်ထဲမှ

စားပွဲဝိုင်းတွေဆီ တစ်ဝိုင်းပြီးတစ်ဝိုင်းရွေ့ကာ တောင်းရမ်းခဲ့တာပါ။သူမဟာ ပလပ်စတစ်ခွက်လေးကို ကိုင်ဆောင်ထားပြီးတော့ ခွက်ထဲမှာတော့ သူမလှည့်ပတ်ပြီး တောင်းရမ်းထားခဲ့တဲ့ ငွေစက္ကူ လေး အနည်းငယ်ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘယ်သူမှ မထင်ထားလောက်အောင် အတော်လေးဆိုးဝါးလွန်းတဲ့အဖြစ်ကတော့ ကျန်းမာသန်စွမ်းတဲ့လူလတ်ပိုင်းအမျိုးသားတစ်ယောက် (အဘွားအိုရဲ့ သားလို့ယူဆရသူ) ဟာ အဘွားအိုတောင်းရမ်းလို့ရရှိလာတဲ့

ငွေတွေကို ယူဆောင်ဖို့ စားသောက်ဆိုင်အပြင်ဖက်မှာ စောင့်နေခဲ့ပြီးတော့ သူမဆီမှပိုက်ဆံများကို အကုန်ယူဆောင်သွားခဲ့တာပါ။ထိုအဖြစ်အပျက်ဟာ Social Media ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီးနောက် လူအများစုက

လူအိုကိုအသုံးချပြီး ပိုက်ဆံရှာနေတဲ့ ကျန်းမာသန်စွမ်းတဲ့အဆိုပါအမျိုးသားရဲ့လုပ်ရပ်ကို အတော်လေး ရွံရှာသွားခဲ့ကြတာပါ။ အဆိုပါအမျိုးသားကတော့ အလုပ်လက်မဲ့လူတစ်ယောက်ဖြစ်ကြောင်း သိရှိရတဲ့အပြင်ကို

အခြားနောက်ဆက်တွဲအခြေအနေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူးနော်။Jasmine (Mckzone Daily)Source: worldofbuzz

Tags:

Add a Comment

Your email address will not be published. Required fields are marked *