Unicode…သာမညဆရာတော် ဘုရားကြီးပေးခဲ့သော လာဘ်ပိတ်နေသူတို့ လာဘ်ပွင့်လာစေမည့် ပုတီးစိပ်နည်း
သာမညဆရာတော်ကြီး၏ ငွေကြေးနှင့်ပတ်သက်၍ လာဘ်ပိတ်သူတို့ လာဘ်ပွင့်စေသော ပုတီးစိပ်နည်း ကို အားလုံးသိအောင်ဝေမျှပေးလိုက်ပါတယ်နော်။
သာမညဆရာတော် ဘုရားကြီးက ချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းမှာ နေ့တစ်နေ့တွင်မှာလည်း အချိန်အပိုင်းအခြားကိုလိုက်ပြီး ကောင်းသောအချိန်နှင့် မကောင်းသောအချိန်တို့ကို အကြမ်းဖျင်းခွဲခြားထားပါတယ်နော်။
ငွေကြေးဓနတို့ နှင့် သက်ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းနေသော မုဆိုးရွှေအိုးရကိန်း အချိန်များမှာ အောက်ပါ အတိုင်းပင် ဖြစ်ပါတယ်နော်။
တနင်္ဂနွေနေ့မှာ နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း တနင်္လာနေ့မှာ နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ၃၆ မိနစ် အတွင်း
အင်္ဂါနေ့တွင် ညနေ ၃နာရီ ၃၇မိနစ်မှ ညနေ ၆နာရီအတွင်း ဗုဒ္ဓဟူးနေ့တွင် နံနက် ၆နာရီမှ နံနက် ၈နာရီ ၂၄မိနစ်အတွင်း ကြာသာပတေးနေ့တွင် နံနက် ၈နာရီ ၂၅မိနစ်မှ နံနက် ၁၀နာရီ ၄၈မိနစ်အတွင်း
သောကြာနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း စနေနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ်အတွင်း ပင်ဖြစ်ပါသည်။
ပုတီး စိပ်ရမည့် ဂါထာ ကတော့ ဥုံ အရဟံ လာဘံ သ္ဓိိ ဂါထာကို မုဆိုးရွှေအိုးရကိန်း အချိန်များအတွင်း 108 လုံး ပုတီးဖြင့် ၃ ပတ်စိပ်ပါ။ ခုနှစ်ရက်ပြည့်အောင် စိပ်ပါ။
ငွေကြေးတို့နှင့်ပတ်သက်ပြီး လာဘ်ပိတ်နေသူ တို့ကို လာဘ်ပွင့်လာစေပါသည်။အလုပ်အကိုင်တွေလည်း အဆင်ပြေစေသည်။ ဈေးရောင်းဈေးဝယ်ရာတွင်လည်း အစဉ်ပြေ ကောင်းမွန်စေပါသည်။
မိမိတို့ လုပ်ကိုင်နေသော အလုပ်အတွင်းမှာလည်း အတိုက်အခံ အနှောက်အယှက်တို့ ကင်းဝေးစေပါသည်။ ရာထူး ရာခံတွေလည်း တိုးတက်စေသည်။
မိမိတို့ အလိုရှိရာကို ဆုတောင်း၍ ပုတီးစိပ်နိုင်ပါတယ်နော်။ပရိတ်သတ်ကြီးတို့ ဘဝမှာလည်း လာဘ်တေပွင့်ပြီး အစစ အရာရာ ကောငါးမွန်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နေယာ်။Credit: မနောမရ
Add a Comment
Your email address will not be published. Required fields are marked *