ေကာင္းကင္မွ က်လာတဲ့ ဥကၠာခဲေၾကာင့္ ေန့ခ်င္းျကီးပြားခဲ့တဲ့ ေခါင္းတလားလုပ္တဲ့ အမ်ဳိးသား

ေကာင္းကင္မွ က်လာသည့္ ဥကၠာခဲေၾကာင့္ ေန့ခ်င္း ျကီးပြားခဲ့တဲ့ ေခါင္းတလားလုပ္တဲ့ အမ်ဳိးသား

အင္ဒိုနီးရွားနိုင္ငံ၊ ဆူမားၾတားကၽြန္းေျမာက္ဘက္၊ ကိုလန္းၿမိဳ့ေလးတြင္ ေနထိုင္သည့္ ေခါင္းတလားလုပ္သူတစ္ဦးဟာ ေကာင္းကင္ယံကေန ျပဳတ္က်လာတဲ့ ဥကၠာခဲတစ္လုံးေၾကာင့္ဘဲ

ေန႔ခ်င္းညခ်င္းလူခ်မ္းသာ တစ္ဦးျဖစ္လာေၾကာင္း ကုိ ေဒးလီးေမးလ္သတင္းတစ္ရပ္အရ သိရတာပါ။ဂ်ိဳရွူအာဟူတာဂလန္း အမည္ရွိတဲ့ အသက္ ၃၃ႏွစ္အရြယ္ရွိ ေခါင္းတလားလုပ္ေရာင္းသူရဲ့

ေနအိမ္သို့က်လာတဲ့ ဥကၠာခဲမွာ အေလးခ်ိန္ ၂ဒသမ၂ ကီလိုဂရမ္ႏွင့္ သက္တမ္း ႏွစ္ေပါင္း ၄ဒသမ၅ ဘီလီယံရွိနိုင္ေၾကာင္းကုိ ခန႔္မွန္းထားတာပါ။ယင္းဥကၠာခဲမွာဂ်ိဳရွူအာ၏ ေနအိမ္ တံစက္ၿမိတ္ေခါင္မိုးကို

ေဖာက္ထြက္ၿပီးေတာ့ ေျမထဲသို့ အနက္ ၁၅ စင္တီမီတာခန႔္ ကၽြံဝင္သြားခဲ့ၿပီးေတာ့ ဥကၠာခဲက်လာခ်ိန္တြင္ ဂ်ိဳရွူအာမွာ ၎အိမ္ဘးတြင္ ေခါင္းတလားမ်ား ျပဳလုပ္ေနၿပီး ျပဳတ္က်သံက်ယ္လြန္း၍ တျခားေနအိမ္မ်ားမွ လူမ်ားပလာေရာက္ၾကည့္ရွုၾကေၾကာင္း

၎ကေျပာပါတယ္။ကၽြန္ေတာ္ ကိုင္ၾကည့္လိုက္ေတာ့ ေက်ာက္တုံးက ပူေႏြးေနတုန္းပဲရွိပါေသးတယ္။ အသံကက်ယ္လြန္းလို့ အိမ္ေတာင္ ေတာ္ေတာ္ေလး တုန္ခါသြားပါတယ္။ အဲဒါနဲ႔ ကၽြန္ေတာ္အိမ္ကို လိုက္ၾကည့္ေတာ့

ေခါင္မိုးမွာ အေပါက္ေလးတစ္ခုျဖစ္ေနတာကိုေတြ႕ပါတယ္။ ကၽြန္ေတာ္ အရမ္းသံသယဝင္တာက ဒါဟာ လူေတြေျပာေနၾကသလို ေကာင္းကင္ကေန ျပဳတ္က်လာတဲ့ ဥကၠာခဲေရာျဖစ္ပါ့မလားေပါ့။ ဒါေပမယ့္ တျခားလူတစ္ေယာက္က အေပၚကေန

ရည္ရြယ္ခ်က္ခ်က္ရွိရွိ ပစ္လိုက္ဖို့လည္း မျဖစ္နိုင္ပါဘူး ဟု ဂ်ိဳရွူအာက ေျပာခဲ့တာပါ။ယင္းဥကၠာခဲကိုေတာ့ အေမရိကန္နိုင္ငံသား ဥကၠာခဲအေၾကာင္း ကၽြမ္းက်င္ႏွံ့စပ္သူ ဂ်ရတ္ေကာလင္းမွတစ္ဆင့္ အေမရိကန္နိုင္ငံ၊ အင္ဒီယာနာပိုးလစ္ၿမိဳ့မွ ဥကၠာခဲစုေဆာင္းသူ

ေဂ်းပီယာတက္ခ္ကို ေရာင္းခ်ခဲ့ေၾကာင္းကုိ သိရပါတယ္။မည္သည့္ေဈးႏွင့္ေရာင္းခ်ခဲ့သည္ကို ထုတ္မေျပာေသာ္လည္းဘဲ ဂ်ဴရွူအာအတြက္ ႏွစ္ေပါင္း ၃၀စာလုပ္ခလစာေပးခဲ့သည္ဟု သိရပါတယ္။

အဆိုပါဥကၠာခဲ မွာ ၾသဂုတ္လက က်ခဲ့ျခင္းျဖစ္ၿပီးေတာ့ ေဈးကြက္ေပါက္ ေဈး ေပါင္ ၁ဒသမ ၄သန္းခန႔္ရွိကာ ၂၀၀၀ခုႏွစ္က တ႐ုတ္နိုင္ငံသို့ က်ေရာက္ခဲ့သည့္ ဥကၠာခဲမွာလည္း တန္ေၾကးေပါင္ ၁ဒသမ၅သန္းအထိရွိခဲ့တာပါ။

ကေလး သုံးေယာက္ဖခင္တစ္ဦးျဖစ္သည့္ ဂ်ိဳရွူကာက ဥကၠာခဲကို ေရာင္းခ်၍ရသည့္ေငြမ်ားျဖင့္ ၎၏ရြာ၌ဘုရားေက်ာင္းသစ္တစ္ေက်ာင္း ေဆာက္လုပ္လွူဒါန္းမည္ဟုလည္း ေျပာခဲတာ ျဖစ္ပါတယ္။Credit;The Standard Time Daily

Unicode…ကောင်းကင်မှ ကျလာသည့် ဥက္ကာခဲကြောင့် နေ့ချင်း ကြီးပွားခဲ့တဲ့ ခေါင်းတလားလုပ်တဲ့ အမျိုးသား

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမြောက်ဘက်၊ ကိုလန်းမြို့လေးတွင် နေထိုင်သည့် ခေါင်းတလားလုပ်သူတစ်ဦးဟာ ကောင်းကင်ယံကနေ ပြုတ်ကျလာတဲ့ ဥက္ကာခဲတစ်လုံးကြောင့်ဘဲ

နေ့ချင်းညချင်းလူချမ်းသာ တစ်ဦးဖြစ်လာကြောင်း ကို ဒေးလီးမေးလ်သတင်းတစ်ရပ်အရ သိရတာပါ။ဂျိုရှူအာဟူတာဂလန်း အမည်ရှိတဲ့ အသက် ၃၃နှစ်အရွယ်ရှိ ခေါင်းတလားလုပ်ရောင်းသူရဲ့

နေအိမ်သို့ကျလာတဲ့ ဥက္ကာခဲမှာ အလေးချိန် ၂ဒသမ၂ ကီလိုဂရမ်နှင့် သက်တမ်း နှစ်ပေါင်း ၄ဒသမ၅ ဘီလီယံရှိနိုင်ကြောင်းကို ခန့်မှန်းထားတာပါ။ယင်းဥက္ကာခဲမှာဂျိုရှူအာ၏ နေအိမ် တံစက်မြိတ်ခေါင်မိုးကို

ဖောက်ထွက်ပြီးတော့ မြေထဲသို့ အနက် ၁၅ စင်တီမီတာခန့် ကျွံဝင်သွားခဲ့ပြီးတော့ ဥက္ကာခဲကျလာချိန်တွင် ဂျိုရှူအာမှာ ၎င်းအိမ်ဘးတွင် ခေါင်းတလားများ ပြုလုပ်နေပြီး ပြုတ်ကျသံကျယ်လွန်း၍ တခြားနေအိမ်များမှ လူများပလာရောက်ကြည့်ရှုကြကြောင်း

၎င်းကပြောပါတယ်။ကျွန်တော် ကိုင်ကြည့်လိုက်တော့ ကျောက်တုံးက ပူနွေးနေတုန်းပဲရှိပါသေးတယ်။ အသံကကျယ်လွန်းလို့ အိမ်တောင် တော်တော်လေး တုန်ခါသွားပါတယ်။ အဲဒါနဲ့ ကျွန်တော်အိမ်ကို လိုက်ကြည့်တော့

ခေါင်မိုးမှာ အပေါက်လေးတစ်ခုဖြစ်နေတာကိုတွေ့ပါတယ်။ ကျွန်တော် အရမ်းသံသယဝင်တာက ဒါဟာ လူတွေပြောနေကြသလို ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ဥက္ကာခဲရောဖြစ်ပါ့မလားပေါ့။ ဒါပေမယ့် တခြားလူတစ်ယောက်က အပေါ်ကနေ

ရည်ရွယ်ချက်ချက်ရှိရှိ ပစ်လိုက်ဖို့လည်း မဖြစ်နိုင်ပါဘူး ဟု ဂျိုရှူအာက ပြောခဲ့တာပါ။ယင်းဥက္ကာခဲကိုတော့ အမေရိကန်နိုင်ငံသား ဥက္ကာခဲအကြောင်း ကျွမ်းကျင်နှံ့စပ်သူ ဂျရတ်ကောလင်းမှတစ်ဆင့် အမေရိကန်နိုင်ငံ၊ အင်ဒီယာနာပိုးလစ်မြို့မှ ဥက္ကာခဲစုဆောင်းသူ

ဂျေးပီယာတက်ခ်ကို ရောင်းချခဲ့ကြောင်းကို သိရပါတယ်။မည်သည့်ဈေးနှင့်ရောင်းချခဲ့သည်ကို ထုတ်မပြောသော်လည်းဘဲ ဂျူရှူအာအတွက် နှစ်ပေါင်း ၃၀စာလုပ်ခလစာပေးခဲ့သည်ဟု သိရပါတယ်။

အဆိုပါဥက္ကာခဲ မှာ သြဂုတ်လက ကျခဲ့ခြင်းဖြစ်ပြီးတော့ ဈေးကွက်ပေါက် ဈေး ပေါင် ၁ဒသမ ၄သန်းခန့်ရှိကာ ၂၀၀၀ခုနှစ်က တရုတ်နိုင်ငံသို့ ကျရောက်ခဲ့သည့် ဥက္ကာခဲမှာလည်း တန်ကြေးပေါင် ၁ဒသမ၅သန်းအထိရှိခဲ့တာပါ။

ကလေး သုံးယောက်ဖခင်တစ်ဦးဖြစ်သည့် ဂျိုရှူကာက ဥက္ကာခဲကို ရောင်းချ၍ရသည့်ငွေများဖြင့် ၎င်း၏ရွာ၌ဘုရားကျောင်းသစ်တစ်ကျောင်း ဆောက်လုပ်လှူဒါန်းမည်ဟုလည်း ပြောခဲတာ ဖြစ်ပါတယ်။Credit;The Standard Time Daily

Tags:

Add a Comment

Your email address will not be published. Required fields are marked *