သတင္းစာပို့သမားနဲ႔ သတင္းစာခိုးတဲ့ ဝံပုေလြငယ္ေလး တို့ရဲ့ ထူးျခားတဲ့ ျဖစ္ရပ္

သတင္းစာပို့သမားနဲ႔ သတင္းစာခိုးတဲ့ ဝံပုေလြငယ္ေလးတို့ရဲ့ ထူးျခားတဲ့ျဖစ္ရပ္

ၿမိဳ့တြင္းမွာေနထိုင္သူေတြနဲ႔ ၿမိဳ့ျပဝံပုေလြေတြဆိုတာ သာမန္အားျဖင့္ဆက္စပ္မွုမရွိပါဘူးေနာ္။ တစ္ခါတစ္ရံ မွာ ဝံပုေလြေတြဟာ လူေနအိမ္မွာေမြးထားတဲ့အိမ္ေမြးတိရစၧာန္ေလးေတြကိုလိုက္ကိုက္တာ၊ ဒါမွမဟုတ္ရင္ လူေနအိမ္ေျခေတြနားမွာ

ရစ္သီရစ္သီလာလုပ္ေနလို့ ျပႆနာျဖစ္တာေလးေတြေလာက္ပဲရွိတာပါ။ဒါေပမယ့္အခုတစ္ေခါက္မွာေတာ့ လူနဲ႔ ဝံပုေလြၾကားမွာ ထူးဆန္းတဲ့ျပႆနာေလးတစ္ခုရွိခဲ့ပါတယ္ေနာ္။ဆန္ဖရန္ဆစ္စကိုလူေနရပ္ကြက္တစ္ခုမွာ

သတင္းစာပို့သမားတစ္ေယာက္ရွိတာပါ။ တစ္ေန႔မွာ သူသတင္းစာပို့ေနက်ေဖာက္သည္ေတြဆီကေန ဖုန္းေတြလာခဲ့တာပါ။ ေဖာက္သည္ေတြက သတင္းစာလည္း ပုံမွန္မလာေတာ့တဲ့အေၾကာင္းကို သူ႔ဆီဖုန္းဆက္ေျပာၾကတာပါတဲ့။

ဒါေပမယ့္ လည္း သတင္းစာပို့သမားက သူကိုယ္တိုင္ေဖာက္သည္ေတြရဲ့ ေနအိမ္တံခါးေပါက္ေတြဆီေသေသခ်ာခ်ာပို့ခဲ့တဲ့အေၾကာင္း ျပန္စဥ္းစားမိခဲ့ပါတယ္။ဒါေပမယ့္ သတင္းစာသမားက သူလုံးဝမထင္ထားတဲ့ ကိစၥတစ္ခုကိုၾကဳံခဲ့ရပါတယ္ေနာ္။

တစ္မနက္မွာ ဝံပုေလြငယ္တစ္ေကာင္ဟာ ျမက္ခင္းေတြထူထူထပ္ထပ္ရွိေနတဲ့ ေတာင္ကုန္းေလးမွာ သတင္းစာနဲ႔ကစားေနတာကို သူက ေတြ႕ခဲတာပါ။ ဝံပုေလြက သတင္းစာစကၠဴကိုေလထဲေျမႇာက္ၿပီးေတာ့ ကစားေနတာပါ။

ေတာင္ကုန္းတစ္ေလၽွာက္ ေလၽွာစီးၿပီးျမဴးတူးေနတဲ့အျပင္ ပါးစပ္ထဲမွာလည္း သတင္းစာစကၠဴေတြဖလပ္ဖလပ္နဲ႔ ေလၽွာက္ေျပးေနတာပါတဲ့။ဒါကို သတင္းစာပို့္သမားက ဗီဒီယိုရိုက္ခဲ့တာပါ။ တကယ္ေတာ့ ဝံပုေလြက သတင္းစာပို့သမား

အိမ္ေရွ႕တံခါးေပါက္မွာပစ္ခ်ခဲ့တဲ့ သတင္းစာေတြကိုေဆာ့ဖို့အတြက္ လိုက္ခိုးေနခဲ့တာျဖစ္ပါတယ္ေနာ္။ အေၾကာင္းစုံသိထားတဲ့ သတင္းစာပို့သမားက ဝံပုေလြကို စိတ္မဆိုးခဲ့ဘဲ ဝံပုေလြေလးအတြက္ သီးသန႔္သတင္းစာတစ္ေစာင္ပစ္ေပးခဲ့တာပါ။

အခုဆိုရင္ ဝံပုေလြေလးဟာ မနက္တိုင္းေဆာ့စရာအ႐ုပ္တစ္႐ုပ္ရေနၿပီျဖစ္ၿပီးေတာ့ သတင္းစာသမားလည္း ေဖာက္သည္ေတြနဲ႔ ျပႆနာမတက္ေတာ့ဘဲ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပလ်က္ရွိေနပါၿပီေနာ္။credit;Dailyci-news

Unicode…သတင်းစာပို့သမားနဲ့ သတင်းစာခိုးတဲ့ ဝံပုလွေငယ်လေးတို့ရဲ့ ထူးခြားတဲ့ဖြစ်ရပ်

မြို့တွင်းမှာနေထိုင်သူတွေနဲ့ မြို့ပြဝံပုလွေတွေဆိုတာ သာမန်အားဖြင့်ဆက်စပ်မှုမရှိပါဘူးနော်။ တစ်ခါတစ်ရံ မှာ ဝံပုလွေတွေဟာ လူနေအိမ်မှာမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုလိုက်ကိုက်တာ၊ ဒါမှမဟုတ်ရင် လူနေအိမ်ခြေတွေနားမှာ

ရစ်သီရစ်သီလာလုပ်နေလို့ ပြဿနာဖြစ်တာလေးတွေလောက်ပဲရှိတာပါ။ဒါပေမယ့်အခုတစ်ခေါက်မှာတော့ လူနဲ့ ဝံပုလွေကြားမှာ ထူးဆန်းတဲ့ပြဿနာလေးတစ်ခုရှိခဲ့ပါတယ်နော်။ဆန်ဖရန်ဆစ်စကိုလူနေရပ်ကွက်တစ်ခုမှာ

သတင်းစာပို့သမားတစ်ယောက်ရှိတာပါ။ တစ်နေ့မှာ သူသတင်းစာပို့နေကျဖောက်သည်တွေဆီကနေ ဖုန်းတွေလာခဲ့တာပါ။ ဖောက်သည်တွေက သတင်းစာလည်း ပုံမှန်မလာတော့တဲ့အကြောင်းကို သူ့ဆီဖုန်းဆက်ပြောကြတာပါတဲ့။

ဒါပေမယ့် လည်း သတင်းစာပို့သမားက သူကိုယ်တိုင်ဖောက်သည်တွေရဲ့ နေအိမ်တံခါးပေါက်တွေဆီသေသေချာချာပို့ခဲ့တဲ့အကြောင်း ပြန်စဉ်းစားမိခဲ့ပါတယ်။ဒါပေမယ့် သတင်းစာသမားက သူလုံးဝမထင်ထားတဲ့ ကိစ္စတစ်ခုကိုကြုံခဲ့ရပါတယ်နော်။

တစ်မနက်မှာ ဝံပုလွေငယ်တစ်ကောင်ဟာ မြက်ခင်းတွေထူထူထပ်ထပ်ရှိနေတဲ့ တောင်ကုန်းလေးမှာ သတင်းစာနဲ့ကစားနေတာကို သူက တွေ့ခဲတာပါ။ ဝံပုလွေက သတင်းစာစက္ကူကိုလေထဲမြှောက်ပြီးတော့ ကစားနေတာပါ။

တောင်ကုန်းတစ်လျှောက် လျှောစီးပြီးမြူးတူးနေတဲ့အပြင် ပါးစပ်ထဲမှာလည်း သတင်းစာစက္ကူတွေဖလပ်ဖလပ်နဲ့ လျှောက်ပြေးနေတာပါတဲ့။ဒါကို သတင်းစာပို့်သမားက ဗီဒီယိုရိုက်ခဲ့တာပါ။ တကယ်တော့ ဝံပုလွေက သတင်းစာပို့သမား

အိမ်ရှေ့တံခါးပေါက်မှာပစ်ချခဲ့တဲ့ သတင်းစာတွေကိုဆော့ဖို့အတွက် လိုက်ခိုးနေခဲ့တာဖြစ်ပါတယ်နော်။ အကြောင်းစုံသိထားတဲ့ သတင်းစာပို့သမားက ဝံပုလွေကို စိတ်မဆိုးခဲ့ဘဲ ဝံပုလွေလေးအတွက် သီးသန့်သတင်းစာတစ်စောင်ပစ်ပေးခဲ့တာပါ။

အခုဆိုရင် ဝံပုလွေလေးဟာ မနက်တိုင်းဆော့စရာအရုပ်တစ်ရုပ်ရနေပြီဖြစ်ပြီးတော့ သတင်းစာသမားလည်း ဖောက်သည်တွေနဲ့ ပြဿနာမတက်တော့ဘဲ နှစ်ဦးနှစ်ဖက်အဆင်ပြေလျက်ရှိနေပါပြီနော်။credit;Dailyci-news

Tags:

Add a Comment

Your email address will not be published. Required fields are marked *