Unicode…နှာခေါင်းခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက်မှ နားရွက်အစိတ်အပိုင်းတစ်ခုပျောက်ဆုံးနေမှန်း သတိထားမိခဲ့တဲ့ မိန်းကလေး
တရုတ်နိုင်ငံ Chengdu မြို့ရဲ့ဆေးရုံတစ်ခုမှာ မကြာသေးမီက နှာခေါင်းခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့တဲ့ အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ သူမဆီကခွင့်ပြုချက်မရဘဲနဲ့
သူမရဲ့နားရွက်အရိုးနုကို ဖယ်ရှားပစ်လိုက်တာကြောင့်ဘဲ ရှော့ရသွားခဲ့ရတာပါ။Zhao အမည်ရှိတဲ့အဆိုပါအမျိုးသမီးက စက်တင်ဘာလ ၁ရက်နေ့က Chengdu မြို့ရှိ Angel Wing ဆေးရုံမှာ လွန်ခဲ့တဲ့၅နှစ်အတွင်းဒုတိယအကြိမ်အဖြစ်
နှာခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့တာပါတဲ့။သူမက ခွဲစိတ်မှုမှာအဆင်ပြေခဲ့ပေမဲ့ ၄ရက်မြောက်နေ့မှာတော့ မှန်ကြည့်ရင်း သူမညာဘက်နားရဲ့စက်ဝိုင်းပုံအရိုးနု ပျောက်နေတာကို သတိထားမိခဲ့ရပြီး အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သူမဘာမှမသိခဲ့လိုက်ရပါဘူး။
အဲ့တာနဲ့ Zhaoက ဆေးရုံဝန်ထမ်းတွေကို သူမနားကိစ္စမေးမြန်းလိုက်တော့ အဲ့ဒါဟာ ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပြီးတော့ သူမကနှာခေါင်းခွဲစိတ်မှုအတွက်အရိုးနုကို အသုံးပြုမယ်ဖြစ်ကြောင်း ဖော်ပြတဲ့သဘောတူညီချက်တစ်ခုကို
လက်မှတ်ထိုးခဲ့ခြင်းကြောင့်ဘဲ အဆိုပါသူမရဲ့ခွင့်ပြုချက်ကိုသာ ရယူခဲ့ကြောင်းသာပြန်ပြောခဲ့တာပါ။Zhaoလည်း လူနာရဲ့အသွင်အပြင်ကို ဂရုမစိုက်ဘဲနားရွက်အရိုးနုကို နှာခေါင်းခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်းအတွက် အသုံးပြုပစ်ခဲ့တဲ့
ပလပ်စတစ်ဆာကျူရီဆိုင်ရာ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြုလုပ်ခဲ့မိကြောင်း ကို တရုတ်သတင်းတစ်ခုကို ထုတ်ဖော်ပြောပြခဲ့တာပါ။ဒါပေမဲ့လည်း Angel Wing ဆေးရုံရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါနားအရိုးနုက
အာရုံကြောဆုံးရှုံးမှုဆိုင်ရာရောဂါ ဖြစ်ပေါ်စေနိုင်ကြောင်းသာ ဆိုခဲ့တာပါ။Zhaoက သူမရဲ့နားရွက်က အရှက်ရစရာဖြစ်နေပြီးတော့ နားကြပ်လည်းသုံးမရတော့တာကြောင့် အပြည့်အဝပြန်အမ်းငွေ ပြန်လိုချင်ကြောင်းညည်းညူပြောဆိုနေခဲ့တာပါ။
အဆိုပါဆေးရုံနဲ့Zhaoတို့ကြားပဋိပက္ခမှာ ရဲတပ်ဖွဲ့များဝင်ရောက်စွက်ဖက်ရမယ့်အငြင်းပွါးမှုအထိဖြစ်ပေါ်လာစေခဲ့ပြီး သူတို့ကိစ္စဟာ အခုအချိန်ထိမဖြေရှင်းနိုင်သေးပါဘူးတဲ့။Credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *