ဇနီးသည္ Coma ဝင္ၿပီး သတိေမ့ေနတဲ့အခ်ိန္မွာ ေယာကၡမနဲ႔ ေဖာက္ျပန္ခဲ့တဲ့ ခင္ပြန္း

ဇနီးသည္ Coma ဝင္ၿပီး သတိေမ့ေနတဲ့အခ်ိန္မွာ ေယာကၡမနဲ႔ ေဖာက္ျပန္ခဲ့တဲ့ ခင္ပြန္း

လူေတြဟာ တစ္ခါတစ္ေလက်မွာ ကိုယ္လုပ္ခ်င္တာ တစ္ခုတည္းကိုပဲ ၾကည့္တတ္ျကတာပါ။ ဘယ္ေတာ့မွ တစ္ျခားသူအတြက္ စဥ္းစားေပးတာမ်ိဳးေတြဘာေတြ လုံးဝမရွိပဲနဲ့ ကိုယ့္ရဲ့ စိတ္ဆႏၵတစ္ခုတည္းကို ၾကည့္တတ္ၾကတာပါ။

ကိုယ့္ေၾကာင့္ တစ္ျခားလူဒုကၡေရာက္မွာ သိရက္နဲ႔ တမင္သက္သက္ လုပ္တဲ့လူေတြဟာ တိရစၧာန္စိတ္သာသာရွိတဲ့ လူသားေတြပါပဲေနာ္။ အခုလည္း အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ရဲ့ ဇနီးသည္ Coma ဝင္ၿပီးေတာ့ သတိေမ့ေနတုန္းအခ်ိန္မွာ

သူ႔ဇနီးသည္ရဲ့ အေမျဖစ္သူနဲ႔ ေဖာ္ျပန္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ႏွစ္ေယာက္အတူတူ ထြက္ေျပးသြားခဲ့ေၾကာင္းကုိ News.com.au သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ သိရွိရပါတယ္ေနာ္။အဆိုပါ အမ်ိဳးသမီးကေတာ့

Brazil နိုင္ငံရွိ Kamylla Waness Cordeiro de Melo လို့ အမည္ရတဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္ေနာ္။ Kamylla ဟာ သူ႔ရဲ့ ခင္ပြန္းျဖစ္သူနဲ႔ ၂၀၁၃ ခုႏွစ္မွာ အိမ္ေထာင္က်ခဲ့ၿပီး ေတာ့ သားေလးတစ္ေယာက္ ေမြးခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အေရာက္မွာေတာ့ Kamylla ဟာ

Bariatric surgery လုပ္ဖို့အတြက္ ေဆး႐ုံတက္ခဲ့ရပါတယ္ေနာ္။ ေဆး႐ုံတက္ေနတဲ့ အခ်ိန္မွာလည္း အိမ္မွာ ေယာက်ာ္းျဖစ္သူ ကေလးတစ္ေယာက္တည္းနဲ႔ အဆင္မေျပျဖစ္ေနမွာ စိုးရိမ္တာေၾကာင့္ သူမရဲ့ မိခင္ျဖစ္သူကို သြားေရာက္ေနထိုင္ၿပီး ကူညီေပးဖို့ ေတာင္းဆိုခဲတာပါ။

အဲဒီေတာင္းဆိုမွုဟာ တစ္ခ်ိန္မွာ Kamylla အတြက္ အႀကီးဆုံးအမွားတစ္ခု ျဖစ္ေစခဲ့တာပါ။ဒီလိုနဲ႔ ခြဲစိတ္ကုသမွု ျပဳလုပ္တဲ့ အခ်ိန္မွာ Kamylla တစ္ေယာက္ Coma ဝင္သြားကာ ၄ လ ေက်ာ္ေက်ာ္ေလာက္ သတိေမ့ေမ်ာေနခဲ့ပါတယ္ေနာ္။

ဒီလို ၄ လသတိေမ့ေနတဲ့ အခ်ိန္မွာ သူ႔ရဲ့ ခင္ပြန္းျဖစ္သူဟာ ေဆး႐ုံကို ႏွစ္ႀကိမ္သာဘဲ ေရာက္လာတတ္ၿပီး မိခင္ျဖစ္သူကေတာ့ လုံးဝကို ေရာက္မလာခဲ့ပါဘူးတဲ့။ ဒီလိုနဲ႔ Kamylla တစ္ေယာက္ ၄ လေက်ာ္ၾကာေအာင္

သတိေမ့ေနၿပီးျပန္နိုးလာတဲ့အခ်ိန္မွာေတာ့ Kamylla ရဲ့ ဖခင္သယ္ေဆာင္လာတဲ့ သတင္းတစ္ခုေၾကာင့္ Kamylla တစ္ေယာက္ အႀကီးအက်ယ္တုန္လွုပ္ေခ်ာက္ျခားခဲ့ရတာပါ။ အဲဒါကေတာ့ Kamylla ရဲ့ မိခင္ျဖစ္သူနဲ႔ ခင္ပြန္းျဖစ္သူတို့ အတူတူ လိုက္ေျပးသြားၿပီး လက္ထပ္သြားတယ္ဆိုတဲ့

သတင္းပဲ ျဖစ္ပါတယ္။ၾကားၾကားခ်င္းမွာ တစ္ကယ့္ကို မယုံၾကည္နိုင္ပဲ လူက ျပန္ပါေသခ်င္စိတ္ ေပါက္သြားပါတယ္။ ကၽြန္မနဲ႔ ကၽြန္မသားရဲ့ မ်က္ႏွာကိုမွ မေထာက္ပဲ လုပ္ရက္လိုက္ၾကတာ။ ကၽြန္မေယာက်္ားနဲ႔ လိုက္ေျပးသြားတဲ့လူက

တစ္ျခားလူဆိုရင္ ကၽြန္မေျဖသာပါေသးတယ္။ အခုက်ေတာ့ ကၽြန္မရဲ့ အေမအရင္းနဲ႔တဲ့လား။ ေတာ္ေတာ္ေလးကို လူမဆန္တဲ့ လုပ္ရပ္ပါ။ ကၽြန္မခ်က္ခ်င္းဆိုသလို အဲဒီေယာက်ာ္းကို ကြာရွင္းခဲ့ပါတယ္။ၿပီးေတာ့ သူကပဲ ကေလးအုပ္ထိန္းခြင့္ကို လိုခ်င္တယ္ဆိုၿပီး ကၽြန္မကို တရားစြဲပါတယ္။

တရား႐ုံးက ဆုံးျဖတ္ခ်က္ကလည္း ကေလးကို တစ္ေယာက္တစ္လွည့္ အုပ္ထိန္းေစာင့္ေရွာက္ခြင့္ ေပးတယ္ဆဲ့။ ဘာေတြက ဘယ္လိုေတြ ျဖစ္ေနမွန္းမသိပါဘူး။ ကၽြန္မေတာ္ေတာ္ေလးကို ဝမ္းနည္းၿပီး ေဒါသထြက္ရပါတယ္လို့ Kamylla က ေျပာၾကားခဲ့တာဘဲျဖစ္ပါတယ္ေနာ္။credit;MM star

Unicode…ဇနီးသည် Coma ဝင်ပြီး သတိမေ့နေတဲ့အချိန်မှာ ယောက္ခမနဲ့ ဖောက်ပြန်ခဲ့တဲ့ ခင်ပွန်း

လူတွေဟာ တစ်ခါတစ်လေကျမှာ ကိုယ်လုပ်ချင်တာ တစ်ခုတည်းကိုပဲ ကြည့်တတ်ကြတာပါ။ ဘယ်တော့မှ တစ်ခြားသူအတွက် စဉ်းစားပေးတာမျိုးတွေဘာတွေ လုံးဝမရှိပဲနဲ့ ကိုယ့်ရဲ့ စိတ်ဆန္ဒတစ်ခုတည်းကို ကြည့်တတ်ကြတာပါ။

ကိုယ့်ကြောင့် တစ်ခြားလူဒုက္ခရောက်မှာ သိရက်နဲ့ တမင်သက်သက် လုပ်တဲ့လူတွေဟာ တိရစ္ဆာန်စိတ်သာသာရှိတဲ့ လူသားတွေပါပဲနော်။ အခုလည်း အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဇနီးသည် Coma ဝင်ပြီးတော့ သတိမေ့နေတုန်းအချိန်မှာ

သူ့ဇနီးသည်ရဲ့ အမေဖြစ်သူနဲ့ ဖော်ပြန်ခဲ့ပြီး နောက်ဆုံးမှာတော့ နှစ်ယောက်အတူတူ ထွက်ပြေးသွားခဲ့ကြောင်းကို News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်နော်။အဆိုပါ အမျိုးသမီးကတော့

Brazil နိုင်ငံရှိ Kamylla Waness Cordeiro de Melo လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ Kamylla ဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ၂၀၁၃ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး တော့ သားလေးတစ်ယောက် မွေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အရောက်မှာတော့ Kamylla ဟာ

Bariatric surgery လုပ်ဖို့အတွက် ဆေးရုံတက်ခဲ့ရပါတယ်နော်။ ဆေးရုံတက်နေတဲ့ အချိန်မှာလည်း အိမ်မှာ ယောကျာ်းဖြစ်သူ ကလေးတစ်ယောက်တည်းနဲ့ အဆင်မပြေဖြစ်နေမှာ စိုးရိမ်တာကြောင့် သူမရဲ့ မိခင်ဖြစ်သူကို သွားရောက်နေထိုင်ပြီး ကူညီပေးဖို့ တောင်းဆိုခဲတာပါ။

အဲဒီတောင်းဆိုမှုဟာ တစ်ချိန်မှာ Kamylla အတွက် အကြီးဆုံးအမှားတစ်ခု ဖြစ်စေခဲ့တာပါ။ဒီလိုနဲ့ ခွဲစိတ်ကုသမှု ပြုလုပ်တဲ့ အချိန်မှာ Kamylla တစ်ယောက် Coma ဝင်သွားကာ ၄ လ ကျော်ကျော်လောက် သတိမေ့မျောနေခဲ့ပါတယ်နော်။

ဒီလို ၄ လသတိမေ့နေတဲ့ အချိန်မှာ သူ့ရဲ့ ခင်ပွန်းဖြစ်သူဟာ ဆေးရုံကို နှစ်ကြိမ်သာဘဲ ရောက်လာတတ်ပြီး မိခင်ဖြစ်သူကတော့ လုံးဝကို ရောက်မလာခဲ့ပါဘူးတဲ့။ ဒီလိုနဲ့ Kamylla တစ်ယောက် ၄ လကျော်ကြာအောင်

သတိမေ့နေပြီးပြန်နိုးလာတဲ့အချိန်မှာတော့ Kamylla ရဲ့ ဖခင်သယ်ဆောင်လာတဲ့ သတင်းတစ်ခုကြောင့် Kamylla တစ်ယောက် အကြီးအကျယ်တုန်လှုပ်ချောက်ခြားခဲ့ရတာပါ။ အဲဒါကတော့ Kamylla ရဲ့ မိခင်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ အတူတူ လိုက်ပြေးသွားပြီး လက်ထပ်သွားတယ်ဆိုတဲ့

သတင်းပဲ ဖြစ်ပါတယ်။ကြားကြားချင်းမှာ တစ်ကယ့်ကို မယုံကြည်နိုင်ပဲ လူက ပြန်ပါသေချင်စိတ် ပေါက်သွားပါတယ်။ ကျွန်မနဲ့ ကျွန်မသားရဲ့ မျက်နှာကိုမှ မထောက်ပဲ လုပ်ရက်လိုက်ကြတာ။ ကျွန်မယောကျ်ားနဲ့ လိုက်ပြေးသွားတဲ့လူက

တစ်ခြားလူဆိုရင် ကျွန်မဖြေသာပါသေးတယ်။ အခုကျတော့ ကျွန်မရဲ့ အမေအရင်းနဲ့တဲ့လား။ တော်တော်လေးကို လူမဆန်တဲ့ လုပ်ရပ်ပါ။ ကျွန်မချက်ချင်းဆိုသလို အဲဒီယောကျာ်းကို ကွာရှင်းခဲ့ပါတယ်။ပြီးတော့ သူကပဲ ကလေးအုပ်ထိန်းခွင့်ကို လိုချင်တယ်ဆိုပြီး ကျွန်မကို တရားစွဲပါတယ်။

တရားရုံးက ဆုံးဖြတ်ချက်ကလည်း ကလေးကို တစ်ယောက်တစ်လှည့် အုပ်ထိန်းစောင့်ရှောက်ခွင့် ပေးတယ်ဆဲ့။ ဘာတွေက ဘယ်လိုတွေ ဖြစ်နေမှန်းမသိပါဘူး။ ကျွန်မတော်တော်လေးကို ဝမ်းနည်းပြီး ဒေါသထွက်ရပါတယ်လို့ Kamylla က ပြောကြားခဲ့တာဘဲဖြစ်ပါတယ်နော်။credit;MM star

Tags:

Add a Comment

Your email address will not be published. Required fields are marked *