ဒီဘဝမှာတင် အပြစ်ဝဋ်ကြွေးတွေ ကျေပြီးတော့ အေးချမ်းစေဖို့ တောင်းဆု ပြုလာတဲ့ သရုပ်ဆောင် မယ်လိုဒီ
Unicode…ဒီဘဝမှာတင် အပြစ်ဝဋ်ကြွေးတွေကျေပြီး အေးချမ်းစေဖို့ တောင်းဆုပြုလာတဲ့ သရုပ်ဆောင် မယ်လိုဒီ
နိုင်ငံကျော် မင်းသမီးချောလေး မယ်လိုဒီဟာ မင်းသမီးတစ်ယောက်ပီပီ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား ပြောစရာမလိုအောင် လှပရုံသာမက သရုပ်ဆောင်လည်း
ကောင်းမွန်တာကြောင့် ဘဲ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတစ်ဆုကို ထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်နော်။ မယ်လိုဒီကတော့ အခုဆိုရင်
အသက် (၃၉) နှစ်အရွယ်ရောက်ရှိနေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ပီပီ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း အမြဲတမ်းမပြတ် ပြုလုပ်နေလျက်ရှိပါတယ်နော်။
ဒီကနေ့မှာတော့ မယ်လိုဒီက တရားထူး တရားမြတ်တွေကို ကျင့်သုံးရင်း သူမရရှိလိုတဲ့ တစ်ခုတည်းသောဆုကို ပြောပြလာတာပါ။ မယ်လိုဒီက မမြဲခြင်းတရားတွေထဲ ရထားတဲ့ တရားလေးတော့မြဲချင်တယ်။
ကူကယ်ရာ ဘုရား တရား သံဃာ မိဘ ဆရာသမားသာရှိတာမို့ ဒီဘဝ အပြစ် ဝဋ်ကြွေးကျေပါစေတော့ အေးချမ်းပါရစေ။ အေးချမ်းပါစေ ဆိုပြီး အေးချမ်းလိုတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
မယ်လိုဒီကတော့ အခုဆိုရင် ဘာသာရေးနဲ့ ကုသိုလ်ရေးကို သေသေချာချာလေးလုပ်ကိုင်နေပြီး တရားထူး တရားမြတ်တွေရရှိဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်ပါတယ်နော်။ မယ်လိုဒီတစ်ယောက် စစ်မှန်တဲ့ အေးချမ်းခြင်းကို အမြန်ဆုံးရရှိနိုင်ပါစေနော်။credit
Add a Comment
Your email address will not be published. Required fields are marked *