ဘီလ်ံနာ ဘဏ္သူေဌးမဘဝမွ ဗုဒၶဘာသာ သီလရွင္တစ္ပါးျဖစ္လာသူ တစ္ဦး

ဘီလ်ံနာ ဘဏ္သူေဌးမဘဝမွ ဗုဒၶဘာသာ သီလရွင္တစ္ပါးျဖစ္လာသူ တစ္ဦး

အယ္မာစလိတ္(Emma Slade) ဆိုတဲ့ ၿဗိတိန္သူ ဟာ တစ္ခါတုန္းက အလြန္ခ်မ္းသာတဲ့ ဘဏ္သူေဌးမတစ္ ေယာက္ ျဖစ္ခဲ့တာပါ။ ဘယ္ေလာက္ခ်မ္းသာသလဲဆိုရင္ အေမရိကန္ ေဒၚလာ တစ္ဘီလ်ံအထက္

ခ်မ္းသာတာပါတဲ့။ဒါေပမယ့္လည္း သူဘဝဟာ ႐ုတ္တရက္ေျပာင္းလဲသြားခဲ့ရပါတယ္။ ၁၉၉၇ခုႏွစ္ တုန္းက သူဟာ အင္ဒိုနီးရွားနိုင္ငံ၊ဂ်ာကာတာၿမိဳ့ေတာ္က သူတည္းတဲ့ ဟိုတယ္ခန္းထဲမွာ ဓါးျပတိုက္ခံရတာကစတာ ျဖစ္ပါတယ္။

အဲဒီသေကာင့္သားက သူ႔ဝမ္းဗိုက္ကိုေသနတ္ေျပာင္းဝနဲ႔ ေတ့ထားတယ္။အျခားလက္ တစ္ဖက္က သူ႔ပါးစပ္ေပၚမွာ ၿပီးေတာ့ သူ႔ကို ေကာ္ေဇာ ေပၚ တြန္းခ်တယ္။ဆရာေလးအေနနဲ႔ တကယ့္ကို မေသခ်င္ဘူးဆိုတာ ကိုယ့္ကိုကိုယ္သိလိုက္ရတယ္။

ခ်က္ျခင္းဆိုသလိုပဲ မၾကာမီဆုံးရွုံးေတာ့မယ့္ ဘဝနဲ႔ပတ္သက္ၿပီးေတာ့ အေတြးႀကီးႀကီး တစ္ခုဝင္လာတယ္ လို့ ေျပာပါတယ္။ဆလိတ္ဟာ ကံေကာင္းေထာက္မစြာနဲ႔ ေသေဘးက လက္မတင္ကေလး လြတ္ခဲ့ရတာပါ။

အဲဒီေနာက္မွာေတာ့ သူဟာ ဘဝနဲ႔ပတ္သက္လို့ပိုၿပီးႀကီးမားနက္ရွိုင္းတဲ့ အဓိပၸါယ္နဲ႔ ရည္ရြယ္ခ်က္ ေတြကို အငမ္းမရရွာခဲ့တယ္။ဓားျပေတြလက္က အသက္မေသပဲ လြတ္ေျမာက္ခဲ့တဲ့သူမရဲ့ စီးပြားေရးကိုရပ္တန္႔လိုက္ၿပီးေတာ့

ဟိမဝႏၲာေတာင္တန္းေတြဘက္ကို ခရီးထြက္ခဲ့တာပါ။ကမၻာ့အေအးခ်မ္းဆုံးလို့သိၾကတဲ့ ဘူတန္နိုင္ငံကိုေရာက္ခဲ့ၿပီးေတာ့ လာမားဘုန္းေတာ္ႀကီးေတြနဲ႔ ေတြ႕ခဲ့ပါတယ္ေနာ္။ လာမားဘုန္းေတာ္ႀကီးေတြဆီကေန ဗုဒၶဘာသာကို ေလ့လာခြင့္ရခဲ့ၿပီးေတာ့

ဘဝေနထိုင္မွုေတြကိုပါသင္ယူခဲ့ပါတယ္။အဲဒီေနာက္ေတာ့ သူမဟာ ဘူတန္နိုင္ငံရဲ့ ပထမဆုံးေသာ သီလရွင္ျဖစ္လာခဲ့တာပါ။အဲဒါေတြနဲ႔ ပတ္သက္လို့သူဟာ စာအုပ္တစ္ အုပ္ေရးတယ္။စာအုပ္နာမည္က လြတ္ေျမာက္ျခင္း-

ဘဏ္သူေ႒းမွ ဘူတန္ရွိဗုဒၶဘာသာသို့ ဘဝေျပာင္းခရီး ျဖစ္ပါတယ္ေနာ္။ဆလိတ္ဟာ ဟိမဝႏၵာေတာင္တန္းေတြဆီေရာက္သြားတယ္။အဲဒီေနရာမွာ သူဟာ ဘုန္းေတာ္ႀကီးေတြဆီက ဗုဒၶဘာသာေလ့လာသင္ယူခြင့္ရခဲ့တယ္။

သူဟာ တရားေတြကို ကိုယ္တိုင္က်င့္ႀကံတယ္။သိပ္ မၾကာလိုက္ပါဘူး။ဆလိတ္ဟာ ဘူတန္ရဲ့ ပထမဆုံးေသာ အေနာက္နိုင္ငံသူ ဗုဒၶဘာသာ သီလရွင္တစ္ပါးျဖစ္သြားပါတယ္ေနာ္။သူ႔ရဲ့အရင္ ဘဏ္သူေ႒းဘဝအေၾကာင္းေမးတဲ့အခါ သူက

ဆရာေလးအေနနဲ႔ ဘာတစ္ခု မွဆုံးရွုံးမသြားဘူး။ အမ်ားႀကီးထပ္ရလိုက္တာ လို့ေျပာပါတယ္။အခုလက္ရွိမွာ သီလရွင္ဆရာေလး အနီပီမာေဒကီအေနနဲ႔သိၾကပါတယ္ေနာ္။ တိုင္းမ္မဂၢဇင္းက ဆရာေလးကို ေဟာင္ေကာင္မွာေတြ႕ခဲ့ပါတယ္။

ဆရာေလးက သူ႔ရဲ့ စာအုပၠိဳ အေရာင္းျမႇင့္တင္ဖို့ေရာက္ေနတာပါ။အသက္ဆုံးရွုံးလုနီးပါးျဖစ္ခဲ့ရတာဟာ သူ႔ ဘဝကို ေလးေလးနက္နက္အႀကီးအက်ယ္ေျပာင္းလဲေစခဲ့တယ္လို့ ဆရာေလး အနီပီမာ ေဒကီကေျပာခဲ့တာပါ။

အဓိပၸါယ္ျပည့္ဝတဲ့ ဘဝကိုလိုခ်င္တဲ့သူေတြကို ဘာအႀကံေပးမလဲဆိုေတာ့ ၿငိမ္းေအးတဲ့ စိတ္ကေလးေတြ ေမြးတဲ့အလုပ္ကို နည္းနည္းပိုၿပီးဦးစားေပးလိုက္ပါ လို့ဆိုပါတယ္ေနာ္။ အျခားသူေတြကိုၾကင္နာမွုျပသပါ။

လူသားေတြ၊ တိရစၧာန္ေတြ၊ဘယ္သူေတြပဲျဖစ္ျဖစ္ပါ ဒီလိုလုပၲာဟာ တည္ၿငိမ္ၿပီးၾကည္လင္တဲ့ စိတ္အၾကည္ဓါတ္ကိုရေစဖို့ အေထာက္အကူ ျပဳပါလိမ့္မယ္လို့ ဆရာေလးကေျပာတာပါ။လက္ရွိအခ်ိန္မွာAni PemaDekiလို့ဘြဲ႕အမည္ခံယူထားတဲ့

Slade ဟာ သီလရင္ဘဝနဲ႔ တရာေလ့လာအားထုတ္သူျဖစ္ေနၿပီး Opening Your Heart to Bhutan ဆိုတဲ့ ပရဟိတအဖြဲ႕ကို ထူေထာင္ထားပါေသးတာပါ။လူေတြက ကၽြန္မဘီလ်ံနာသူေဌးဘဝကေန အခုဘဝကို ေရာက္သြားတာ ဆုံးရွုံးသြားတယ္လို့ထင္ၾကတယ္။

တကယ္ကေတာ့ ကၽြန္မအျမတ္ေတြရရွိလိုက္တာပါ။သတိတရားက ကိုယ့္ကိုပိုၿပီးတည္ၿငိမ္ေအးခ်မ္းေစတယ္။ ေမတၱာတရားက ကိုယ့္ကို ေပ်ာ္ရႊင္ခ်မ္းေျမ့ ေစတယ္လို့ ဆရာေလးက ေျပာခဲ့တာပါ။credit

Unicode…ဘီလျံနာ ဘဏ်သူဌေးမဘဝမှ ဗုဒ္ဓဘာသာ သီလရှင်တစ်ပါးဖြစ်လာသူ တစ်ဦး

အယ်မာစလိတ်(Emma Slade) ဆိုတဲ့ ဗြိတိန်သူ ဟာ တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ ဘဏ်သူဌေးမတစ် ယောက် ဖြစ်ခဲ့တာပါ။ ဘယ်လောက်ချမ်းသာသလဲဆိုရင် အမေရိကန် ဒေါ်လာ တစ်ဘီလျံအထက်

ချမ်းသာတာပါတဲ့။ဒါပေမယ့်လည်း သူဘဝဟာ ရုတ်တရက်ပြောင်းလဲသွားခဲ့ရပါတယ်။ ၁၉၉၇ခုနှစ် တုန်းက သူဟာ အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တော်က သူတည်းတဲ့ ဟိုတယ်ခန်းထဲမှာ ဓါးပြတိုက်ခံရတာကစတာ ဖြစ်ပါတယ်။

အဲဒီသကောင့်သားက သူ့ဝမ်းဗိုက်ကိုသေနတ်ပြောင်းဝနဲ့ တေ့ထားတယ်။အခြားလက် တစ်ဖက်က သူ့ပါးစပ်ပေါ်မှာ ပြီးတော့ သူ့ကို ကော်ဇော ပေါ် တွန်းချတယ်။ဆရာလေးအနေနဲ့ တကယ့်ကို မသေချင်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်ရတယ်။

ချက်ခြင်းဆိုသလိုပဲ မကြာမီဆုံးရှုံးတော့မယ့် ဘဝနဲ့ပတ်သက်ပြီးတော့ အတွေးကြီးကြီး တစ်ခုဝင်လာတယ် လို့ ပြောပါတယ်။ဆလိတ်ဟာ ကံကောင်းထောက်မစွာနဲ့ သေဘေးက လက်မတင်ကလေး လွတ်ခဲ့ရတာပါ။

အဲဒီနောက်မှာတော့ သူဟာ ဘဝနဲ့ပတ်သက်လို့ပိုပြီးကြီးမားနက်ရှိုင်းတဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် တွေကို အငမ်းမရရှာခဲ့တယ်။ဓားပြတွေလက်က အသက်မသေပဲ လွတ်မြောက်ခဲ့တဲ့သူမရဲ့ စီးပွားရေးကိုရပ်တန့်လိုက်ပြီးတော့

ဟိမဝန္တာတောင်တန်းတွေဘက်ကို ခရီးထွက်ခဲ့တာပါ။ကမ္ဘာ့အအေးချမ်းဆုံးလို့သိကြတဲ့ ဘူတန်နိုင်ငံကိုရောက်ခဲ့ပြီးတော့ လာမားဘုန်းတော်ကြီးတွေနဲ့ တွေ့ခဲ့ပါတယ်နော်။ လာမားဘုန်းတော်ကြီးတွေဆီကနေ ဗုဒ္ဓဘာသာကို လေ့လာခွင့်ရခဲ့ပြီးတော့

ဘဝနေထိုင်မှုတွေကိုပါသင်ယူခဲ့ပါတယ်။အဲဒီနောက်တော့ သူမဟာ ဘူတန်နိုင်ငံရဲ့ ပထမဆုံးသော သီလရှင်ဖြစ်လာခဲ့တာပါ။အဲဒါတွေနဲ့ ပတ်သက်လို့သူဟာ စာအုပ်တစ် အုပ်ရေးတယ်။စာအုပ်နာမည်က လွတ်မြောက်ခြင်း-

ဘဏ်သူေဋ္ဌးမှ ဘူတန်ရှိဗုဒ္ဓဘာသာသို့ ဘဝပြောင်းခရီး ဖြစ်ပါတယ်နော်။ဆလိတ်ဟာ ဟိမဝန္ဒာတောင်တန်းတွေဆီရောက်သွားတယ်။အဲဒီနေရာမှာ သူဟာ ဘုန်းတော်ကြီးတွေဆီက ဗုဒ္ဓဘာသာလေ့လာသင်ယူခွင့်ရခဲ့တယ်။

သူဟာ တရားတွေကို ကိုယ်တိုင်ကျင့်ကြံတယ်။သိပ် မကြာလိုက်ပါဘူး။ဆလိတ်ဟာ ဘူတန်ရဲ့ ပထမဆုံးသော အနောက်နိုင်ငံသူ ဗုဒ္ဓဘာသာ သီလရှင်တစ်ပါးဖြစ်သွားပါတယ်နော်။သူ့ရဲ့အရင် ဘဏ်သူေဋ္ဌးဘဝအကြောင်းမေးတဲ့အခါ သူက

ဆရာလေးအနေနဲ့ ဘာတစ်ခု မှဆုံးရှုံးမသွားဘူး။ အများကြီးထပ်ရလိုက်တာ လို့ပြောပါတယ်။အခုလက်ရှိမှာ သီလရှင်ဆရာလေး အနီပီမာဒေကီအနေနဲ့သိကြပါတယ်နော်။ တိုင်းမ်မဂ္ဂဇင်းက ဆရာလေးကို ဟောင်ကောင်မှာတွေ့ခဲ့ပါတယ်။

ဆရာလေးက သူ့ရဲ့ စာအုပ္ကို အရောင်းမြှင့်တင်ဖို့ရောက်နေတာပါ။အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတာဟာ သူ့ ဘဝကို လေးလေးနက်နက်အကြီးအကျယ်ပြောင်းလဲစေခဲ့တယ်လို့ ဆရာလေး အနီပီမာ ဒေကီကပြောခဲ့တာပါ။

အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝကိုလိုချင်တဲ့သူတွေကို ဘာအကြံပေးမလဲဆိုတော့ ငြိမ်းအေးတဲ့ စိတ်ကလေးတွေ မွေးတဲ့အလုပ်ကို နည်းနည်းပိုပြီးဦးစားပေးလိုက်ပါ လို့ဆိုပါတယ်နော်။ အခြားသူတွေကိုကြင်နာမှုပြသပါ။

လူသားတွေ၊ တိရစ္ဆာန်တွေ၊ဘယ်သူတွေပဲဖြစ်ဖြစ်ပါ ဒီလိုလုပ္တာဟာ တည်ငြိမ်ပြီးကြည်လင်တဲ့ စိတ်အကြည်ဓါတ်ကိုရစေဖို့ အထောက်အကူ ပြုပါလိမ့်မယ်လို့ ဆရာလေးကပြောတာပါ။လက်ရှိအချိန်မှာAni PemaDekiလို့ဘွဲ့အမည်ခံယူထားတဲ့

Slade ဟာ သီလရင်ဘဝနဲ့ တရာလေ့လာအားထုတ်သူဖြစ်နေပြီး Opening Your Heart to Bhutan ဆိုတဲ့ ပရဟိတအဖွဲ့ကို ထူထောင်ထားပါသေးတာပါ။လူတွေက ကျွန်မဘီလျံနာသူဌေးဘဝကနေ အခုဘဝကို ရောက်သွားတာ ဆုံးရှုံးသွားတယ်လို့ထင်ကြတယ်။

တကယ်ကတော့ ကျွန်မအမြတ်တွေရရှိလိုက်တာပါ။သတိတရားက ကိုယ့်ကိုပိုပြီးတည်ငြိမ်အေးချမ်းစေတယ်။ မေတ္တာတရားက ကိုယ့်ကို ပျော်ရွှင်ချမ်းမြေ့ စေတယ်လို့ ဆရာလေးက ပြောခဲ့တာပါ။credit

Add a Comment

Your email address will not be published. Required fields are marked *